Author's Profile Photo

Leo(Nann)❤️

28/06/2024

ဂရုမစိုက်ခြင်းသီအိုရီ

1 min read
Life Style
Personal Development
18 Again
ဂရုမစိုက်ခြင်းသီအိုရီ's photo

ဘာလုပ်ဖို့လဲ?
ဘာလို့သူတစ်ပါးအမြင်တွေကိုဂရုစိုက်နေမလဲ။
ကိုယ်ကမှန်နေတယ်မလား။
လုပ်သာလုပ်။
ဘာမှဂရုစိုက်နေဖို့မလိုဘူး။

လူတိုင်းက ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့မွေးဖွားလာတာဖြစ်တယ်။
သူများ ကဲ့ရဲ့ပြစ်တင်တာကို
လိုက်ခံစားနေဖို့မဟုတ်ဘူး။

(No one is perfect.)
ဘယ်သူကမှပြီးပြည့်စုံမနေဘူး။
ဒါဆိုဘာကြောင့်ဝေဖန်သံတွေကိုအာရုံစိုက်နေမလဲ။
ကိုယ်မှန်နေရင်ပြီးပြီပေါ့။ဟုတ်တယ်မလား။
ဘာမှမလိုဘူး။
လူဖြစ်လာရင်လောကဓံဆိုတာကြုံရမြဲဘဲ။
အခက်အခဲနဲ့ တိုက်ခိုက်မှုဆိုတာရှိမြဲဘဲ။
မင်းအမြင့်ကိုရောက်လေလေ လေတိုက်ခံရလေလေဘဲဖြစ်မှာမို့
ကြံ့ကြံ့ခံပြီး ရပ်တည်ပြလိုက်စမ်းပါ။

ကဲ့ရဲ့တဲ့သူတွေကကြာရင်သူ့ဘာသာမောသွားကြလိမ့်မယ်။ကိုယ်လက်ခံထားတဲ့ခံယူချက်နဲ့လုပ်ဆောင်ချက်ကသာ မှန်နေဖို့အရေးကြီးတယ်။

မင်းကိုတစ်စုံတစ်ယောက်ကများblameလာခဲ့ရင် ဝမ်းမနည်းနဲ့၊စိတ်မညစ်နဲ့။
ဂုဏ်ယူလိုက်။
ခွေးဟောင်လို့ လမင်းကြီးကဘာမှဖြစ်မသွားဘူး။
ဟောင်တဲ့ခွေးဘဲမောသေသွားလိမ့်မယ်။
ကြားဖူးကြပါလိမ့်မယ်။
ပတ္တမြားဂူကို ဝက်တွေကညွန်လူးပြီး
ပွတ်တိုက်ကြတဲ့အကြောင်းလေး။
တကယ်က ပတ္တမြားရဲ့အရောင်ကို
မှိန်သွားစေချင်လို့။
သို့ပေမဲ့ ပတ္တမြားရဲ့အရောင်ဟာပိုပြီးတောင်တောက်ပလာတာ။
မင်းဆီကိုဦးတည်လာတဲ့တိုက်ခိုက်မှုတွေက
မင်းကိုအမြင့်တင်ပေးမဲ့ တံတားတစ်စင်းသာဖြစ်တယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံပြီး
ကြိုးစားနေဖို့ဘဲလိုတာ။
မင်းသာကြိုးစားနေရင်၊မင်းမှာသာစစ်မှန်တဲ့အရည်အချင်းရှိနေရင်
ဘယ်သူ့ကိုဂရုစိုက်နေဖို့လိုမလဲ။

