SarPhat Author

ယနေ့ခေတ် လူနေအိမ်သုံး လျှပ်စစ်မီးအရောင်တွေမှာ
Warm White (2700K-3000 K) အရောင်ကို
ညအိပ်မီး ၊ အိပ်ခန်းသုံး မီးအရောင် အနေနဲ့ သုံးကြပါတယ်
“ညအိပ်မီး ၊အိပ်ခန်းမီး ကို အဲ့အရောင်ပဲ သုံးလို့ရတာလား?
တခြားအရောင်တွေရော သုံးလို့မရဘူးလား?
2700K တို့ 3000K တို့ ဆိုတာကရော ဘာလဲ ?”ဆိုတာလေး
ရှင်းပြပေးပါမယ်
ပထမဦးဆုံး 2700K တို့ 3000K တို့ဆိုတာ color temperature scale မှာပါတဲ့ Kelvin တန်ဘိုးကို ရည်ညွှန်းတာပါ
What is Kelvin Color Temperature ?
ကျွန်တော်တို့ မျက်လုံးနဲ့ မြင်ရတဲ့ အလင်းမှာ အရောင်တွေရှိပါတယ်
အလင်းထုတ်လွှင့်နိုင်တဲ့ အလင်းထွက် ပစ္စည်းကို
ပေးလိုက်တဲ့အပူချိန် ပေါ်မူတည်ပြီး
အလင်းမှာ အရောင်တွေ ဖြစ်ပေါ်လာပါတယ်
ဥပမာ-
Black body radiator တစ်ခု ကို 4000 K တန်ဘိုးရှိတဲ့ အပူချိိန်နဲ့ အပူပေးလိုက််မယ်ဆိုရင်
ကျွန်တော် တို့ သာမန်မျက်လုံးနဲ့ မြင်ရမယ့်
Neutral White အလင်းရောင်ကို မြင်ရမှာ ဖြစ်ပါတယ်
Kelvin color temperature ဆိုတာ အရာဝတ္ထုတစ်ခုကို အပူပေးလိုက်တဲ့ အခါ
ထွက်လာတဲ့ အလင်းရဲ့ အရောင်အသွင်အပြင် ( Color Appearance) ပေါ်မူတည်ပြီး
အပူပေးရတဲ့ Kelvin Temperature တန်ဘိုး အနည်းအများ scale တစ်ခု ဖြစ်တယ်
အဲ့ဒီ scale ကိုတော့ British လူမျိုး သင်္ချာ နဲ့ ရူပ ဗေဒ ပညာရှင် Kelvin က စမ်းသပ် သတ်မှတ်ခဲ့တာပါ
ဒါကြောင့် Kelvin Color Temperature က Physical heat မရှိတဲ့အတွက် လူတွေအပေါ် သိသိသာသာ ခံစားရစေမယ့် Physical Temperature (Celsius or Fahrenheit) မရှိဘူး
ကျတော်တို့ လူသားတွေရဲ့ မျက်လုံးက အနိမ့်ဆုံး 1800 K ကနေ အမြင့်ဆုံး 10000K ကြားမှာပဲ မြင်နိုင်ပါတယ်
တကယ်လို့ အလင်းရဲ့ color temperature က 1000K ထပ်နည်းပြီး 10,000 K ထပ်များမယ်ဆိုရင်
ဖြစ်ပေါ်လာမယ့် တချို့ အလင်းရောင်တွေကို ကျွန်တော်တို့ သာမန််မျက်လုံးနဲ့ မြင်ရမှာမဟုတ်ပါဘူး
ဥပမာ-
Red light ကို မြင်ရတယ် infrared red light ကို မမြင်ရဘူး
Infrared Red light ရဲ့ wave length (700+ nanometers) သည် ကျတော်တို့ သာမန်မျက်လုံးနဲ့ မြင်နိုင်တဲ့ wave length (700 nanometers) ထပ် ရှည်လို့ပါ
ကျွန်တော်တို့ violet light ကို မြင်ရတယ် ultra violet light ကို မမြင်ရဘူး
Ultra Violet light ရဲ့ wave length (-400 nanometers) သည် ကျတော်တို့ သာမန်မျက်လုံးနဲ့ မြင်နိုင်တဲ့ wave length (+400 nanometers) ထပ် တိုလို့ မမြင်ရတာပါ
ကျွန်တော်တို့ မျက်လုံးက အဲ့ဒီ UV light တွေကို မမြင်နိုင်ပေမယ့် ကျတော်တို့ skin မှာ effect ဖြစ်နိုင်ပါတယ်
ဒါကြောင့် ကျွန်တော်တို့ Skin အပေါ် အချိန်ကြာလာတာနဲ့အမျှ
နေပူထဲထွက်လို့ အသားမည်းတာဖြစ်တာ ၊
skin cancer ဖြစ်နိုင်ချေရှိတာ စတဲ့
effects တွေ သက်ရောက်မှာဖြစ်တယ်
(site engineer တွေအသိဆုံး ဖြစ်မှာပါ)
ဒါကြောင့် လူသုံး လျှပ်စစ်မီးအရောင်တွေ အကုန်လုံးက 1,000 K နဲ့ 10,000 K color temperature ကြားထဲမှာပဲ ရှိတာပါ
ဒီလောက်ဆို colour temperature အကြောင်း သိသွားမယ် မျှော်လင့်ပါတယ်
စာအရမ်း ရှည်သွားပြီ မလို့ ကျွန်တော် နောက်တစ်ပုဒ် ဆက်ရေးပေးပါမယ်
အဆုံးထိ ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ။
Keep Reading