Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

25/06/2024

?ချီးပါရင်တောင် ရွှေချီးပါနိုင်ဖို့အတွက် ပိုက်ဆံဖြုန်းတီးနေကြတဲ့သူဌေးတွေ

1 min read
Business
General Knowledge
Finance
?ချီးပါရင်တောင် ရွှေချီးပါနိုင်ဖို့အတွက် ပိုက်ဆံဖြုန်းတီးနေကြတဲ့သူဌေးတွေ's photo

?မွေးလာကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာကြသူတွေဟာ နည်းနည်းလေးထပ်ပြီးကြိုးစားလိုက်မယ်ဆိုရင် ရွှေချီးတွေ ပါနိုင်လောက်တဲ့အနေထားကို ရောက်နိုင်တော့မှာပါ။

၊?မီလီယံနာသူဌေးကြီးတွေတစ်ချို့က သူတို့ရဲ့ပိုက်ဆံတွေကို အမြင်ကတ်လောက်စရာကောင်းအောင် သုံးပြဖြုန်းပြနေတာတွေက ဆိုရှယ်မီဒီယာပေါ်မှာ အများကြီးတွေ့လာနေရပါတယ်။

? အဲ့ဒီလိုအသုံးဖြုန်းဇယားတွေထဲကမှ မိတ်ဆွေတို့ကို ဒီနေ့ပြောပြမယ့်အကြောင်းရာလေးကတော့ အီးအီးပါရင်တောင် ရွှေကွပ်ပြီးပါနိုင်ဖို့အတွက် သူတို့တွေက ဘယ်လောက်အတိုင်းအတာအထိ ပိုက်ဆံတွေကိုဖြုန်းနေကြသလဲဆိုတဲ့ အကြောင်းရာလေးပဲဖြစ်ပါတယ်။

?အခုချိန်မှာလည်း ရွှေဈေးက မတရားကိုထိုးထိုးထောင်ထောင်ဖြစ်နေတာကြောင့် မိတ်ဆွေတို့ဆန္ဒရှိရင် အခုပြောပြသွားမယ့်နေရာမှာ ရွှေတွေလိုက်ရှာပြီး သူဌေးဖြစ်နိုင်မယ့် အခွင့်ရေးတစ်ခုလည်း ရှိနေပါသေးတယ်။

?ဒါမယ့်တစ်ခုသတိပေးချင်တာက အနံ့ခံနိုင်ပြီဆိုမှ စမ်းလုပ်ကြည့်ကြဖို့ပါပဲ။ ဒါ‌ဆိုရင် ဒီနေ့topicလေးနဲ့ပတ်သတ်တဲ့ ရွှေချီးအကြောင်းကို ဆက်လက်ပြောပြပေးချင်ပါတယ်။ တစ်ချို့သူတွေစွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေထဲမှာ ရွှေတွေပါဝင်နေတဲ့ကိစ္စကို မိတ်ဆွေတို့သိကြပြီးပြီလား?

? ဒါကအပြင်မှာ တကယ်ကိုရှိနေပါတယ်.. အကြောင်းရင်းကိုသိသွားရင် မိတ်ဆွေတို့လည်း တရားရသွားကြမှာပါ။ အဲ့တာကတော့ ဟောဒီက ရွှေဆေးလုံးလေးပဲဖြစ်ပါတယ်။ နောက်ပြီးဒါက တကယ့်ရွှေအစစ်နဲ့ပြုလုပ်ထားတာဖြစ်ပြီး ဆေးလုံးအထဲမှာ ရွှေအဖက်လေးတွေထည့်သွင်းထားပါတယ်။

? ဒါကိုသောက်သုံးဖို့အတွက် သီးသန့်ထုတ်လုပ်ထားတာဖြစ်ပြီး လူကို အဆိပ်တောက်လုံးဝမဖြစ်စေပါဘူး။ ရွှေဆေးလုံးဖြစ်တဲ့အတွက်ကြောင့် ဆင်းရဲသားတွေ၊ အခြေခံလူတန်းစားတွေသောက်သုံးနိုင်ဖို့ဆိုတာ အိပ်မက်ထဲမှာပဲဖြစ်နိုင်ပါတယ်။

