Author's Profile Photo

SarPhat Author

26/06/2024

ဘဝမှာ လိုက်မရှာသင့်တဲ့ အရာ၂ခု

1 min read
Culture
Art
18 Again
ဘဝမှာ လိုက်မရှာသင့်တဲ့ အရာ၂ခု's photo

(၁) အချစ်စစ်
အချစ်စစ် ဆိုတာ လုပ်ယူဖန်တီးလို့လဲ မရသလို၊ ဖျက်စီးလို့လဲ မရပါဘူး
အခုခေတ်မှာဆိုရင် ရည်းစားရဖို့ အရမ်းလွယ်သလောက် အချစ်စစ်ရဖို့ ခက်ခဲ လာပါတယ်။
အချစ်စစ်ဆိုတာမျိုးက အထိအတွေ့ကြောင့် ဖြစ်လာတာမျိုး မဟုတ်ပါဘူး ၊ အနေနီးခြင်းကြောင့် ဖြစ်လာတာမျိုးလဲ မဟုတ်ပါဘူး။
အကြောင်းပြချက်မရှိ၊ အချိန်ကာလ အကန့်အသတ်မရှိပဲ ၁စုံ၁ယောက်ဘေးမှာ အမြဲတမ်း ရပ်တည်ပေးနေတာမျိုးကို အချစ်စစ်လို့ ခေါ််ပါတယ်။ တကယ်အချစ်စစ််က ကိုယ်ချစ်တဲ့ကို ပျော်ရွှင်စေပြီး ၊ ကိုယ်ချစ်တဲ့သူ ဒုက္ခရောက်နေချိန်မှာလဲ စွန့်ခွာမသွားတဲ့ ချစ်ခြင်းမျိုးပေါ့။ တကယ့်စစ်မှန်တဲ့ချစ်စစ်မှာ အနိုင်အရှုံးမရှိဘူး ၊ ဆင်ရဲချမ်းသာ မရှိဘူး ၊ ပညာအရည်အချင်း မရှိဘူး ၊သူ့ကို ချစ်နေရတဲ့ အကြောင်းပြချက် မရှိဘူး ။အားနည်းချက်ရှိနေရင်လဲစွန့်ပစ်မသွားသလို ၊ ကိုယ့်ထက်သာတဲ့လူရှိရင်လဲ ‌တခြားသူကိုပြောင်းပြီးမချစ်ဘူး ။ တကယ်တော့ဒီလိုချစ်ခြင်းမျိုးက ရှားပါးပြီး အရမ်းတန်ဖိုးကြီးပါတယ်။ ဒါကြောင့် အချစ်စစ်ကို လိုက်မရှာပါနဲ့။ အချစ်စစ်ဆိုတာ ကိုယ်ဖန်တီးလို့ မရတဲ့အရာမလို့ ကိုယ်နဲ့ထိုက်တန်ရင် ကိုယ့်ဆီရောက်လာမှာပါ၊ ဒါပေမဲ့ အချစ်စစ်ကိုလိုက်ရှာရင်း အချစ်စစ်နဲ့ ဝေးသွားတဲ့သူ‌တွေအများကြီးတော့ ရှိပါတယ် ။(ဒါ့ကြောင့် အချစ်စစ်ကို လိုက်မရှာသင့်ပါဘူး)

(၂)စစ်မှန်တဲ့သူငယ်ချင်း

ကျွန်မတို့ လူ့ဘဝမှာ ရှင်သန်နေသရွေ့ သူငယ်ချင်း ရနိုင်ပါတယ်။ ဒါပေမဲ့ လူ၁ေယာက်ရဲ့ဘဝမှာ စစ်မှန်တဲ့ သူငယ်ချင်း ၁ယောက်ရဖို့ကတော့ ခက်ခဲပါတယ်။ စစ်မှန်တဲ့ သူငယ်ချင်းဟုတ်မဟုတ် ဆိုတာကိုတော့ ကိုယ်ဒုက္ခရောက်နေတဲ့ အချိန်မှပဲ သိနိုင်ပါတယ်။ ကိုယ်တကယ် ဒုက္ခရောက်နေတဲ့ အချိန်မှာ ကိုယ်နဲ့အတူပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပေတဲ့သူမျိုးပေါ့။ တခါတလေမှာ ကိုယ်မထင်မှတ်ထားတဲ့ သူတွေက ကိုယ့်အတွက် စစ်မှန်တဲ့သူငယ်ချင်း ဖြစ်နေတတ်ပါတယ်၊ အဲ့လို စစ်မှန်တဲ့ သူငယ်ချင်းမျိုးကို လိုက်ရှာလို့မရနိုင်ပါဘူး ၊ စစ်မှန်တဲ့ သူငယ်ချင်းရှိတယ် ၊မရှိဘူးဆိုတာ ကိုယ်ပေါ်လဲ မမူတည်ပါဘူး။ ကံတရားနဲ့ပဲ ဆိုင်ပါတယ်။
ကိုယ်ကိုယ်တိုင်ကတော့ စစ်မှန်တဲ့ သူငယ်ချင်းဖြစ်အောင် ကြိုးစားလို့ရပါတယ်။ ???

#Eaindra
《26.6.2024》

Keep Reading

အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾နံရံမဲ့ကျောင်း ---------------ကြည့်ချင်ပွဲ