Var Han Jar
နိုင်ငံအချင်းချင်းဖြစ်စေ၊ ပြည်အချင်းချင်းဖြစ်စေ၊ မြို့အချင်းချင်းဖြစ်စေ၊ ရွာအချင်းချင်းဖြစ်စေ၊ အိမ်အချင်းချင်းဖြစ်စေ စစ်ဖြစ်ခြင်းသာလျှင်တိုက်ပွဲမဟုတ်ပါ။ အခက်အခဲများ၊ ပြဿနာများ၊ တွေကိုတိုက်ထုတ်ခြင်းတွန်းလှန်ချင်းဟာလဲ တိုက်ပွဲတစ်ခုဘဲဖြစ်သည်။
လူတစ်ယောက်တွင် မွေးတာနဲ့တိုက်ပွဲကစတင်တော့ပါသည်။
မွေးစကလေးတွေက ဗိုက်ဆာရင် ဒါမှမဟုတ် လိုချင်တာတစ်ခုခု ရှိနေရင် သူလိုအပ်တာရဖို့ လက်နက်အဖြစ် ငိုကြွေးခြင်း၊ ဂျီချခြင်းများဖြင့် တိုက်ခိုက်ရသည်။တဖြည်းဖြည်းအရွယ်ရောက်လာ တဲ့အခါ ပညာရှာဖို့ကျောင်းသို့သွားကြရသည်။ ကျောင်းသားကျောင်းသူတိုင်းသည် စာမေးပွဲဟူသော တိုက်ပွဲကြီးကိုတိုက်ခိုက်ကြရသည်။ လက်နက်အဖြစ် ဦးနှောက်ထဲကမှတ်သားထားတဲ့ အရာများကို အချိန်တစ်ခုအတွင်းအသုံးချ တိုက်ခိုက်ရသည်။ဤသို့တိုက်နိုင်ရန်
စာတွေကိုဖတ်မှတ်သားထားပါမှ တော်ကာကြသည်။ ဆရာမ
ဖန်တီးတဲ့ ရန်သူတွေကို အသေအကြေတိုက်ရအောင် တစ်နှစ်ပတ်လုံး လက်နက်စုဆောင်းရသည်။ အကယ်၍ လက်နက်မစုံ လက်နက်စုံသော်လည်း အကျိုးရှိစွာ အသုံးမချလျှင် တိုက်ပွဲကျလိမ့်မည်မှာမလွဲဧကန်ပင်။ ဒီလိုပဲ တိုက်ပွဲမျိုးစုံကို ပုံစံအမျိုးမျိုးဖြင့်တိုက်ခိုက်ကြရင်း ဘဝအဖော် သူငယ်ချင်းတွေမိတ်ဆွေတွေရလာတတ်ကြသည်။
အသက်အရွယ် ပညာစုံသောအခါ ကိုယ်ဝါသနာပါရာ အလုပ်ကိုလုပ်ကိုင်တတ်ကြသည်။ အောင်မြင်သူသည် အောင်မြင်မှုဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်ရသည်။ ကျရှုံးသူသည်လည်း ကျရှုံမူဒဏ်ကိုကြံ့ကြံ့ခံရင်ဆိုင်ရသည်။ ဘဝတိုက်ပွဲတွင် ကူညီဖေးမ မည့်အဖော်ကောင်းအဖော်မွန် လိုအပ်လှသည်။ သူငယ်ချင်းရွေးမမှားဖို့လည်းလိုအပ်လှသည်။
"ကြယ်ဆိုသောအရာသည် လိမ္မာရေးခြားရှိပြီး ဉာဏ်အလင်းပြည့်စုံတဲ့ နေ၊လ၊ဖယောင်းတိုင်တို့နှင့် မိတ်ဆွေဖြစ်ကြသည်။ လူဆိုသောအရာသည် ပူလောင်တတ်ပြီးအသိစိတ်ကင်းမဲ့တဲ့
မောဟ၊ လောဘ၊ဒေါသတို့နှင့် မိတ်ဆွေဖြစ်ကြသည်။ ဒီလိုနဲ့ သူတို့တွေကြီးပြင်းလာကြတဲ့အခါ အပေါင်းသင်းကောင်းသောကြယ်သည် သူ့နေရာနှင့်သူ တာဝန်ယူလျက် လောကတခွင်တွင် အလင်းတစ်မှုန်နှင့် လောကအလှဆောင်ကြဥ်းနေလေသည်။ လူမှာတော့ မောဟ၊လောဘ၊ဒေါသတို့လို
စိတ်ဓာတ်နှင့် လောကမှာ ပူလောင်လျက် အကျိုးမဲ့နေသည်။ သူ့အတွက်လဲအကျိုးမရှိ၊ ပတ်ဝန်းကျင်အတွက်လည်းအကျိုးမရှိနေသူသည် နောက်ဆုံးတွင်ဘဝတိုက်ပွဲ၌ ကျရှုံးလျက် မရှုမလှသေဆုံးရလေတော့သတည်း"
ဒီပုံပြင်အတိုင်းဘဲ ဘဝတိုက်ပွဲတွင် သူငယ်ချင်း၊မိတ်ဆွေတွေ
ကြောင့် အကျိုးရှိသောအရာဖြစ်နိုင်သလို သူငယ်ချင်းမိတ်ဆွေတွေကြောင့် အကျိုးယုတ်တတ်သည်မှာ မလွဲပင်။ ဒါကြောင့် ဘဝတိုက်ပွဲကို အောင်မြင်စွာ၊ ရဲရင့်သတ္တိရှိမှုအပြည့်နှင့် နိုင်ချင်လျှင် သူငယ်ချင်းတွေကိုသေချာရွေးပါဟု တိုက်တွန်းချင်ပါသည်။
#varhanjar
Keep Reading