? မိတ်ဆွေတို့က ဒီရွှေဆေးလုံးလေးကို သောက်လိုက်ပြီဆိုရင် ဆေးလုံးက ပုံမှန်အစာသွားတဲ့လမ်းကြောင်းအတိုင်းသွားပြီး အစာခြေစနစ်ထဲကိုရောက်ရှိသွားမှာပါ။ ဒီမှာထူးခြားတာတစ်ခုက အစာအိမ်ထဲကအက်စစ်ရည်တွေဟာ တစ်ခြားအစာတွေကိုခြေဖျက်နိုင်စွမ်းရှိပေမယ့် ဒီရွှေပွင့်တွေကိုတော့ ချေဖျက်နိုင်စွမ်းမရှိပါဘူး။

?ဒါကလည်း အတော်လေးစိတ်ဝင်စားစရာပါ။ ကြားဖူးဖတ်ဖူးရသလောက်တော့ အစာအိမ်ထဲမှာရှိတဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ်တွေက ဘယ်လောက်တောင်စွမ်းသလဲဆိုရင် ဘလိတ်ဓားတစ်ချောင်းကိုတောင် ချေဖျက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

?ဒါမယ့် ဒီရွှေဖက်တွေကိုတော့ မချေဖျက်နိုင်ဘူးဆိုတော့ သူ့ကိုဘယ်လိုတောင်ဖန်တီးပြုလုပ်ထားသလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ အဲ့လိုနဲ့ရွှေဖက်လေးတွေက ချေဖျက်မခံရပြီးဆိုတော့ အဲ့ဒီအစား စွန့်ထုတ်မယ့်အညစ်ကြေးတွေနဲ့ ရောထွေးသွားပါတယ်။

?နောက်ဆုံး အပြင်ကမ္ဘာထဲကို အညစ်ကြေးတွေစွန့်ပစ်လိုက်တဲ့အချိန်မှာတော့ ရွှေဖက်လေးတွေကပုံမပျက်ဘဲ အညစ်ကြေးတွေကို ဝင်းလက်တောက်ပနေအောင် အလှဆင်ပေးထားသလိုဖြစ်သွားပါတယ်။

? ဒီလိုပိုက်ဆံဖြုန်းတဲ့နည်းကတော့ အတော်လေးကိုဆိုးရွားတာပဲလို့ အားလုံးကထင်ကြမယ်ဆိုတာအသေအချာပါပဲ။ ဒီဆေးလုံးရဲ့တန်ဖိုးကို ဗဟုသုတအဖြစ် မိတ်ဆွေတို့သိထားရအောင် ပြောပြလိုက်ပါဦးမယ်။ အဲ့တာကတော့ ဆေးလုံးတစ်လုံးကို အမေရိကန်ဒေါ်လာ(၄၂၅)လောက်တန်ဖိုးရှိပါတယ်။ မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင် ပျမ်းမျှသိန်း(၂၀)နီးပါးရှိပါတယ်ရှင်။ ဒီနေ့ကတော့ ဒီလောက်ပါပဲ။

မြသွန်း(တောင်ဒဂုံ)

Keep Reading

"ပန်နိုရာ" တိုက်မှ ပထမဆုံးရိုက်နှိပ်ထုတ်ဝေလိုက်သည့် "မိနစ်ပိုင်းစာ စီးပွားပညာ" အပိုင်း(၁) စာအုပ်ကို 𝗣𝗿𝗲-𝗼𝗿𝗱𝗲𝗿 မှာယူနိုင်ပါပြီ။3L for Successချွေတာမလား၊ ပိုရှာမလားမြန်မာပြည်က လူငယ်အများစုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ဆို့စေတဲ့အရာနှစ်ခုစီးပွားရေးလုပ်ရာတွင် မသိမဖြစ်သိသင့်သော Generic Strategy အကြောင်း လုံခြုံစိတ်ချရမှုကိုရွေးမလား၊ စွန့်စားမလားPersonal Budget အတွက် 50/30/20 Rule ◾ဘ၀က ပိုလွယ်ကူလာတာမဟုတ်ဘူး၊ ကျွန်တော်တို့က ခံနိုင်ရည်ပိုရှိလာတာ ◾Financial Statement ကို ထိန်းချုပ်နိုင်ခြင်းက Financial Freedom အတွက်အခြေခံပဲ ◾အမှီခိုကင်းတဲ့ ချစ်ခြင်းမေတ္တာ