Author's Profile Photo

SarPhat Author

29/06/2024

"သင့်ရဲ့ဘဝကောင်း မကောင်းက သင့်ရဲ့စိတ်သဘောထားတတ်ပုံနဲ့ပဲဆိုင်ပါတယ်"

1 min read
Life Style
"သင့်ရဲ့ဘဝကောင်း မကောင်းက သင့်ရဲ့စိတ်သဘောထားတတ်ပုံနဲ့ပဲဆိုင်ပါတယ်"'s photo

"သင့်ရဲ့ဘဝကောင်း မကောင်းက သင့်ရဲ့စိတ်သဘောထားတတ်ပုံနဲ့ပဲဆိုင်ပါတယ်"

သင့်ရဲ့နေ့ရက်တွေ၊ ဦးတည်ချက်‌တွေနဲ့ သင့်ဘဝကိုအဆုံးအဖြတ်ပေးတဲ့အရာက သင့်စိတ်သဘောထားပါပဲ။

ဘဝရဲ့ ၁၀ရာခိုင်နှုန်းက ကျွန်မတို့မှာတကယ်ဖြစ်တဲ့အရာတွေဖြစ်ပြီးတော့ ကျန်တဲ့ ၉၀ရာခိုင်နှုန်းက ကျွန်မတို့တွေရဲ့အမြင်တွေပါပဲ။

ဘဝအခြေအနေတွေကကျွန်မတို့ကို စိတ်ညစ်စေတာမဟုတ်ပါဘူး။ ကျွန်မတို့ကိုယ်တိုင်ကိုက စိတ်ညစ်ဖို့ကို ရွေးချယ်နေလို့ပါ။ စိတ်ပူပန်ဖို့ ရွေးချယ်တယ်၊ အပြစ်မြင်ဖို့ ရွေးချယ်တယ်၊ ဝေဖန်ဖို့ ရွေးချယ်တယ်၊ အတွန့်တက်ဖို့ ရွေးချယ်တယ်။ ဘယ်သူကမှမဟုတ်ဘဲ ဒါတွေက ကျွန်မတို့တွေကိုယ်တိုင်ကိုက ရွေးချယ်တာတွေပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပျော်ရွှင်ဖို့ ရွေးချယ်ကြည့်ပါ။ လွှတ်ချကြည့်ဖို့ ရွေးချယ်ကြည့်ပါ။ ကိုယ့်ကိုကိုယ်ချစ်ဖို့ ရွေးချယ်ကြည့်ပါ။ ဒီနေ့ ကိုယ့်ရဲ့စိတ်အေးချမ်းမှုကို အဆိပ်အတောက်ဖြစ်စေမယ့် လူတွေကို လွှတ်ချဖို့ ရွေးချယ်ကြည့်ပါ။ ကိုယ့်ကိုကိုယ်ခွင့်လွှတ်ကြည့်ပါ။ ကိုယ့်ရဲ့ပြစ်ချက်တွေကို လက်ခံကြည့်ပါ။ ကိုယ့်အမှားတွေကို လက်ခံကြည့်ဖို့ ရွေးချယ်ပါ။ ဒီနေ့ ပိုကောင်းတဲ့သူဖြစ်ဖို့ ရှေ့ကိုဆက်လျှောက်လှမ်းဖို့ ရွေးချယ်ပါ။ သန်မာဖို့ ရွေးချယ်ပါ။ အချိန်ကိုလက်ခံဖို့ ရွေးချယ်ကြည့်ပါ။

ဘဝကတသမတ်တည်းကြီး ဖြစ်နေမှာမဟုတ်ပါဘူး။ ကိစ္စတွေကရှုပ်ထွေးနိုင်တယ်။ ကျွန်မတို့ရဲ့လမ်းကြောင်းတွေက ထပ်ပြီး ဦးတည်ရာတွေပြောင်းလဲသွားနိုင်တယ်။ ဘဝက အနည်းငယ် ရှုပ်ထွေးနိုင်တယ် ဒါပေမဲ့ အံ့ဩစရာ၊ စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အရှုပ်အထွေးတွေထဲမှာ ဘာလုပ်ရမလဲမသိတာတောင် လှပတဲ့အခိုက်အတန့်တွေရှိသေးလို့ပါပဲ။ မေတ္တာတရားတွေ၊ ပျော်ရွှင်မှုတွေ ရှိပါသေးတယ်။ ရယ်စရာတွေ၊ အကြင်နာတရားတွေရှိပါသေးတယ်။ အရှုပ်အထွေးတွေကြောင့်သာ ကျွန်မတို့တွေအတွက် တကယ့်အရေးပါတာတွေကို မြင်နိုင်လာတာပေါ့။

