Author's Profile Photo

LY Cho

26/06/2024

အင်တာနက်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ သိထားသင့်သည့် အချက်များ

1 min read
Business
အင်တာနက်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ သိထားသင့်သည့် အချက်များ's photo

တိုးတက်ပြောင်းလဲလာတဲ့ယနေ့ခေတ်ကြီးမှာ တီထွင်ဖန်တီးမှုတွေကို ဝါသနာပါတဲ့သူတွေအ‌ေနနဲ့ အင်တာနက်ကို အသုံးပြုပြီး ဝင်ငွေရှာလာကြပါတယ်။ စာဖတ်သူတွေလည်း အင်တာနက်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ချင်ရင် အခုပြောပြမယ့်အချက်တွေကို သိထားဖို့လိုမှာပါ။

ဒါဆိုရင် ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်ကြရအောင်....

? Business plan ရှိရမယ်။

အွန်လိုင်းစီးပွားရေး တစ်ခု မစတင်မီ သင့်တော်တဲ့ business planတစ်ခုကို မဖြစ်မနေ စဉ်းစားထားရပါမယ်။ ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သတ်ပြီး အစီအစဉ်ချခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။ သင်လုပ်မယ့် လုပ်ငန်း အစီအစဉ်က ဘယ်လိုလဲ၊ ဘယ်လို ideaနဲ့သွားမလဲ၊ အရင်းအနှီး ဘယ်လောက်ရှိမလဲ၊ အချိန်အတိုင်းအတာ၊ လူတွေရဲ့ စိတ်ဝင်စားမှု စတဲ့ တိကျတဲ့ business planတစ်ခုရှိရပါမယ်။

? ဈေးကွက်ကို နားလည်ရမယ်။

ဘယ်လုပ်ငန်းမဆို အောင်မြင်တဲ့လုပ်ငန်းဖြစ်ဖို့ ဈေးကွက်ချဲ့ထွင်းခြင်းနှင့် အရောင်းပိုင်း နားလည်တက်ကျွမ်းဖို့ များစွာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်ကို ဝယ်ယူမယ့် customer တွေကို သေချာအာရုံစိုက်ပြီး customer တွေရဲ့ အသက်အပိုင်းနဲ့စိတ်နေစိတ်ထားကို နားလည်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်နဲ့အလားတူ စီးပွားရေး လုပ်ငန်းများရဲ့ လုပ်ငန်းလည်ပတ်ပုံတွေကို လေ့လာပြီး ဈေးကွက် သဘောတရားကို ကောင်းစွာ သိရှိထားဖို့ လိုအပ်ပါတယ်။


?‍? ဝန်ဆောင်မှုကောင်းရမယ်။

"ဒီဆိုင်က serviceတော်တော်ကောင်းတယ်။ လာဝယ်တဲ့ customer တိုင်းကို စိတ်ကျေနပ်မှု ဖြစ်စေတယ်" စတဲ့ စကားတွေကို စာဖတ်သူတို့ မစိမ်းလောက်ပါဘူး။

အောင်မြင်တဲ့ စီးပွားရေးတစ်ခုဖြစ်ဖို့ အတွက် ဝန်ဆောင်မှုက အဓိက အရေးကြီးဆုံးဖြစ်ပါတယ်။ ကိုယ့်ရဲ့ products က ဘယ်လောက်ကောင်းကောင်း၊ ဈေးနှုန်း အဆင်ပြေနေပါစေ ဝန်ဆောင်မှု မကောင်းရင်တော့ customer မြဲမှာ မဟုတ်ပါဘူး။

အွန်လိုင်းစီးပွားရေးတစ်ခုလုပ်မယ်ဆို customer တွေရဲ့လိုအပ်ချက်ကို ကောင်းကောင်းသိပြီး ဝန်ဆောင်မှု ကောင်းကောင်းပေးဖို့ပါပဲ။ အွန်လိုင်းအပေါ်ကလုပ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် အချိန်အနည်းငယ်ပိုပေးဖို့ လိုအပ်ပြီး Customer တွေရဲ့လိုအပ်ချက်တွေကို ကောင်းကောင်းတုံ့ပြန်ပေးနိုင်ရပါမယ်။


?ထုတ်ကုန် အရည်အသွေးကို ဦးစားပေးပါ။

ကိုယ်ရောင်းတဲ့ထုတ်ကုန်က အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်ဖြစ်ဖို့ ဦးစားပေးရမှာဖြစ်ပြီး ထုတ်ကုန်ရဲ့ quality ကိုလည်း အမြဲဆန်းစစ်နေရပါမယ်။ကိုယ်တိုင်ထုတ်မယ့် ပစ္စည်းလား၊ တစ်ဆင့်ပြန်ယူရောင်းချမယ့် ပစ္စည်းလားဆိုတာ သေချာစဉ်းစားရပါမယ်။ ကိုယ်တိုင်ထုတ်လုပ်ရောင်းချမယ်ဆိုရင် ပစ္စည်း quality ကို ရေရှည်ထိန်းသိမ်းထားဖို့လိုအပ်ပြီး တစ်ဆင့် ပြန်ယူမယ့် ပစ္စည်းဆိုရင်လည်း quality ကောင်းပြီး မှန်ကန်တဲ့ ထုတ်ကုန်ဖြစ်ဖို့ သေချာ ဂရုစိုက်ရွေးချယ်ရပါမယ်။


ဒီအချက်လေးတွေကတော့ အွန်လိုင်း စီးပွားရေးလုပ်မယ်ဆို အရေးကြီးတဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ စကားပုံတစ်ခုလည်း ရှိပါတယ်။ "မလှူတတ်ရင် ဈေးရောင်း"ဆိုတဲ့စကားပုံလေးပါ။

အထက်ပါအချက်တွေ အပြင် ကျွန်တော် ထပ်တိုးပြောချင်တဲ့အချက်ကတော့ ....

"ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စေတနာ အပြည့်အဝနဲ့လုပ်ရမှာပဲဖြစ်ပါတယ်"

စေတနာကောင်းရင် ကောင်းတဲ့ဘဝတွေ ရရှိပါတယ်။


စာရေးသူ - လရောင်ချို

(26.6.2024) Wednesday

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