SarPhat Author

?
စကားလုံးတွေ မှာ စွမ်းအင်တွေရှိမယ်လို့ ကိုယ်တိုင် ခံစားမိတယ်။
ပြောတဲ့သူကတော့ ဘာရယ်မဟုတ်
ရည်ရွယ်ချက်မရှိဘဲ စကားတစ်ခွန်း ကို ပြောလိုက်ပေမယ့်
တစ်ဖက် အပြောခံရသူဘက်မှာတော့
အဲ့စကားကြောင့် ဝမ်းသာသွားရသည်လည်းကောင်း၊
ဝမ်းနည်းသွားရသည်လည်းကောင်း ဖြစ်နိုင်ပါတယ်။??
ဘယ်အခြေနေမှာပဲဖြစ်ဖြစ်
တစ်ဖက်လူ စိတ်ချမ်းသာသွားတာမျိုးက
နှစ် ဦးနှစ်ဖက်အတွက် အဆင်ပြေမယ်မလား။?
??ဒါပေမယ့် လေ
အပြောခံရတဲ့သူမှာ စိတ်ဆင်းရဲဖြစ်သွားရတာမျိုး၊
မကောင်းတဲ့အတွေးတွေ တွေးဖြစ်၊ တွေးမိသွားတာမျိုးလဲ ဖြစ်တတ်ပါတယ် ။?
အပြောခံရပါများလာရင် စိတ်ဒဏ်ရာရော ဖြစ်မသွားနိုင်ဘူးလား။❄
မကောင်းတဲ့အတွေးတွေ ကနေတစ်ဆင့်
ကိုယ့်ကိုကိုယ် အပြစ်တင်တာမျိုး၊
ထိခိုက်အောင် လုပ်တတ်တဲ့ အကျင့်ရှိသူတွေလဲ ရှိမယ်လို့ထင်ပါတယ်။??
ကိုယ်ပြောမယ့်စကားတစ်ခွန်းဟာ တစ်ဖက်လူအတွက်လဲ ဘယ်လို အကျိုးသက်ရောက်မှုမျိုးဖြစ်သွားမလဲဆိုတာ
မပြောလိုက်ခင်လေးမှာ တစ်ခါလောက်ဖြစ်" ပြန်တွေးကြည့်စေချင်ပါတယ်။✨?
ကိုယ့်ကြောင့်တစ်ဖက်လူ မနစ်နာရလေအောင် သတိဆောင်စေချင်တာမျိုးပါ။??
တချို့ တမင်နစ်နာအောင်ရွေးပြောတဲ့ စကားလုံးတွေ တော့ ခြွင်းချက် ပါ။❣❣
ပြောသူ၊ အပြောခံရသူ တို့မှာ စိတ်ရွှင်လန်းစေမယ့်အရာတွေဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံး ပေါ့။
ကိုယ်တိုင်ကလဲ ခံစားဖူးတော့ တော်တော်ခံရခက်တဲ့အပိုင်းတွေလဲ ရှိခဲ့တာမို့
ကျွန်တော် ကိုယ်တိုင်လဲ သတိထားပါမယ်။???
ကျွန်တော် ကတော့ ဘယ်သူက ဘယ်နေရာမှာ ဘယ်လို ပုံစံမျိုးနဲ့ ဘယ်လိုစကားလုံးမျိုးကို ပြောလိုက်တယ်ဆိုတာကအစ တေးမှတ်ထားတတ်တဲ့သူမျိုးပါ??
ဘယ်လိုပဲဖြစ်ဖြစ် ပါလေ
တစ်ဦးတစ်ယောက် မှအစ အပြုအမူလေးတစ်ခုကို ဆင်ခြင်ပြုမူမိမယ်ဆိုရင် တစ်ရာမှ တစ်ထောင်............။
ကိုယ့် နေရာ ကိုယ့်ပတ်ဝန်းကျင်မှာ အေးချမ်းပျော်ရွှင်တဲ့ နေရာလေးကို တည်ဆောက် နိုင်မယ်လို့ထင်တယ်။
စကားလုံး သေးသေးလေးကအစ စွမ်းအင်တွေရှိပါတယ်။??
လူတိုင်း အစဥ် ငြိမ်းချမ်း အဆင်ပြေနိုင်ကြပါစေ???
#25/6/2024#shoonthirikyaw #10:49am#Yangon
Keep Reading