Default Profile Photo

SarPhat User

26/06/2024

ဘယ်လိုတုံ့ပြန်မလဲ?

1 min read
Life Style
Personal Development
Education
ဘယ်လိုတုံ့ပြန်မလဲ?'s photo


ဘယ်လိုတုံ့ပြန်မလဲဆိုတာသိပ်ကိုအရေးကြီးပါတယ်၊

Epictetus ပြောခဲ့တဲ့စကားပါ

"It's not what happens to you, but how you react to it that matters."

ဒီအချက်တွေက ကျနော်တို့ရဲ့ဘဝမှာသိပ်ကိုအရေးပါတယ်။

ကျနော်​ကောက်နုတ်ထားတာလေးတွေပြောပြချင်တယ်။

ဘာတွေကို ထိန်းချုပ်နိုင်လဲသိပါ

လူတိုင်းမှာ ဘဝထဲမှာ မျှော်လင့်ထားတာတွေ အမြဲတမ်း အတိအကျ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေကို ကြုံလာရင် စိတ်မညစ်ဘဲ ဖြေရှင်းနိုင်ဖို့ လေ့ကျင့်ရမယ်။ မထိန်းချုပ်နိုင်တဲ့ အခက်အခဲတွေကို လွှတ်လိုက်ပြီး ထိန်းချုပ်နိုင်တာတွေကို အာရုံစိုက်ရင် စိတ်အေးချမ်းမှု ရနိုင်မှာပါ။

စိတ်နေစိတ်ထား

မဖြစ်မနေ အခြေအနေကို ပြောင်းလဲဖို့ မလိုဘူး။ အယူအဆနဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲရင် စိတ်ပိုင်းဆိုင်ရာပိုကောင်းတယ်။ ဆိုးရွားတဲ့ အဖြစ်အပျက်တွေကို အမြဲတမ်းဆိုးရွားနေမယ့် အဖြစ်မထင်နဲ့၊ အခြေအနေသစ်တွေ၊စမ်းသပ်ချက်တွေလို့လက်ခံတုံ့ပြန်ရင် သန်မာတဲ့စိတ်ဓာတ်ရမှာပါ။

အတွေ့အကြုံတိုင်းကတစ်ခုခုကိုပေးတယ်

ဆိုးရွားတဲ့ အဖြစ်အပျက်တွေကနေ သင်ယူတာက အနာဂတ်မှာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ဖို့ အထောက်အကူဖြစ်တယ်။ အခြားသူတွေမတွေ့ဖူး၊မကြုံဖူးတဲ့ အခြေအနေတွေကို မင်းကြုံရရင်အဲတာကိုမင်းကိုဗားရှင်းတစ်ခုဖြစ်လာစေဖို့တွန်းပို့ပေးတာပါ။

အနာဂတ်ကိုပြင်ဆင်ပါ

အနာဂတ်မှာ ကြုံရနိုင်တဲ့ အန္တရာယ်တွေကို အကြိုထောက်လှမ်းပြီး ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ရမယ်။ကျနော်တို့ရဲ့အတွေ့အကြုံတွေကနေ အနာဂတ်မှာ ကြုံရနိုင်တဲ့ အန္တရာယ်တွေ၊အခက်အခဲတွေအတွက်အစဉ်အမြဲ ပြင်ဆင်ထားပါ။

ဘယ်အခက်အခဲမဆိုအားမငယ်ပါနဲ့


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)