Author's Profile Photo

SarPhat Author

28/06/2024

အချစ် ဘာလဲ ဘယ်လဲ (6)

3 mins read
Art
အချစ် ဘာလဲ ဘယ်လဲ (6)'s photo

** အချစ် ဘာလဲ ဘယ်လဲ **


အပိုင်း(၆)


မောင်လူသစ်


အောင်လတ် တစ်ယောက် ပျောက်ချင်းမလှပျောက်နေတော့ စန်းစန်းမော် လည်း မနေတတ်တော့ဘူး။ခါတိုင်းဆို အောင်လတ်ကိုတွေ့ရသည်ဖြစ်စေ၊မတွေ့ရသည်ဖြစ်စေ ဘာခံစားချက်မှမရှိဘူး။ အခုကျတော့ ဘာကြောင့်များ အောင်လတ်ကို သတိရနေပါလိမ့်။ စန်းစန်းမော်

စဥ်းစားတယ်။ သူ့သားလေးကလည်း.အောင်လတ်ကိူ ငယ်ကတည်းကသံယောဇဥ်ရှိတော့ သတိရနေတယ်။ တကယ်တော့ အောင်လတ်ဟာ သူ့အတွက်ရော၊ သူ့သားလေးအတွက်ပါ လိုအပ်တာပါလား။.ခါတိုင်းဆို ညရေးညတာ ရပ်ကွက်ကြို ရပ်ကွက်ကြား ကြွေးတောင်းသွားရတဲ့ သူ့ကို အောင်လတ်က စက်ဘီးပေါ်တင်ပြီး

လိုက်ပို့နေကျ။ ကြေ့းသမားတွေကလည်း အောင်လတ်ပါလာရင် တောင်းရလွယ်တယ်။.အောင်လတ်ကို ရှိန်ကြတယ်။


ပြီးတော့ အောင်လတ်နဲ့သူကငယ်ငယ်ကတည်းက တပူးတွဲတွဲ နေလာကြတော့ သူတို့နှစ်ယောက်ကို ဘယ်သူကမှ ဘယ်အချိန့်အတူတူတွေ့တွေ့ ဘယ်သူကမှ အထူးအဆန်းလုပ်ပြီး ပြောမနေကြဘူး။.မြင်ရတာက ရိုးနေကြပြီ။.အောင်လတ်ဟာ.စန်းစန်းမော်ရဲ့ ငယ်ကတည်းက အဖော်ဆိုတာ တရပ်ကွက်လုံး သိကြတာပဲ။


စန်းစန်းမော်ဟာ တနေ့တော့ ကမ်းနားသစ် ဆိပ်က

အရက်ဆိုင် ကို စက်ဘီးနဲ့သွားတယ်။ အဲဒီအရကိဆိုင်က နည်းနည်းလှမ်းတယ်။ ကမ်းနားဆိုတော့ ချောင်ကျတယ်။ ရေလုပ်သားတွေ၊ သစ်ဆိပ်လုပ်သားတွေ အထိုင်များကြတယ်။.အဲဒီ အရက်ဆိုင်က စန်းစန်းမော် တို့မမွေးခင်ကတည်းက ရှိနေတဲ့ဆိုင်။.ပြီးတော့ အဲဒီ အရက်ဆိုင်မှာ မြွေသား၊ ကြောင်သား၊ ခွေးသား အစုံရတတ်တယ်။.အောင်လတ်က အဲဒီဆိုင်နဲ့ရင်းနှီးပြီး အဲဒီမှာ စတည်းချလေ့ရှိတယ်။ အခုလည်း အဲဒီဆိုင်မှာ စတေးရှေုင်နေတာပဲဖြစ်ရမယ်ဆိူပြီး စန်းစန်းမော်က လိုက်ချသွားတာ ။



ထင်တဲ့အတိုင်းပဲ အောင်လတ်ကို တွေ့ရော။.စန်းစန်းမော်ကိုလည်း မြင်ရော ရဲလာဖမ်းတာခံရတဲ့ ခိုးဆိုးနှိုက်ကောင်လို အောင်လတ် ကြောက်ဒူးတုန်နေတယ်။


" အောင်လတ် သေနာကောင် အသုဘ ၊ နင်က ဒီမှာ လာပြီး ဝရမ်းပြေးနေတာပေါ့ ဟုတ်လား။.သူတောင်းစား အစုတ်ပလုတ်ကောင်။.လာခဲ့ ၊ နင်ကိုငါ.အသေလုပ်မယ်"


စန်းစန်းမော်ဟာ အရက်ထိုင်သောက်နေတဲ့ အောင်လတ်​ကို ​ေခါင်းကဆံပင်ဆွဲပြီး ဆွဲထူလိုက်တယ်။


" အေးပါဟာ ငါ.လိုက်ပါ့မယ်ဟ၊ မသာမရဲ့ လွှတ်ပါဟ "


