Author's Profile Photo

SarPhat Author

29/06/2024

သတိရနေမိလို့လဲ တောင်းပန်ချင်ပါတယ်။??

1 min read
Life Style
History
သတိရနေမိလို့လဲ တောင်းပန်ချင်ပါတယ်။??'s photo

.
လွမ်းလို့ မသေနိုင်ဘူး ဆိုတာ ကို
မင်းရောငါရော
ကောင်းကောင်းကြီး နားလည်သဘောပေါက်ကြပါတယ်။??
ဒါပေမယ့်
ကိုယ်ကတော့ မင်းကို
မေ့နေခဲ့တာမျိုးတွေ မရှိသလောက်ပါပဲ။
ကိုယ်တို့ နှစ်ယောက် က ခေါင်းမာတာချင်းတူတော့
မင်းလဲ ကိုယ့်ကို သတိရနေမယ်လို့
မျှော်လင့်ရတာပါပဲ။
ဒါမဲ့လဲ
မင်းဘေးမှာ တစ်ယောက်ယောက်များရှိနေခဲ့ရင်တော့
သေချာပေါက် ပျော်နေစေချင်တယ်။
ကျန်းမာနေစေချင်ပါတယ်။?
မင်းရောကိုယ်ရော
သတိရနေတာခြင်းတွေတူညီရင်တော့....
မနေ့တစ်နေ့က အလုပ်ကိစ္စကို မမှတ်မိတော့ပေမယ့်
နှစ်ချီနေတဲ့
စကားတွေ ၊အပြုံးတွေကိုတော့
စလယ်ဆုံး မှတ်မိနေတုန်းပဲ..??
ကိုယ်က မမေ့နိုင်တာမျိုးမဟုတ်ပါဘူး။
မေ့မထားခဲ့တာမျိုးပါ။??
ဒါတွေကို သိစေချင်သေးတယ်။
သို့သော်လည်း
တခုခု မှားယွင်းနေခဲ့ရင်
သတိမရတော့ပါဘူး လို့ ညာပါ့မယ်။
ကိုယ့် မျက်လုံးက အဓိပ္ပာယ် တွေကို
မင်းတစ်ယောက် သာ သေချာနားလည်ရင်
အဆင်ပြေပါပြီ ။??
မင်းမျက်လုံးက စကားတွေကို
ကိုယ်သေချာ နားလည်ခဲ့ပါတယ်။
ဒီစာတွေ ရေးနေရင်း ရင်နာရတာတွေက
ဘာအကြောင်းရင်းများဖြစ်လောက်မလဲဟင်...။??
အတိအကျပြောရရင်
ကိုယ် မင်းကိုလွမ်းတယ်။☹?
ဒါတွေဟာ မနေ့က ကိုယ့်အလွမ်းတွေပါ ချစ်သော။?
ဒီနေ့ကိုယ်ဟာ အသိစိတ်ရှိတယ်ပဲပြောရမလား?
မင်းသာ ကိုယ့် ကိုချစ်နေသေးရင် ဆက်သွယ်မှာပေါ့။
မင်းက ကိုယ့်ကို တစ်ကယ်မချစ်ဘူးလို့ ခံစားခဲ့ရတဲ့မှတ်ဥာဏ်တွေလဲ ပြန်ပေါ်လာတယ်။
ကိုယ်ကလေ ဒါတွေကို မသိချင်ယောင်ဆောင် ထားတာပါ။
တကယ့်လက်တွေ့မှာ မင်းဟာ ကိုယ့်အနားမှာ
ဘယ်လောက်ကြာကြာရှိနေခဲ့ဖူးလို့လဲ?☹
ကိုယ့်အကြောင်းတွေကို ရော ကိုယ့်စိတ်ကို ရော မင်းသေချာသိခဲ့ဖူးလို့လား??
သိခဲ့တယ်ပဲထားပါတော့..
အခုချိန်မှာ ကိုယ်ဟာ ဆယ်ကျော်သက် မဟုတ်တော့ပါဘူး ။
တစ်ယောက် တည်းနေရတာတွေမှာ အသားကျနေပြီ။
မင်းမရှိလဲ ဖြစ်တယ်ဆိုတာမျိုးလေ။
ကိုယ် လူတွေအကြောင်းကို သိသင့်သလောက်သိနေပြီ။
ကံကြမ္မာဆိုတာမျိုး ရေစက်ဆိုတာမျိုးတွေ......
ကိုယ်တို့ လေ ထပ်မတွေ့ကြတာလဲ ကောင်းတယ်လို့ထင်တယ်နော်။
အဆင်ပြေနေကြောင်းသာကြောင်းမာကြောင်းကိုတော့
တွေ့ချင်သိချင်နေသေးတယ်။?
ဒီလောက်ပါပဲ
အဆင်ပြေအောင် ကြိုးစား ရုန်းကန်နေကြသူတွေချည်းပါပဲ။??
ဘာဆက်ဖြစ်မလဲဆိုတာတော့ မင်းနဲ့ မတွေ့ရမချင်းကိုယ် မဆုံးဖြတ်တတ်သေးပါဘူး။???
မင်းနဲ့တွေ့ခဲ့လျှင်ဆိုတဲ့ စိတ်ကူးတွေလဲ ယဥ်နေမိပါတယ်လို့ ကိုယ်ဝန်ခံပါတယ်။
ကိုယ် သတိရနေပါတယ် ။
အတိအကျ ကိုယ် မင်းကို လွမ်းတတ်ပါသေးတယ်။??
ဒါတွေကို မင်းဖတ်ဖြစ်ရင် ကိုယ့်ကိုဘယ်လိုတွေးနေမလဲ။
ဖတ်ဖြစ်ရင်လဲ ပျော်မိမှာဖြစ်သလို၊
ဒီစာတွေကြောင့် မင်းရှေ့ဆက်ရမယ့်ခရီးမှာ အနှောင့်အယှက် လဲ မဖြစ်လိုပါဘူးကွယ်။?☹

သေချာတာ တစ်ခုကတော့
ကိုယ် မင်းကို ချစ်ခဲ့ပါတယ် ။??
#29/6/2024#10:44am
#shoonthirikyaw

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)