SarPhat Author
ကတိတစ်ခုရဲ့တန်ဖိုး
အရမ်းအေးတဲ့ ညတစ်ညမှာ ဘုရင်ကြီးတစ်ပါးက သူရဲ့နန်းတော်ကို ပြန်လာတဲ့အချိန်မှာ အဝတ်ပါးပါးဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဘိုးအို တစ်ယောက်ကိုတွေ့တယ်။
အဲ့အချိန် ဘုရင်ကြီးက အဘ်ုးအိုဆီကပ်ပြီး
"အဘ အအေးဒဏ် မခံရဘူးလား။မအေးဘူးလား။"
"ဘုရင်ကြီး အရမ်းပေးပေမဲ့လည်း ဝတ်စရာအနွေးထည် ကျုပ်မှာမရှိဘူး။ဒါကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေရုံမှ တစ်ပါး ကျန်တာမရှိဘူး။"
ဘုရင်ကြီးက
"ကဲကောင်းပြီ ကျွန်တော် အခုနန်းတော်ထဲသွားပြီး အစေခံတစ်ယောက်ကို အဘိုးအတွက် အနွေးထည် တစ်ထည်ပေးဖို့ လွှတ်လိုက်မယ်။"
အဘိုးအိုကလည်း ဘုရင်ကြီးစကားကြားပြီး ဝမ်းသာသွားတယ်။ဒါပေမဲ့လည်း ဘုရင်ကနန်းတော်ထဲကို ရောက်တာနဲ့ သူ့ရဲ့ကတိစကားကို မေ့သွားတယ်။မနက်လင်းတော့ ကင်းသမားအဖိုးအိုသေဆုံးနေတာတယ်။သူ့ရဲ့အနားမှာလည်း တုန်ရီနေတဲ့ လက်နဲ့ရေးထားတဲ့ စာတစ်စောင်ထားခဲ့တယ်။စာထဲမှာ
ကျွန်ုပ်နေ့စဉ်နေ့တိုင်းအအေးဒဏ်ခံရင်း ကျော်ဖြတ်ခဲ့ပါတယ်။သို့သော် ဘုရင်းကြီးက ကျွန်ုပ်ကို အနွေးထည်ပေးမယ်ဆိုပြီး ပြောခဲ့တဲ့ကတိကြောင့် ကျွန်ုပ်ရဲ့အပေးဒဏ်ခံနိုင်မှု ရုတ်သိမ်း၍ နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်။
ထိုအတိုင်းရေးသားထားတယ်။
ဒီပုံပြင်လေးဟာဆိုရင် ကတိတစ်ခုရဲ့တန်ဖိုးကိုဖော်ပြထားတယ်။ကိုယ်က အလွယ်တကူ ကတိပေးပြီး ထိုကတိကို မဆောင်ရွက်ခဲ့တာကြောင့် တစ်ပါးသူရဲ့ ဘဝဆုံးရှုံးသွားရတယ်။တစ်ပါးသူရဲ့ ဘဝကို ထိခိုက်စေတယ်။ဒါကြောင့် လွယ်လွယ်ကူကူ ကတိမပေးမိစေပါနဲ့။ကိုယ်ကပေးရင်လည်း ကိုယ့်ရဲ့ကတိကို တည်အောင်လုပ်ရမယ်။
နောက်ပြီး အဘိုးအိုလိုမျိုးမဖြစ်စေပါနဲ့။အဘိုးအိုဟာလည်း အစွမ်း
ကုန် ယုံကြည်ပြီး မျှော်လင့်ချက်ထားလိုက်တာကိုး။သူသာ အဆိုးဘက်ကပါတွေးခဲ့ရင် ဒီလိုဖြစ်စရာအကြောင်းမရှိ။ဒါကြောင့် အကောင်းရော၊အဆိုးပါ တွေးရမယ်။အစွမ်းကုန် မျှော်လင့် မယုံကြည်လိုက်ပါနဲ့။မဖြစ်လာခဲ့ရင် မိမိသာ ထိခိုက်နာကျင်ရမှာပါ။
ဖတ်ပေးသူအပေါင်းကို ကျေးဇူးတင်ပါတယ်။အမှားပါရင် ခွင့်လွှတ်ပါ။
Keep Reading