Author's Profile Photo

Tapathi (တပသီ)

15/06/2025

"ခြေလှမ်းတိုင်းရဲ့ ပဲ့ကိုင်ရှင်ဖေဖေ"

1 min read
Life Style
Personal Development
Poetry
"ခြေလှမ်းတိုင်းရဲ့ ပဲ့ကိုင်ရှင်ဖေဖေ"'s photo



စကားတစ်ခွန်း
စာတစ်လုံးသာ
ရေးတတ်စဉ်ကတည်းက
ချီးမွမ်းမြှောက်စားခဲ့တာ ဖေဖေ။

ယုံကြည်မှု
နားလည်မှု
ပျော်ရွှင်မှု‌တွေပေးတဲ့
အရာရာတိုင်းဟာ ဖေဖေ။

ခွန်အားတွေပေး
မေတ္တာ‌ထွေးလို့
နွေးထွေးထာဝရ
မရှိမဖြစ်ဟာ ဖေဖေ။

အမည်နာမ
သူပေးသော်ငြား
မခေါ်ရက်‌ပေ
အမြတ်တနိုး သမီးလေးရေ
ခေါ်ခဲ့တာ ဖေဖေ။

ဟာသတွေနှော
ရီ‌မောစေကာ
စိတ်အမောတွေ
ပြေပျောက်စေတာ ဖေဖေ။

ချူချာဖျားနာ
နာကျင်ရတော့
ငိုငြီးသံတွေ
မကြားဝံ့တာ ဖေဖေ။

တက်လမ်းအစ
ကြောက်စိတ်ခြယ်လှယ်
ရှုံးပွဲတွေကြား
ပြန်ထစေခဲ့တာလည်း ဖေဖေ။

ဖေဖေပျိုးခဲ့တဲ့ ပန်းတစ်ပွင့်ဟာ
ဖေဖေ့မေတ္တာနဲ့ လှပဆဲ
ဖေဖေ့သွေးနဲ့ ရှင်သန်ဆဲ
ဖေဖေ့ခွန်းအားနဲ့ ပွင့်လန်းဆဲ။

#Tapathi

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)