Author's Profile Photo

SarPhat Author

28/06/2024

"ယဥ်ကျေးလှပါတယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းကို လူတွေကပဲ ဝါးမြိုသွားလိမ့်မယ်" _____________________________

1 min read
Life Style
Culture
18 Again
"ယဥ်ကျေးလှပါတယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းကို လူတွေကပဲ ဝါးမြိုသွားလိမ့်မယ်"
_____________________________'s photo

"ယဥ်ကျေးလှပါတယ်ဆိုတဲ့ လူ့အသိုင်းအဝိုင်းကို လူတွေကပဲ ဝါးမြိုသွားလိမ့်မယ်"
_________________________________________

လူ့ပတ်ဝန်းကျင်မှာ လူတွေကပဲ ချမှတ်ထားတဲ့ စည်းမျဥ်းတွေ စံနှုန်းတွေဆိုတာ ရှိတယ် ၊ ဒါပေမယ့် တကယ်ကောင်းမွန်တဲ့ အရာတွေလားဆိုတော့ ကောင်းမွန်တယ်လို့ ပြောလို့ရသလို ကောင်းချင်ယောင်ဆောင်တယ်လို့ ပြောရင်လည်းရတယ်၊ အသုံးဝင်တဲ့ စံနှုန်းဆိုတာထက် ကြားကောင်းအောင် လုပ်ယူထားတဲ့ အတုအယောင် စည်းမျဥ်းတွေက ပိုပြီးများတယ် ဖောသောနေတယ်


လူတွေကြားထဲမှာ ဒီလိုမလုပ်ရဘူး ဒါက အရမ်းရိုင်းပြတဲ့အရာ၊ ဒီလိုမပြောရဘူး ဒါက မယဥ်ကျေးရာကျတယ် စတဲ့စတဲ့ Boundary တွေ၊ ကန့်သတ်ချက်တွေ၊ စံနှုန်းထားတွေနဲ့ ပတ်ဝန်းကျင်ရဲ့အထင်အမြင်တွေကို အထူးဂရုပြု အလေးထားတဲ့ ယဥ်ကျေးလှတဲ့ လူ့အဖွဲ့အစည်းကြီးပေါ့၊ ဥပမာ​ပြရရင် - အာသာဖြေခြင်းကို မကောင်းတဲ့ ရွံစရာအပြုအမူတစ်ခုလိုမျိုး သတ်မှတ်ကြတယ် ဒီအကြောင်းကို အပြင်ဘက် စကားဝိုင်းတွေမှာပြောရင် ရိုင်းတယ်ယဥ်ကျေးမှုမရှိဘူး ရှက်စရာကြီး ဘာညာပေါ့ ဒါပေမယ့် ကွယ်ရာမှာကျတော့ မရှက်မရွံနဲ့ အဲ့လိုပြောတဲ့ သူတွေကိုယ်တိုင်ကိုက ပြုမူနေကြတယ်၊ အဲ့ဒီလိုမျိုး အပေါ်ယံဟန်ဆောင်မှုတွေနဲ့ လုပ်ခွင့်မပြုထားတာကို လုပ်နေကြတာက အခုလို ပွင့်လင်းမြင်သာတဲ့ခေတ်မှာတောင်မှ မနည်းမနော၊ ယဥ်ကျေးတဲ့ လူ့ဘောင်အဖွဲ့အစည်းအတွက်ဆိုပြီး သူတို့ကိုယ်တိုင်သတ်မှတ်တဲ့ စည်းကမ်းတွေကို အမှန်တကယ်မလိုက်နာနိုင်ကြဘဲ အပေါ်ယံသာသာ ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ အသက်ရှင်နေကြတယ်


Open Minded ဖြစ်လွန်းပါတယ်ဆိုတဲ့ အမေရိကလို နေရာမှာတောင်မှ ဒီလိုကိစ္စမျိုးတွေက ရှိနေတုန်းပဲ၊ ကောင်းမွန်တဲ့ Civilization တစ်ခုမှာ ဒါတွေကတော့ ရှိသင့်တယ်၊ ဒါတွေကတော့ မဖြစ်သင့်ဘူး ဆိုပြီး ကန့်သတ်ချက်ဘောင်တွေနဲ့ ဟန်ဆောင်ချုပ်တည်းထားတာဟာ ဖင်မနိုင်ပဲ ပဲကြီးဟင်းစားနေသလို ဖြစ်မနေဘူးလား