စန်းစန်းမော်ဟာ.အောင်လတ်အကြောင်းသိနေသူဆိုတော့ ဒီအရက်ဆိုင်မှာ ​ လေးငါးရက် အတွင်း အောင်လတ် အရက်ကြွေး၊ ထမင်းကြွေး တင်နေလောက်ပြီဆိုတာကိုသိနေတယ်။ ဒါကြောင့် ဆိုင်ရှင် ဒေါ်လုံးတင်ကိူ မေးလိုက်တယ် -


" ဒေါ်လုံးတင်ကြီး၊ ဒီ မသာကောင် အောင်လတ်၊ အကြွေးဘယ်လောက်တင်နေပြီလဲ၊ ကျမရှင်းပေးခဲ့မယ်"


" အကြွေးက ရှစ်ထောင်ရှိတယ်ဟေ့ စန်းစန်းမော်ရေ။.ခြောက်ထောင်ပဲ ပေးခဲ့တော့။.သူ ဟိုတနေ့က. ကြောင်တစ်ကောင်ရလာတော့ ကြောင်ဖိုး နှစ်ထောင်ထားပေးလိုက်တယ်။ "


စန်းစန်းမော်ပြန်ခါနီး ဆိုင်ရှင်ဒေါ်လုံးတင်က ပြောလိုက်သေးတယ် -


" စန်းစန်းမော် ရေ၊ အောင်လတ်ကို အသေမသတ်ပစ်နဲ့နော်။.ငါ့ဆိုင်မှာ.ဖောက်သည်တစ်ယောက် လျှော့သွားမှာ စိုးလို့ဟေ့ "


အရက်ဆိုင်က အပြန်မှာ အောင်လတ်က စက်ဘီးနင်းတယ်။.စန်းစန်းမော်က နောက်ကထိုင်စီးပြီး တလမ်းလုံး ဗျစ်တောက် ဗျစ်တောက်လုပ်လာတယ်။အောင်လတ်က တစ်ခွန်းမှ ပြန်မပြောဘူး။ တအောင့််ကြာတော့ အောင်လတ်က -


" အမယ်လေး မောလိုက်တာဟာ၊ နင့်ခန္တာကိုယ်ကြီး တင်ပြီးနင်းရတာကတမှောင့်၊ နားငြီးတာကတမှောင့်၊ နေပူတာကတမှောင့်၊ မောလိုက်တာဟာ။ဟိုရှေ့နားရောက်ရင် ကိုမောင်ဝင်းဆိုင်မှာ.ဘီယာလေး နှစ်ဗူးလောက်ဝယ်ရအောင်နော် "


" နင့်ပိုက်ဆံနဲ့နင်ဝယ်နော်၊ အခုနက နင့်အကြေ့း.​

ခြောက်ထောင်ဆပ်ခဲ့ပြီးပြီ။ "


" အေး အဲဒါက နင့်ဟာနင် နင့်သဘောနဲ့ဆပ်ခဲ့တာလေ၊ အခု ဒီလိုလုပ်၊ နင် ငါ့ကို ပိုက်ဆံချေးဟာ၊ ငါပြန်ဆပ်မယ်။ ငါ မောလို့ ဘီယာလေး သောက်ချင်လို့ပါ စန်းမော်ရယ် ဟောဟဲ ဟောဟဲ "


" နင့်ကို ပိုက်ဆံချေးလိုက်ရင် ပြန်မရတော့ဘူးဟဲ့သေနာကောင်ရဲ့၊နင် ဘယ်တုန်းကပြန်ပေးဖူးလို့လဲ၊ ငယ်ငယ်တုန်းက သားရေပင်ကြွေးတွေလည်း အခုချိန်ထိ ငါပြန်မရသေးဘူး "


" သြော် နင်က ချစ်တီးမ ပီပီ ရစရာရှိတာကို အခုထိ မမေ့ဘူးပေါ့၊ ငါကတော့ ဘာမှ မမှတ်မိတော့ဘူး"


" ချစ်တီးမ မို့လို့ မမေ့တာမဟုတ်ဘူးဟဲ့၊ နင်နဲ့ပတ်သက်ပြီး တစ်ခုမကျန် ငါမမေ့ဘူး။ နင် နှစ်တန်းတုန်းက အခန်းထဲမှာ ချီးတွေထွက်ကျတာလည်း.ငါမှတ်မိတယ်"


" မသာမ ၊နင်က ငါ့ကို အမြီးလှန်ချိူးတာပေါ့ ဟား ဟား ဟား "


" ကဲ ကိုမောင်ဝင်းဆိုင်ကိုရောက်ပြီ၊ ဘီယာနှစ်ဗူး ဝယ်လိုက်၊ ရော့ ပိုက်ဆံ "


" ကျေးဇူးပါ စန်းမော်ရေ ၊ နင့်ကျေးဇူးတွေ အတော်များနေပြီ၊ နင့်ကျေးဇူးတွေ ငါ ပြန်ဆပ်ရဦးမယ်ဟာ."


