Author's Profile Photo

သျှင်လွန်း

10/06/2025

အို...လူ့ဘောင်လောက

1 min read
Poetry
Art
18 Again
အို...လူ့ဘောင်လောက's photo

ခေတ်ပျက်ထဲ
ဘွဲ့တွေ ဒီဂရီတွေကလည်း
ဈေးကြီးလာတယ်
လူလူချင်းဝေဖန်ရေးဘောင်ဘင်တွေ
ခတ်လာကြတယ်
သူ့အကြောင်း ကိုယ့်အကြောင်း
ဘယ်လောက်ကောင်းကြောင်းမှ
အစပျိုးတယ်
အဆင်ပြေရဲ့လား မေးခွန်းမှ
လခအဿပြာအကြောင်း
ဦးစွာနှုတ်ခွန်းဆက်တယ်
ရုံးလေနစ်လေ ဒုက္ခနွံမှာ
အချိန်နှင့်အမျှ အသက်ရှုကျပ်ရင်း
ဒဏ်ရာဒဏ်ချက်များပါတယ်ဆိုမှ
ဘဝနာလိုက်ရပုံများ
ဘယ်အရာက ပိုဆေးဖက်ဝင်မှန်းမသိ
မမြဲခြင်းသဘောတရားရှိနေပါလျက်
ဒီဒုက္ခတွေကြမှ မြဲမြန်လို့
လောကဓံရဲ့ မကြင်နာမှုအယူဝါကြား
သေရမလို ရှင်ရမလို။
#သျှင်လွန်း

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပBook Review