Author's Profile Photo

Kyaw Zin Htun

26/06/2024

ရေးမိရေးရာတွေ?

1 min read
Life Style
Poetry
18 Again
ရေးမိရေးရာတွေ?'s photo

မတွေ့တာကြာပြီနော်တဲ့
အင်း ဟုတ်တယ်
မတွေ့တာတော်တော်ကြာနေပြီ။
သူဘာမှမပြောင်းလဲသွားဘူး
အရင်လိုပဲ.....။
အရင်လို သွက်သွက်လက်လက်နဲ့
ဖော်ဖော်ရွေရွေရှိတုန်းပဲ
သူလှတုန်းပဲ.....
ချစ်စရာကောင်းတုန်းပဲ.....

(၂)

သူမရှိပဲလည်းဖြတ်သန်းတတ်နေပြီ
ချစ်ခြင်းမေတ္တာကိုလည်းမေ့ထားခဲ့တာကြာပြီ
ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်ကိုယ်ဟာ
ကျန်ရစ်ဖြစ်နေတာပါပဲ
အရင်ကော အခုရော နောင်ရော။

(၃)

လွမ်းတဲ့စိတ်နဲ့ သတိရတဲ့စိတ်ကတော့
ခဏခဏဖြစ်နေတုန်းပဲ.....
နင့်ခနဲနေအောင်လည်း ချစ်ဖြစ်တုန်းပါပဲ
ကိုယ်ဟာ ဦးတည်ရာမဲ့ပျံသန်းနေတဲ့
ငှက်တစ်ကောင်လိုပဲ
ခိုလှုံစရာတွေ့ရင်
အကြောင်းပြချက်မရှိ
ခိုလှုံတယ်.....။

(၄)

ကမ္ဘာကြီးကို လူသားဆန်မှုတွေပဲ
ရှိစေချင်တဲ့မင်းကြောင့်
ငါဖြတ်သန်းရတာ ပိုအဆင်ပြေလာတယ်
အရာရာကို အတ္တတွေမပါပဲ
ချစ်တတ်လာတယ်.......

(၅)

ပျော်ရွှင်ရလိုက်
ဝမ်းနည်းရလိုက်ပါပဲ.....
ဒီလိုပါပဲ
သူနည်းသူ့ဟန်နဲ့
ဖြစ်ပျက်နေတာ.......

(၆)

မျှော်လင့်ခြင်းတွေဟာ
ကော်ဖီခါးခါးတစ်ခွက်လိုပဲ
သကြားထည့်လည်း အခါးမပျောက်
ပျော်ရွှင်စရာနည်းတဲ့ဘဝမှာ
ခါးသက်သက်နဲ့ ပျော်စရာကို
မရမကရှာရတယ်......

(၇)

မတူကွဲပြားမှုတွေကြားမှာ
ကိုယ်ဟာရှင်သန်နေတုန်းပဲ
ခန္ဓာကိုယ်ရော စိတ်အခြေအနေကော
အားမလိုအားမရဖြစ်တာတွေကော။

(၈)

ပျော်ရွှင်စေချင်တယ်
အသုံးဝင်စေချင်တယ်
အများကြီးမဟုတ်တောင်
ချုပ်နှောင်မှုမဟုတ်တဲ့
အချစ်တွေပဲ ပေးချင်တယ်....။

(၉)

ချစ်မိတာအပြစ်မဟုတ်သလို
မချစ်မိတာလည်း အပြစ်မဟုတ်ဘူး
အဓိကကတော့ မင်းကိုပျော်ရွှင်စေချင်တာပါပဲ

(၁၀)

ချစ်ခြင်းမေတ္တာကို
တိုးမိ ထိမိတာက
ပြဿနာအစပဲ
ကိုယ့်မှာ
အဲ့ပြဿနာလေးကိုမှ
တန်ဖိုးထားနေမိ
လိုချင်နေမိ......

KyawZinHtun

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်