" ကဲ မြန်မြန်သွားဝယ်၊ နေပူတယ်၊ ကျေးဇူး နောက်မှဆပ် "


အဲဒီနေ့က အိမ်ပြန်ရောက်တော့ အောင်လတ်က အိမ်ပေါ်မတက်တော့ပဲ ချက်ချင်းပြန်မယ်လုပ်တော့ စန်းစန်းမော်က -


" ဟဲ့ကောင် မပြန်နဲ့ဦး၊ အိမ်ပေါ်ပြန်တက်၊ နင်ကိုမေးစရာရှိတယ် "


အောင်လတ်က စန်းစန်းမော်ရှေ့မှာ ငူငူကြီး ထိုင်နေတယ်။အိမ်မှာလည်း စန်းစန်းမော်အမေရော၊ စန်းစန်းမော် သားလေးရောမရှိကြဘူး။ စန်းစန်းမော်က -


" အောင်လတ် ၊ ဟိုတနေ့က နင် ငါ့ကိုချစ်တယ်ဘာညာ ပြောပြီး ငိုပြီး ထွက်ပြေးသွားတာ ဘာဖြစ်သွားတာလဲ၊နင် မူးကြောင် ရူးကြောင် လုပ်သွားတာလား၊ နင် အူကြောင်ကြောင် မလုပ်နဲ့နော်၊ နင် ဘာကို ဆိုလိုချင်တာလဲ၊ ငါ့မျက်နှာကို တည့်တည့်ကြည့်ပြီး မှန်မှန်ဖြေစမ်း အောင်လတ်."


အောင်လတ်က စန်းစန်းမော်ကို ကြည့်လိုက်တယ်။ သူ့မျက်စိထဲမှာ စန်းစန်းမော်ဟာ စစ်သူရဲကောင်းမိန်းမတစ်ယောက်လို မြင်နေရပြီး သူကတော့ စန်းစန်းမော်ရှေ့မှာ ဒူးထောက်နေရတဲ့ စစ်ရှူံးသုံ့ပန်းတစ်ယောက်လို ခံစားနေရတယ်။



" ပြောလေ အောင်လတ် ၊ ငါ စိတ်မရှည်တော့ဘူးနော်"


"အောင်လတ်ဟာ ဘီယာတစ်ဗူးကို ဖေါက်လိုက်ပြီး တဟုန်ထိုး မော့ချလိုက်တယ်။.ပြီးတော့ စိတ်ကိုတင်းလိုက်တယ်။.စန်းစန်းမော်ကို ကြည့်လိုက်ပြီး တဟုန်ထိုး ပြောချလိုက်တယ်-


" ငါ နင့်ကို ချစ်နေတာ ငယ်ငယ်ကတည်းက ဆိုတာ အခု ငါသိလိုက်ရပြီ စန်းစန်းမော်၊ ငါ အခု အသေအချာသီသွားပြီဟာ၊ နင့်ကိုငါ ရူးခါနေအောင်ချစ်တယ်။ အဲဒါ ငါ ဝန်ခံတယ်၊ အခု ငါ ရှောင်နေတာက နင့်ကို ကြောက်လို့ပါဟာ၊ "


" သေနာကောင်စုတ်၊ အခုရော ငါ့ကို ကြောက်နေတုန်းပဲလား"


" အခုလား ချစ်ကြောက်ကြီးပေါ့ဟာ ၊နင့်ကို ငါ အရမ်းချစ်တယ် စန်းမော်ရယ် "


္" အေး.နင် နဲ့ငါကြားမှာ အီစီကလီလုပ်နေစရာမလိုဘူး။.နင် ငါ့စကား နားထောင်မှာလား၊ နားမထောင်ဘူးလားပြော၊ နားမထောင်ရင် နင့်ကိုငါ.ဗျင်းမှာနော် "


" အသေသာ သတ်လိုက်ပါတော့ဟာ၊ မသေခင်တော့ ချစ်ပါရစေဦး "


" ဟယ် ကြည့်စမ်း၊ သေချင်းဆိုး၊ ဒါမျိူးကျ မြန်ချက် "


" ဟဲ ဟဲ ဟဲ နင်ကလည်း "


" သွား ကောင်စုတ် "


" သွားဘူး "


အဲဒီနေ့က လက်ကျန်ဘီယာတစ်ဗူးကို စန်းစန်းမော်က ဖေါက်သောက်ပစ်လိုက်တယ်။ ။


ဆက်လက် တင်ပြပါမည်။


မောင်လူသစ်

၂၁. ၅. ၂၀၂၄

Keep Reading

How To Train Your Dragon (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်ခင့်ထံ ပေးစာလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်