Author's Profile Photo

Lwin

27/05/2025

Book Review

1 min read
Book Review
Poetry
Novel
Book Review's photo

သုည-မင်းခိုက်စိုးစန်

'ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင်ကျနေတယ်...။
အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
အမှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှမပြောင်းလဲသွားပါဘူး။

လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ်။
ကိုယ်က မကောင်းမှုပြုကြတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်းအမှောင်ကို ထွန်းညှိနေတာပါ။'

ဆရာမင်းခိုက်စိုးစန်ရဲ့ 'သုည' ဆိုတဲ့ စာအုပ်ကို သူငယ်ချင်းတစ်ယောက်ရဲ့ ညွှန်းဆိုမှုကြောင့် ဖတ်ဖြစ်ခဲ့တယ်။ စိတ်ခံစားမှုဘက်သွားတဲ့ စာအုပ်မျိုးဆိုတာထက် အတွေးအခေါ်ပိုင်းပိုသွားတဲ့ စာအုပ်မျိုးဖြစ်တာတွေ့ရတယ်။ ဇာတ်ကောင်တွေရဲ့ အတွေးအမြင် တွေကိုရေးဖွဲ့ထားတာတွေက ကျွန်မအတွက်တော့ တွေးစရာလိုဖြစ်နေပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ်ကိုတော့ အရမ်းမကြိုက်မိပေမယ့် အရေးအသား၊အတွေးအခေါ်ကိုတော့ သဘောကျမိပါတယ်။

ဇာတ်လမ်းကို ရင်ထဲစွဲကျန်တဲ့အထိ ဖတ်တတ်ကြတဲ့သူတွေအတွက်တော့ ပုံမှန်စာအုပ်တစ်အုပ်သာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ အတွေးအမြင်တွေကတော့ ရင်ထဲစွဲကျန်နေမယ်ဆိုတာတော့ ပြောရဲပါတယ်။

Note ဤစာအုပ်သည် ဟာသများလည်းထည့်ထားပါသည်။ ရယ်ရ၊ တွေးရတာကို နှစ်သက်သူများအဖို့ ဖတ်ရှုဖို့ရန် ပိုပြီးသင့်တော်ပါသည်။

P.S စာအုပ်ဖတ်ပြီး ရယ်နေမိလို့ အိမ်ကလူတွေ ဝိုင်းကြည့်တာပါခံရသော ကျွန်မ😑

#သုည
#မင်းခိုက်စိုးစန်
#Lwin
#Review

Keep Reading

တဇောက်ကန်းသမားဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ခြောက် (၁-၁၀) ရှန်ဂရီလာ