Author's Profile Photo

Gamone

7/06/2025

ခင်ခင်ပျို့ထံပါး

1 min read
Poetry
Art
ခင်ခင်ပျို့ထံပါး's photo


ကိုယ်တို့တွေ ဘယ်ဘူတာမှာများ

လွဲခဲ့သလဲ

သေချာတာကတော့ ဘယ်ရထားပဲစိုက်စိုက် ကိုယ်ဟာခင်ခင်ပျိုကိုပဲ အမြတ်တနိုး မျှော်နေခဲ့တာ။


လမ်းချင်းတူလို့ တူချင်းတွေ့ကြရအောင်လည်း

ခင်ခင်ပျိုဟာ ကိုယ်နဲ့မဆုံနိုင်မဲ့လမ်းကို

သူကိုယ်တိုင် တကူးတက လျှောက်သွားခဲ့တာ။


ကိုယ်ဇွဲမလျော့ပါဘူး ခင်ခင်ပျို

ဇနကမင်းသားလို ခုနှစ်ရက်ခုနှစ်လီ

မနားတမ်း လက်ပြစ်မကူးနိုင်ချင်နေမယ်

ကိုယ်ဟာ ခင်ခင်ပျိုကို ခုနှစ်ရက်ခုနှစ်လီ

နားရက်မရှိစတမ်း အမှတ်တရရှိနေခဲ့တာ။


အမှတ်ရစရာတွေလို့ဆိုရင်

အတူတူဘက်စ်ကား တိုးစီးခဲ့တဲ့အချိန်တွေလား

အတူတူ စျေးသွားဝယ်ခဲ့တာတွေလား

နောက်ပြီး တစ်ယောက်မျက်နှာ

တစ်ယောက် တစိမ့်စိမ့်ကြည့်ရင်း

ရယ်မောခဲ့တာလား

သေချာတာကတော့ ခင်ခင်ပျိုကို

ကိုယ်မမေ့နိုင်ခဲ့ပါဘူး။


ပန်းခင်းတဲ့လမ်းဖြစ်ဖြစ်

ဆူးအပြည့်နဲ့ လမ်းပဲဖြစ်ဖြစ်

ခင်ခင်ပျိုဆီ ရောက်နိုင်မဲ့လမ်းသာဆို

ကိုယ်ဟာ တတ်စုံရွက်ကုန်လွှင့်ပြီး

အရောက်လာချင်တဲ့လူပါ။


မိုးဦးမှာ မမောပန်းစတမ်း

ရွာချနေတဲ့ မိုးစက်တွေကိုပဲ

အကူအညီတောင်းရမလား

မင်းသိပ်ချစ်တဲ့ ကြောင်လေးတွေကိုပဲ

ကူညီဖို့ တောင်းဆိုရမလား

မာနတွေဘေးချပြီး သာဝန်ခံရရင်

ကိုယ်ဟာ ခင်ခင်ပျိုကိုပြန်လာစေချင်မိပါတယ်။


ခင်ခင်ပျိုရဲ့ ခြေဖဝါးနုနုလေးတွေ

သွေးခြေမဥရစေဖို့

​ကိုယ့်ရဲ့ မာနတွေကို တရဲတဝံ့

ချခင်းပေးခဲ့ပါတယ်

ခင်ခင်ပျို စိတ်ရှိမယ်ဆို

ကိုယ့်ဘဝတစ်ခုလုံးကိုပါ

နောင်တမရစတမ်း ချခင်းပေးပါ့မယ်။


စံကားပန်းနုနုလေးတွေကို တိုင်တည်ပါတယ်

စံပယ်ရောင်ယုဇနလေးတွေကို

တိုင်တည်ပါတယ်

အသက်တမျှသော ခင်ခင်ပျိုကို

ကိုယ်ဟာနှလုံးသားနဲ့ ရင်းပြီးချစ်ခဲ့ကြောင်း

နောက်ပြီး ချစ်နေဆဲသာ​ဖြစ်ကြောင်း။


ပြန်လာစေချင်ကြောင်းတွေကို

တခုတ်တရပြောနေမိတိုင်းသာ

ဆန္ဒပြည့်ခွင့်ရမယ်ဆိုရင်

ခင်ခင်ပျိူရဲ့ ခြေအစုံကို

ဦးခိုက်ပြီး သိပ်ချစ်တဲ့အကြောင်းလေးတွေ

တစ်ဖန်ထပ်၍ ပြောပြချင်ပါသေးတယ်။


-gamone

Keep Reading

မျှော်လင့်ချက်နန်းကျဘုရင်မေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းအကြည်ဓာတ်နေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများလက်တွေ့(action)ချစ်ခြင်းသည်ကား ချိုမြိန်ခြင်းပေလား