သျှင်လွန်း
မချစ်မိအောင်ကြိုးစားရင်း
ချစ်မိပြန်တော့လည်း
အသံလေးကြားရရုံနဲ့တင်
ပြည့်စုံနေပြန်တယ်
"ခင်"အဆင်ပြေပါ့မလားလို့ တွေးပူမိရင်း
ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ကြ
မေ့နေပြန်တယ်
ကော်ဖီဆို ခါးခါးမှကြိုက်တဲ့ကောင်က
"ခင့်"နှုတ်ကထွက်ကျလာတဲ့
စကားသံချိုချိုလေးတွေကိုမှ
စွဲလမ်းနေလေရဲ့
ကိုယ့်ရဲ့အချစ်အကြောင်းပြောရရင်
မင်းရဲ့အမည်နာမလေးက
အစချီရလိမ့်မယ် "ခင်"
သိပ်ချစ်ရတဲ့မိန်းကလေးမို့
ဆံနွယ်လေးတွေကအစ
ခြေချောင်းလေးက
မွှေးညှင်းနုနုလေးတွေအဆုံး
မြတ်နိုးရပါတယ် ခင်ရယ်..
ခင့်ကိုမပိုင်ဆိုင်နိုင်မှန်း
ကိုယ့်ကိုယ်ကိုယ်သတိပေးခဲ့တယ်
ဒါပေမဲ့ ချစ်မိခဲ့တယ်
ကိုယ်ဟာခင့်ရပ်ဝန်းမှာသာ
ဖူးပွင့်ချင်ရင် ပန်းကလေးပါ "ခင်"
#သျှင်လွန်း
Keep Reading