ဒီလိုပတ်ဝန်းကျင်မျိုးမှာ ဒီလိုပုံစံခွက်တွေကနေ ရုံးထွက်နိုင်ဖို့လိုပါတယ် အသုံးမကျတဲ့ အရေးမပါတဲ့ ပုံစံခွက်တွေပေါ့ ဒီလိုပြောလို့ ကျနော်က လူကြားထဲမှာ ယဥ်ကျေးအောင်ပြုမူနေထိုင်တာကို အပြစ်ပြောချင်တာ မဟုတ်ဘူး လူကြားထဲမှာ ယဥ်ကျေးတဲ့အပြုအမူတွေ ပြုမူတာဟာ ကောင်းမွန်တဲ့ အလုပ်ပါ ဒါပေမယ့် ဟန်ဆောင်ပြီး ကောင်းမွန်ပြတာတွေတော့ မပါဘူး။


ပတ်ဝန်းကျင်မှာ မှားယွင်းနေတဲ့ အရာတွေကို သူများလက်ခံတိုင်း ကိုယ့်အတွေးအခေါ် ခံယူချက်မပါဘဲ လျှောက်လက်ခံ၊ လူတိုင်းကြိုက်တော့ လိုက်ကြိုက် ကိုယ့်အကြိုက်၊ ကိုယ့်ဖြစ်တည်မှု၊ ရပ်တည်မှုတွေက ဘာမှန်းမသိ မရယ်ရတဲ့ဟာသတွေကို အတင်းလုပ်ပြီးရယ် (ရယ်စရာကို ရှာဖွေတွေးတတ်တာ အကောင်းမြင်တာကို ဆိုလိုခြင်းမဟုတ်၊ ပြဿနာကို ရှောင်ပြေးပြီး ကိုယ့်ကိုကိုယ်လိမ်တာကို ဆိုလို)  ပြီးတော့ ဒါက ကောင်းမွန်တဲ့ အပြုအမူတွေဆိုပြီး ခေါင်းစဥ်တပ်လိုက်ရော ကြာလာတော့ လူအများကောင်းမွန်လှပါတယ် ယဥ်ကျေးပါတယ်ဆိုပြီး သတ်မှတ်ထားတဲ့အရာတွေက အဲ့ဒီ့အရာကိုဖန်တီးတဲ့ လူတွေကိုပဲ ပြန်ပြီး ဒုက္ခပေးတော့တာပဲ၊ ကိုယ့်ရှူးကိုယ်ပြန်ပတ်။


ဒါတွေဒါတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေကျအရာတွေပဲ ဒါပေမယ့် ကျနော်တို့ ခင်ဗျားတို့အနေနဲ့ အဲ့တာကို ကျော်လွှားနိုင်ဖို့ လိုတယ်ပတ်ဝန်းကျင်က ပုံသွင်းတာကို မခံဘဲ အဲ့ပုံစံတွေထဲကနေ ရုံးထွက်ဖို့လည်းလိုတယ်


ငါက သူ့ဆိုရင်ကြောက်တာ၊ သူနဲ့ဆိုရင် အဆင်မပြေပါဘူး၊ သူ့ရှေ့ဆို အဲ့လိုပဲ လွဲသွားတာ၊ ငါက လူတွေကြားဆို ဒီလိုပဲ နေတတ်တာ စတဲ့စတဲ့ ကိုယ့်ကိုကိုယ်  ပုံစံတွေ ပြန်သွင်းနေတာ ကနေလည်း ရုံးထွက်ဖို့လိုတယ် အဲ့လို လူမှုပေါင်းသင်းဆက်ဆံရေးကနေ တစ်ယောက်ချင်းစီ ပြောင်းလဲရုံးထွက်နိုင်မှုတွေကနေ တစ်ဆင့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင် နဲ့ Civilization တစ်ခုကို ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးလာနိုင်ပါလိမ့်မယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)