ယဥ်သီရိလှိုင်(ဆောင်း)
"ကျွန်မက အဲ့လောက်တောင်တုံးတဲ့ပုံပေါက်နေလို့လား ယောက်ျားတယောက်ကိုယ့်ကိုစိတ်ဝင်စားနေတာမသိရအောင်ကျွန်မအဲ့လောက်မတုံးဘူး ဒါကြောင့်ကျွန်မနောက်ကဆက်လိုက်မလာပါနဲ့ ဒေါ်လေးတို့မျက်နှာတွေရှိနေလို့ မဟုတ်ရင်ရှင်မလွယ်ဘူး"
"ဒါဆို အကို့ကိုဘယ်လိုသဘောရလဲဗျာ "
"စိတ်မဝင်စားဘူး ဒီလောက်ဆိုသိပြီထင်တယ် ဆက်မလိုက်ပါနဲ့တော့"
"ဒါမယ့်.."
......
"မေရေ မေ...ဒေါ်လေးသန်း မေရှိလား"
"မရှိဘူး မနက်ထဲကခြံထဲမှာသရက်သီးသွားခူးခိုင်းထားတယ် နင်တို့လာခေါ်မှာကြိုသိလို့ ဟဲ့ ဇော်ထက် နင်ကလေ ငါ့အကိုနဲ့များကွာပ ငါ့အကိုနင့်အရွယ်ကဆို ဘာအလုပ်ခိုင်းမလဲအကုန်လုပ်တတ်တယ် နင်ကတော့ဖဲဝိုင်းလားကြက်ဝိုင်းလား မယ်စိန်မြင့်အတွက်တော့ငါရင်လေးတယ် ရင်လေးတယ် "
"ဒေါ်လေးသန်း အာ့ဆိုသွားပြီနော် မေ့ကိုညနေမှလိုက်ပို့ပေးတော့မယ် သွားပြီ"
"ဟဲ့ ဟဲ့ ဇော်ထက် ငါ့သမီးကိုဘယ်ခေါ်သွားမလို့လဲ ဟဲ့ "
...
"မေ.."
"အေး ဘာလဲ နေဦးနော်ငါ့နားမလာနဲ့ သရက်သီးခေါင်းပေါ်ပြုတ်ကျမယ် "
"ပေးပေးငါ့ကို "
"အဲ့လောက်တောင်လုပ်ပေးချင်နေရင် ရော့"
"ကြက်ဖတို့ဆီသွားမလို့ လိုက်မလား ကြက်ဖကနင့်ပါခေါ်ခဲ့တဲ့ ဝိုင်းကောင်းတယ်ထင်တယ်"
"ဟုတ်လား ငါမှမအားသေးတာအခုက ဒီလိုလုပ်နင်ပါဝိုင်းခူးလိုက် နဲနဲတော့များတယ် နှစ်ယောက်ခူးရင်မြန်မှာပါ နော် "
"အေးပါဟာ ခူးရတော့မှာပေါ့ ဒါနဲ့ မနေ့ကနင်ငါ့ကိုကန်ထားတာငါမှတ်မိတယ်နော် နဲနဲပါးပါးမတောင်းပန်ချင်ဘူးလား"
"ကန်သင့်လို့ကန်တာလေ တောင်းပန်စရာဘာရှိလို့လဲ ပြောကြည့်"
"ဟာ နင်ငါ့ကိုလူလည်ခေါင်းကြီးမှာကန်တာလေ မြို့ကကောင်မလေးတွေရော အများကြီးရှိတာ ငါအရှက်ကွဲတာပေါ့ ပြီးတော့နင်ကန်လိုက်တာကလည်း ငါမနက်ကမနဲထရတယ် "
"တော်စမ်းပါ ငထက်ရာ မိန်းမအား နာလည်းခနပေါ့ အကဲကိုပိုတယ် မြန်မြန်ခူး "
....
