မြ (စံကားဝါမြေ)
ဒီနေ့ ဆောင်းပါးလေးထဲမှာ မြတို့နားက ပုပ္ပါးတောင်ကြီးရဲ့ အောက်ခြေမှာ ပုပ္ပါးမီးငြိမ်းတောင်ကြီး ပေါက်ကွဲတုန်းက လွင့်စင်ခဲ့တဲ့ မီးတောက်ကျောက်လေးတွေနဲ့ Bosei(ဘွန်ဇိုင်းပင်) တို့က ဘယ်လိုရေစက်လေးတွေ ရှိသလဲဆိုတာကို ပြောပြသွားပါမယ်ရှင်။
မီးတောင်ကျောက်ဆိုတာက ပုပ္ပါးတောင်ကြီးရဲ့ အောက်ခြေမှာ ပုပ္ပါးမီးငြိမ်းတောင်ကြီး ပေါက်ကွဲတုန်းက လွင့်စင်ခဲ့တဲ့ ကျောက်ဆိုင် ကျောက်သားတွေကို ခေါ်ဆိုတာပါရှင်။ ယခုအချိန်မှာ ပုပ္ပါးမီးငြိမ်းတောင်ကြီး ဖြစ်သွားပါပြီ။ ဒါပေမယ့် ဘာလို့ မီးတောင်က ကျလာတဲ့ ကျောက်လို့ ပြောနိုင်ရသလဲဆိုရင် ပုပ္ပါးဘက်က နေရာလွတ် ကျောက်ဆောင်ကျောက်ခဲကြီးတွေကြားထဲကို သွားရောက်တူးဖော်ပြီး အိမ်ရောက်မှ အတုံးအကြီးကြီးကနေ သေးသေးလေးတွေဖြစ်တဲ့အထိ အနုစိတ်သေချာလေး လုပ်ထားရတာပါရှင်။
အဲ့တာဆိုရင် မီးတောင်ကျောက်တွေက ဘာအတွက် အသုံးဝင်သလဲဆိုတာ သိချင်ကြတယ်မလား။?
ပြောပြပေးသွားမှာပေါ့ရှင်......
အခုချိန်ခါ လူနေမှုပတ်ဝန်းကျင် ခေတ်မှီတိုးတက်လာတာနဲ့အမျှ နေထိုင်စားသောက်မှုပုံစံတွေလည်း ပြောင်းလဲလာကြပါတယ်။ အဲဒီအခါမှာ အပင်လေးတွေကို ချစ်တယ်၊ စိုက်ပျိုးချင်တယ်ဆိုရင် မြေကြီးပေါ်မှာ မြေတွေတူးဆွပြီး စိုက်ပျိုးနေမယ့်အစား မိမိအခန်းလေးထဲမှာပဲ စိုက်ပျိုးပြီး တစ်နေ့ပြီးတစ်နေ့ အပင်လေး ကြီးထွားလာတာကို ကြည့်ရှုပြီး ကြည်နူးနေချင်ကြတယ်မဟုတ်လား။
ဟုတ်တာပေါ့ရှင် အဲ့တာဆိုတော့ ဒီမီးတောင်ကျောက်လေးတွေက အခန်းထဲမှာ အလှပန်းအိုးလေးတွေနဲ့ စိုက်ပျိုးလို့ရသော Bosei ဘွန်ဇိုင်းပင်အတွက်အလွန်အသုံးဝင်တဲ့ မီးတောင်ကျောက်လေးတွေပေါ့ရှင်။
Bosei(ဘွန်ဇိုင်းပင်)လေးထဲမှာ မီးတောင်ကျောက်ကို
ဘယ်လို ထည့်ပြီး စိုက်ပျိုးရသလဲဆိုရင် မီးတောင်ကျောက်က ကျောက်တုံးကျောက်ခဲ အကြီးကြီးတွေပါ။ အဲ့တာတွေကို မြတို့ဘက်မှာ အသေးလေးတွေ ဖြသ်အောင် ထုချေပြီး ရောင်းချကြပါတယ်။ ထုတဲ့သူတွေကလည်း တစ်ပိဿာထုရင် (၅၀၀)ကျပ်နှုန်းနဲ့ ထုကြပါတယ်ရှင်။ ထုပြီး သေးသေးလေးတွေ ရပြီဆိုရင် မှာယူတဲ့ဒေသကို တင်ပို့ရောင်းချကြပါတယ်။
Bosei(ဘွန်ဇိုင်းပင်)လေးထဲမှာ တခြား ဓာတ်မြေဩဇာ ထည့်မရဘူးလားဆိုတော့ ထည့်လို့ရပါတယ်။ သို့ပေမယ့် Bosei(ဘွန်ဇိုင်းပင်)အတွက် ဓာတ်မြေဩဇာတွေက မြတို့ မြန်မာနိုင်ငံမှာ ဝယ်ယူဖို့ ရှားပါးလှတဲ့အတွက် သဘာဝကရတဲ့ မီးတောင်မှုန့်လေးတွေကို မြေဩဇာအဖြစ် အသုံးပြုလိုက်ခြင်းက အပင်လေးတွေအတွက် အာဟာရဖြစ်စေပြီး ငွေကုန်ကြေးကျလည်း သက်သာစေတာပေါ့ရှင်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
26.6.2024(Wednesday)
မီးတောင်ကျောက်ထုခွဲပြီးပုံ
မီးတောင်ကျောက်ဆောင်ကျောက်ခဲပုံ
Keep Reading