Author's Profile Photo

Content by Di

28/06/2024

‌ဆိုးတာပြီးရင်...ကောင်းတာလာမယ်

1 min read
Life Style
General Knowledge
18 Again
‌ဆိုးတာပြီးရင်...ကောင်းတာလာမယ်'s photo

ဒီစာကို ဖတ်‌တော့မယ်ဆိုရင် ... ပထမဆုံးအနေနဲ့ စာဖတ်သူရဲ့ဘဝကိုအချိန်လေးခဏပေးပြီး #self-reflect လုပ်စေချင်ပါတယ်။

? ဘာတွေကို Reflect လုပ်စေချင်လဲဆိုတော့....

?စာဖတ်သူရဲ့ဘ၀မှာ ကြုံတွေ့လာရတဲ့ အဖြစ်အပျက်လေးတွေကို reflect လုပ်ကြည့်စေချင်ပါတယ်။
reflect လုပ်ပြီးရင်တော့ ဒီစာလေးကို ဆက်ဖတ်လို့ရပါပြီ?

? ကျွန်တော်တို့ရဲ့ဘဝမှာ ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေကို သတိလေးထားပြီးကြည့်မယ်ဆိုရင်...

?ကောင်းတာတွေပဲမဟုတ်ဘဲ ဆိုးတာတွေပါ ဖြစ်ခဲ့တာကို တွေ့ရပါလိမ့်မယ်။

✨ ကောင်းတာတွေလာပြီးရင် ဆိုးတာတွေလာမယ်။
✨ ဆိုးတာတွေလာပြီးရင်လည်း ကောင်းတာတွေပြန်လာမယ်။
✨ အဲဒါက လောကကြီးရဲ့ duality သဘောတရားပဲဖြစ်ပါတယ်။

? Duality ဆိုတာ ....

✨ အလင်းရှိရင်အ‌မှောင်ရှိမယ်၊
✨ အဆိုးရှိရင်အကောင်းရှိမယ်၊
✨ အမှားရှိရင်အမှန်ရှိမယ်၊
✨ အမဲရှိရင်အဖြူရှိမယ် ...ဒီလိုသဘောတရားတွေကို ဖော်ပြနေတဲ့ သဘာဝအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။

?Duality သဘောတရားကို မှန်ကန်စွာနှလုံးသွင်းလက်ခံတတ်သူဟာ...

?အဆိုးတွေနဲ့ ကြုံတွေ့တဲ့အခါ ...
(ဘာလို့ငါကျမှ ဆိုးတာတွေဖြစ်နေလဲ ၊ ကောင်းတာတွေက ဘာလို့ဖြစ်မလာသေးတာလဲ) လို့ ညည်းတွားမနေတော့ဘဲ

(ငါအခု ဆိုးတာတွေကြုံနေရတာက... အဆိုးတွေကနေ Lesson ယူဖို့ ၊ ပြုပြင်သင့်တာကိုပြုပြင်ဖို့ ) သတိပေးနေတာကို နှလုံးသွင်းဆင်ခြင်တတ်လာပါလိမ့်မယ်။ )

?ကောင်းတာတွေဖြစ်လာတဲ့အခါ မှာလည်း မှန်ကန်စွာကျေးဇူးတင်လက်ခံတတ်ဖို့လိုပါတယ်။

ကျေးဇူးတင်စွာလက်ခံတတ်ခြင်းဟာ... နောက်ထပ်ကျေးဇူးတင်ဖို့ကောင်းတဲ့ အရာလေးတွေကို ကိုယ့်ရဲ့ဘဝထဲ ဆွဲခေါ်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။

? ဒီ‌တော့ စာဖတ်သူရဲ့ဘဝမှာ (ကောင်းတာပဲဖြစ်ဖြစ် ၊ ဆိုးတာပဲဖြစ်ဖြစ်)ဘာပဲကြုံလာကြုံလာ(Duality) သဘောတရားကို မှန်ကန်စွာနှလုံးသွင်းဆင်ခြင်တတ်မယ်ဆိုရင်...

? စာဖတ်သူရဲ့ ဘဝဟာ ပိုပြီးငြိမ်းအေးလာပြီး သက်တောင့်သက်သာနဲ့ အဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။

ဒီ #Content လေးဟာ စာဖတ်သူတွေအတွက် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။

#မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။
#content_by_di
#foryouシ
#healing
#duality

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးချိုသာစွာပြောဆိုဆက်ဆံပါဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း