Par Te

?ထုံးစံအတိုင်း ဒီနေ့ တက္ကစီ စီးရင်း ကျွန်မ ဆရာတွေနဲ့ စကားပြောဖြစ်တယ်။ သူပြောပြတဲ့အရာတစ်ခုက သူ့အသက် ၃၀ ကျော်လာတဲ့အရွယ်ကနေစပြီး မနက်တိုင်း ဘုရားရှေ့ခိုးတယ်။ မရှေ့ခို့မိတဲ့ရက်တွေမှာ ဆိုရင် ကားပေါ်ရောက်တာနဲ့ ဘုရားစာရွတ်တယ်။ ညဆိုလည်း ဘုရားမရှိခိုးရင် အိပ်မပျော်ဘူး။ ဒါကြောင့် ဘုရားအမြဲရှိခိုးဖြစ်တယ်။ ဒီအရာက ကိုယ့်စိတ်ကိုရှင်းလင်းစေတယ်။ လူသားဖြစ်လို့ အလွယ်တကူ ဒေါသထွက်တာ၊ တုန့်ပြန်ချင်တာ ရှိပေမဲ့ မတုန့်အပြန်ဘဲ ထိန်းချုပ်နိုင်ခဲ့တယ်လို့ပြောပါတယ်။
?ကျွန်မ မေးခွန်းတွေဆက်မေးရင်း နေရာတိုင်း အချိန်တိုင်းမှာ ပြဿနာဆိုတာ အချိန်မရွေးရှိနေနိုင်တယ်၊ ဖြစ်လာတတ်တယ်။ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ရမယ်။ ဒါမှသာလျှင် အချိန်မရွေးဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်မယ်။ ပြဿနာတွေကို လက်မပါဘဲ ပါးစပ်နဲ့ အေးအေးဆေးဆေးဖြေရှင်းနိုင်တဲ့ အရာတွေအများကြီးရှိတယ်။
? ဒီပြဿနာကနေ ဘာအကျိုးအဆက်တွေရှိလာနိုင်မလဲဆိုတာကို ကြိုတင်တွေးထားလို့ရတယ်။ ကိုယ့်ရဲ့စိတ်ကို မထိန်းချုပ်ထားနိုင်ဘူးဆိုရင် မဖြစ်သင့်တဲ့အရာတွေ ဖြစ်လာမှာဘဲ။ ဒါကြောင့် ကိုယ့်စိတ်၊ လူတစ်ဦးတစ်ယောက်ချင်းစီးရဲ့ စိတ်က အလွန်းအရေးကြီးတယ်၊ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ နေခြင်းက အလွန်ကောင်းတယ်။ လူသားတွေမှာအရေးကြီးဆုံးက "စိတ်" ပဲဖြစ်တယ်။ ဒါကြောင့် အသက်တွေသာပြန်ငယ်သွားရင် ဘုန်းကြီးဝတ်မိတယ်ထင်တယ်လို့ ပြောပြခဲ့ပါတယ်။
?ကျွန်မဆက်တွေးမိတာက ဘာသာတရားတိုင်းက ကောင်းတာကို သွန်သင်ပေးတယ်၊ စိတ်ငြိမ်းချမ်းမှုတွေကိုလည်း ပေးနိုင်တယ်။
ဒါပေမဲ့ မကောင်းတာက ဘာသာတရားရဲ့ အဆုံးအမကို လက်တွေ့မလုပ်ဆောင်နိုင်တဲ့ ကျွန်မတို့ လူသားတွေဘဲ ဖြစ်မယ်လို့ တွေးမိပါတယ်။ ✌️
26/06/2024 ??
Keep Reading