"ဟာ မေမှဟုတ်ရဲ့လား ပျောက်နေလိုက်တာဟာနင်ကလည်း ငါ့မှာမျှော်နေတာသစ်ကုလားအုတ်ကိုဖြစ်လို့ လူကြုံကလည်းပါးလွန်းလို့ ငါ့တောင်နင်နဲ့ဝိုင်းပေးစားနေကြပြီ"
"စကားအပိုမပြောနဲ့ကြက်ဖ ဘယ်ကောင်လဲဒီနေ့က "
"ဒီမှာပါဗျာ မောက်ခါးပတ်လေး လှမှလှ ဒီကောက်က ဇိမ်းလေး ငါ့ကိုကြည့်ပေးဦး နင်မလာတာငါ့မှာ လာဘ်တွေကိုပိတ်လို့ ဒီနေ့တော့ဝင်ပြီထင်ပါ့ကွာ ဘယ်လိုလဲ "
"အင်း....သူကခြေထောက်ဘာဖြစ်နေတာလည်း ခွင်နေသလိုဘဲ"
"ဟုတ်တယ် ဟိုးတပတ်ကပြုတ်ကျတာကြိုးနဲ့ပြန်ပတ်မိပြီး "
"အင်း.. သူမဆိုးဘူး ငါတော့သူ့ကိုကြိုက်တယ်တခါချဖူးတယ်မလား ဟိုကောင်ကငယ်သေးတယ် ခွပ်လပ်ဘယ်နခါချပြီးပြီလဲ"
"နှစ်ခါ ငါလည်းသိပ်မကြိုက်ဘူး ငယ်တာတော်တော်ငယ်တယ် ဝိတ်ကိုလည်းကြည့်လိုက်ဦး "
"ကြက်ဖ လုပ်ကွာ မြန်မြန် ငါကလေးကျောင်းကြိုရဦးမယ် ဟာ မေလား မတွေ့တာတောင်ကြာပြီဘယ်တွေပျောက် "
"မပျောက်ပါဘူးဟာရှိပါတယ် ဒီဘက်မလာဖြစ်တာ နင့်ကောင်လား ဇိမ်းက"
"အေး ဘယ်လိုလဲ "
"ငယ်သေးတာကို တိုက်မလို့လား နှစ်ခါဘဲခွပ်လပ်ချရသေးတာဆို "
"နင်ကလည်းခြေစွမ်းကိုကြည့်ပါဦးဟ လာသားလာ ဖေ့ဆီလာသား "
"မြင့်အောင် မဟုတ်သေးဘူးနော်နင့်ဟာက ထားပါသဘောဘဲ လုပ်လုပ် လူစုံရင်စမယ်"
"နင်မပါဘူးလား "
"တော်ပြီ များများလေးထည့်ကြက်ဖ ငါအာမခံတယ် ဇော်ထက်နင်လည်းပါသလောက်သာထည့်"
"အေးအေး "
.....
"သားရေလုပ်ပါကွ အေး...ဟုတ်ပြီ ချကွ"
"ဟာ...ဟေ့ရောင်ရေ..လုပ်လုပ်ရေပေးလိုက် "
"ကြက်ဖ ပေးငါ့ကို ကဲ....မမ်းလိုက်ပြီ ချကွာ မောက်ခါးပတ်ရ"
"သားရေ ချချ ဟာ ဟာ ...ငါ ိုး...သေစမ်းကွာ"
"မြင့်အောင်ရယ် နင့်ဟာကလည်းဘယ်နချီရှိသေးလို့လဲဟ ငါပြောပါတယ် "
"အေးဟာ ထားလိုက်တော့ဒီတခါတော့ နောက်မှအိမ်မှာဥထားတာလေးရှိသေးတယ် နင်အားရင်လာခဲ့ဦး ငါသွားပြီဟာ"
"ကောင်းလှချည်လား ဟား..မေမှဟုတ်ရဲ့လားကွ ရော့ ဒါကသက်သက်နော် နင်ဘာစားမလဲရွာထိပ်သွားကြမယ် လာ"
"အေးငါလည်းသွားရမှာ ဦးမြတ်အောင်အသုဘလေ ငါအကောက်ခံပေးနေတာ "
"အော်အေး ငါကြားတော့ကြားတယ် ရက်လည်မှသွားမလားလို့ တခါတည်းလိုက်ခဲ့မယ်လေ ဇော်ထက် မင်းရောဘယ်လိုလဲ"
"လိုက်မှာပေါ့ ဟောဒီကမေနန္ဒာလေးကျေးဇူးနဲ့စောစောကစ်လို့ရပြီ ရော့မေ "
"တော်ပါ နင်ဆီကရတာနဲ့ပြန်ချေးရတာမကာမိလို့"
"မေကလည်း ငါမချေးတော့ပါဘူးယူပါဟာ "
"ပေးပေး ငါအိမ်ခနဝင်လိုက်ဦးမယ်သွားနှင့်ကျ "
"ဒေါလေးသန်းနေကောင်းရဲ့လား ငါတို့လဲလိုက်မယ်လေ "
"နေခဲ့ပါ အာ့ဆိုလဲခနလေးဒီမှာစောင့်နေ ပြန်လာခဲ့မယ်"
...
