Author's Profile Photo

Shoon Lei

25/06/2024

ဖိနပ်လေးတစ်ရံ

1 min read
Life Style
General Knowledge
Poetry
ဖိနပ်လေးတစ်ရံ's photo

ကျွန်တော်က အလှအပကြိုက်ပါတယ်။ အလှအပကြိုက်သလို လှအောင်လည်းနေပါတယ်။ အဝတ်အစားလှလှကလေးတွေ၊ ဖိနပ်လှလှကလေးတွေပေါ့။
ကျွန်တော် ဟိုတလောကပဲ ဖိနပ်လေးတစ်ရံ သဘောကျလွန်းလို့ဆိုပြီး ဝယ်ပစ်လိုက်တယ်။
ဖိနပ်လေးက လှပါတယ်။ ဒါပေမဲ့လေ ကျွန်တော့်ခြေထောက်မှာတော့ အဲ့ဖိနပ်လေးကပေးတဲ့ အရည်ကြည်ဖုလေးတွေ၊ ပွန်းရာတွေကတော့ ရက်ရက်စက်စက်ကို ရှိနေခဲ့ပါတယ်။
အပေါင်းအသင်းတွေက "ဖိနပ်လေးလှလိုက်တာ" လို့ ပြောတဲ့အခါကျရင်တော့ အဲ့လိုနာကျင်စရာတွေဟာ မေ့မေ့ပျောက်ပျောက်ပါပဲ။
တခြား ဖိနပ်တွေက ဒီဖိနပ်လေးလောက်မလှပေမယ့်လည်း ကျွန်တော့်ခြေလှမ်းတွေကိုတော့ ထိခိုက်စေမှာမဟုတ်ပါဘူး။
လောကမှာလည်း အဲ့လိုပါပဲ
အချို့အရာတွေက အပြင်ပန်းကြည့်ရင် အရမ်းလှပပြီး ပြီးပြည့်စုံနေသယောင်ပဲ
ဒါပေမဲ့ တကယ်တမ်းကျ အဲ့လောက်လည်း ဟုတ်မနေပြန်ဘူး
ကိုယ့်ကို ထိခိုက်နာကျင်စေတဲ့အရာကို
ကျောခိုင်းပစ်မလား၊ ဆက်ပြီး နာကျင်စေဖို့ခွင့်ပြုမလားဆိုတာကတော့ ကိုယ်ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်နေပါတယ်။ ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်