သေးငယ်တဲ့အရာလေးတွေပါပဲ ဒါပေမဲ့ အဲ့ဒီအရာတွေက ဘဝမှာ အခုဘယ်လောက်ပဲ စိန်ခေါ်မှုတွေများများ ရှေ့ကိုဆက်လျှောက်ဖို့အားအင်တွေပေးတယ်။
စာဖတ်သူတွေဘဝကဘယ်လောက်ပဲလေးလံဖိစီးနေပါစေ ပျော်ရွှင်မှုနဲ့ ကျေးဇူးတရားကို အမြဲတမ်းရှာဖွေနေဖို့ ကျွန်မမျှော်လင့်တယ်။ ကျေးဇူးတင်စရာတွေဆိုတာ ဘဝမှာ တကယ်အများကြီးရယ်ပါ။

ကျေးဇူးတင်တတ်တဲ့စိတ်ထားလေးတစ်ခုရှိရင် ကျွန်မတို့တွေဟာ မကောင်းတဲ့အတွေးတွေလွမ်းမိုးမှုကို ထိန်းချုပ်နိုင်လာမယ်။ ကောင်းသောအတွေးတွေ၊ အမြင်တွေ ပိုပြီးခိုင်မာရင့်သန်လာမယ်။ ကျွန်မတို့ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေ၊ ကျွန်မတို့အကောင်းဘက်က ယုံကြည်မှုတွေနဲ့ ကျွန်မတို့ရဲ့ အခိုင်အမာ‌မျှော်လင့်ချက်တွေ ရှိနေမယ်ဆိုရင် ကျွန်မတို့ကိုယ်တိုင်အတွက်ရော ကျွန်မတို့ဘေးနားကပတ်ဝန်းကျင်အတွက်ရော ကောင်းမွန်တဲ့၊ အကောင်းမြင်တတ်တဲ့ စိတ်ထားတွေထားတတ်လာမှာပါ။

ကျွန်မတို့စိတ်ထဲမှာ ဒါတွေကိုတွေးမိနေဖို့လိုပါတယ်။

•ဘာတွေပဲဖြစ်နေဖြစ်နေ မကြာခင်အဆင်ပြေသွားမှာပါ။

•အရာရာဟာ အကောင်းဆုံးဖြစ်ဖို့အတွက်ပဲဖြစ်လာတာပါ။

•စကြာဝဠာကြီးက ကိုယ့်ရဲ့ဖန်တီးမှုတွေ အမြဲမှန်ကန်ဖို့အတွက်ပဲ ပြုလုပ်ပေးနေတယ်။

•ကိုယ်‌ပျော်ရွှင်ဖို့နဲ့ ကိုယ့်ရဲ့ ကောင်းမွန်စွာနေထိုင်နိုင်ဖို့က ကိုယ့်အပေါ်မှာပဲမူတည်တယ်။

ဆိုတော့ကား ကျွန်မတို့ရဲ့စိတ်သဘောထားတွေကကျွန်မတို့ဘဝကို ဆုံးဖြတ်ပေးတဲ့အတွက်ကြောင့် ကျွန်မတို့ကိုယ့်ဘဝကိုယ် ထိန်းကွပ်နိုင်တဲ့စွမ်းအားက အမြဲတမ်း ကျွန်မတို့မှာ ရှိနေမှာပါ။

Your Attitude Defines Your Life by Kati Pereira
Translated by Yathaw
Blog link:https://www.positivemindset.blog/mental-health/your-attitude-defines-your-life/



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်