"အမေ"
"တနေကုန်ဘယ်တွေသွားနေတာလဲ နင့်အလုပ်ကြီးဘဲ အိမ်မှာကိုယ့်အမေတယောက်တည်း နင်ကလေ မိန်းကလေးတန်မဲ့ နင့်ကိုနင်ဘာမှတ်နေလဲ ဟမ် ငါ့ကိုသနားပါဦး ပတ်ဝန်းကျင်ကပြောတာတွေနင်ကြားရဲ့သားနဲ့ မိနန္ဒာရယ် အဖေမရှိတဲ့နင့်ကိုငါတယောက်တည်းဘယ်လို ပြုစုပျိုးထောင်လာလဲငါဘဲသိတယ် ဟင်း...."
"အမေ ဘာလို့ငိုနေတာလည်း ဘာငိုစရာပါလို့လဲအမေရယ် သမီးအကုန်ပြောပြီးပြီဘဲ နောက်ပြီးပတ်ဝန်းကျင်ပြောစကားတွေနားမယောင်ပါနဲ့အမေရယ် မငိုနဲ့နော်တိတ်တိတ် သရက်သီးတွေဝင်ပို့ခဲ့ရမလား "
"လုပ်ပြန်ပြီ ညည်းဘယ်သွားဦးမလို့လဲ ပြောလို့တောင်မပြီးသေးဘူး ငါ့စကားတော်တော်နားထောင်တယ်နော်"
"အမေဘာစားမလဲ ပြန်ရင်ဝယ်ခဲ့မယ် ဒီနေ့စောစောလေးပြန်ခဲ့မယ်နော် ဆူပုတ်မနေနဲ့လေအမေရယ် ပြုံးပြုံးလေးနေ "
"ဒီကောင်မလေးကတော့ သွား မြန်မြန်သွားမြန်မြန်ပြန်လာ "
......
"ဟောလာပါပြီ မေရယ် စောင့်လိုက်ရတာ ငါဗိုက်နာနေလို့ လာပါဟ မြန်မြန် "
"ငါကအလုပ်နဲ့လေ နင့်လိုတချိန်လုံးအိမ်မှာစားလိုက်သောက်လိုက်မဟုတ်ဘူး ဗိုက်လဲမနာနိုင်ပါဘူး ပေးစာအုပ် ဘယ်ဝိုင်းကစရမလဲ"
"ငါတဝိုင်းမှမကောက်ရသေးဘူး နင်ကြိုက်တဲ့စီကစကောက်လိုက် အာ့ ကျွတ်ကျွတ် မရတော့ဘူးသွားပြီ"
...
"အော်သမီး ခုမှရောက်တာလား"
"ဟုတ်ဒေါ်လေး"
"သမီးက အခုဘာအလုပ်လုပ်နေတာလဲ ဒေါ်လေးသိပ်မသဲကွဲလို့ ထွေးခင်ပြောတာသိပ်နားမလည်လို့လေ "
အပိုင်း (၃)နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သောreaders လေးတွေ?
Keep Reading