ဂရုမစိုက်ခြင်း အနုပညာကို သရဖူဆောင်းထားလိုက်။
ဒီနေ့ခေတ်မှာ အောင်မြင်နေတဲ့သူတွေကို
ကြည့်လိုက်၊
တစ်ချိန်က ဘောင်မဝင်ခဲ့တဲ့သူတွေဖြစ်တယ်၊အကဲ့ရဲ့ခံခဲ့ရသူတွေဖြစ်တယ်။ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး
အဲဗတ် အိုင်းစတိုင်းဟာဆိုရင်
ငယ်စဥ်က စကားအလွန်နည်းတာကြောင့်
ဆရာမများက ဉာဏ်ရည်တုံးသောကလေးလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
သူအောင်မြင်လာတဲ့အခါမှာတော့ သူ့ဉာဏ်ကို
ဘယ်သူလိုက်မီခဲ့သလဲ။
ဒါကသူတစ်ပါးရဲ့အမြင်တွေက
အရေးမကြီးဘူးဆိုတဲ့ လက်တွေ့သက်သေဘဲဖြစ်တယ်။
သူသာ အဲ့ဒီဆရာမတွေရဲ့စကားကို
နားထောင်ပြီးဂရုစိုက်နေခဲ့ရင်
ဒီနေ့ခေတ်ရဲ့ နာမည်ကြီး သိပ္ပံပညာရှင် အိုင်းစတိုင်းဆိုတာလည်းရှိလာမှာ
မဟုတ်ပါဘူး။
Iron man သရုပ်ဆောင် ရောဘတ်ဟာဆိုရင်လည်း ငယ်စဥ်ကတည်းကအဆိုးဆုံးဆိုတဲ့အရာတွေနဲ့သာကြုံခဲ့ရပြီး ထောင်ကျခဲ့ဖူးသူပင်ဖြစ်တယ်။
ပတ်ဝန်းကျင်ရဲ့ဝေဖန်သံကို ဂရုမစိုက်ဘဲ
ပြန်ကြိုးစားခဲ့ရာက တို့တစ်တွေသိတဲ့ကမ္ဘာကျော် သရုပ်ဆောင်ကြီးတစ်ဦးဖြစ်လာခဲ့တာပါ။
ပြဿနာတွေ၊အကျပ်အတည်းတွေ၊အခက်အခဲတွေကို မကျော်ဖြတ်ရဘဲ
အမြင့်ရောက်ရရိုး ထုံးစံဆိုတာမရှိပါဘူး။

မင်းအောင်မြင်ချင်ရင်
စိတ်ဓာတ်ခိုင်မာရမယ်။အဝေဖန်ခံနိုင်ရမယ်။
ရိုက်ခတ်မှုဒဏ်ကိုကြံ့ကြံ့ခံနိုင်ရမယ်။

နောက်ဆုံးပြောချင်တာက
ဘယ်သူ့ကိုဂရုမစိုက်မနေပါနဲ့။
ကိုယ့်ဘဝကိုယ်ဦးဆောင်ပါ။
ဂရုမစိုက်တာနဲ့ တစွတ်ထိုးလုပ်တာမတူပါဘူး။
ဂရုမစိုက်ဘူးဆိုတာက
အများဝေဖန်တာကိုလက်ခံပြီး
ကိုယ်အတွက်မှန်တယ်ထင်ရင်နောက်မဆုတ်တာပါ။
တစွတ်ထိုးလုပ်တာမှာကျ စည်းမရှိတော့ပါဘူး။
ငါမှားမှားမှန်မှန် ၊ငါ့အတွေး၊ငါ့အမြင်မှအမှန်ဆိုပြီးယူဆတာပါ။
ဒါကိုကွဲကွဲပြားပြားသိဖို့လည်းလိုပါတယ်။

ငါလုပ်တဲ့အရာကို ပတ်ဝန်းကျင်ကဘယ်လိုမြင်မလဲ။
ဘယ်လိုလေသံမျိုးထွက်လာမလဲ။
ငါ့ကိုများ ကဲ့ရဲ့ကြလေမလား။
ငါ့အရည်အချင်းကိုများအထင်သေးကြလေမလား။
ငါအောင်မြင်ပါ့မလား။
ဒီမေးခွန်းတွေကိုသိပ်မတွေးပါနဲ့။

မင်းမှာသာ ခိုင်မာတဲ့ယုံကြည်ချက်ရှိနေသရွေ့
မင်းမကျရှုံးသွားပါဘူး။
နှလုံးသားကလာတဲ့စကားသံကိုနားထောင်ပါ။ပြီးရင် အကောင်အထည်ဖော်ပါ။
ပမွှားလေးတွေကိုဂရုမစိုက်ပါနဲ့။

#Leo

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)