Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

24/06/2024

မီးတောက်လေးတခု (အပိုင်း ၁ )

3 mins read
Life Style
Art
18 Again
မီးတောက်လေးတခု (အပိုင်း ၁ )'s photo

ရွာငယ်လေးတခုတွင်ဖြစ်သည်

"မယ်သန်းကြည် ညည်းသမီးကိုလည်း‌ထိန်းပါဦးအေ ဘယ့်နှယ့်မိန်းကလေးတန်မဲ့တော် ဟိုကြက်ဝိုင်းလည်းသူပါ ဖဲဝိုင်းလဲသူရောက် နှစ်လုံးသုံးလုံးကလဲထိုးသေး ငါ့တို့အမျိုးထဲသူ့လိုလောင်းကစားဝါသနာကြီးတဲ့သူတယောက်မှမပါဘူးနော်"
"‌ကြီးမေရယ် ကျွန်မလဲပြောတာဘဲ သူ့အဖေပိုးသွင်းပေးခဲ့တာကျွန်မဘာတတ်နိုင်မလဲ"
"ဟဲ့ မတတ်နိုင်လို့မရဘူး သူကမိန်းကလေး အခုဆိုအသက်နှစ်ဆယ်ကျော်ပြီ ယောကျားပေးစားလိုက်တော့ ဒါမှဒင်းငြိမ်သွားမှာ"
"ဘာကိုယူရမှာလဲ ဘယ်ယောကျားလဲ ဘွားတင်မြ အိမ်ကိုလာပြီး အမေ့ကိုဘာတွေသွေးထိုးနေပြန်ပြီလဲ အသက်ကြီးပြီးအချိန်မစီးမလုပ်နဲ့နော် "
"အောင်မာ သန်းကြည် တွေ့လားညည်းသမီးငါ့ကိုခံပြောနေတာ လူကြီးကဆုံးမလို့ဆုံးမမှန်းမသိဘူး "
"ဘွားတင်မြ ပါးစပ်ထဲရှိရာလျောက်မပြောပါနဲ့ သူများတွေလိုအောင်သွယ်ခရမယ်တော့မထင်တဲ့ ဒီမှာလက်သီးတွေ့လား တချက်ဘဲ ဘာမှတ်နေလဲ ပြန်တော့"
"အမလေး အရပ်ကတို့ရေ ကောင်းကြသေးရဲ့လား ငါ့ကို‌လက်သီးနဲ့ထိုးမလို့တဲ့ "
.....
"အမေ ဘွားတင်မြပြောတာတွေမယုံနဲ့နော် သူကသေသေချာချာမစုံစမ်းဘဲ ပြောတာသူစကားတွေက အမှန်မဟုတ်ဘူးသိလား"
"အေးပါ သူပြောသလိုတော့မဟုတ်ဘူးမလား ဟုတ်ရင်တောင်ညည်းအဖေနဲ့တင်ငါ့ကိုနှိပ်စက်တာကျေပါစေအေ ညည်းကတော့သူ့လမ်းအတိုင်းမသွားပါနဲ့ ငါရှိကြီးခိုးပါတယ်"
"ဟာ မဟုတ်တာတွေအမေရာ သမီးကိုမယုံရင်အမေမေးချင်တဲ့သူမေးလို့ရတယ် ဖဲလည်းမရိုက်ဘူး ဖဲဝိုင်းမှာထိုင်တာဖဲရိုက်မှထိုင်ရမလား အကောက်ရတယ်လေ ထွေးခင်ကသမီးကိုကောက်ခိုင်းတာ အဲ့တာရတာရဲ့တဝက်ပေးတယ် ပြီးတော့ကြက်ဝိုင်းမှာကလည်း ကြက်လာတိုက်တဲ့သူတွေကို ‌နဲနဲပါးပါး ခန့်မှန်းပြောပေးတာ မနိုင်လည်းဘာမှမဖြစ်ဘူး နိုင်တော့အမြတ်ပေါ့ မုန့်ဖိုးတောင်ပေးသေးတယ် ဒီမှာကြည့် ဒီနေ့တောင်ထွေးခင်က ဘွားတင်မြ အိမ်ရောက်နေတယ်ဆိုလို့ အမေ့နားထဲမဟုတ်တဲ့စကားတွေရိုက်ထည့်သွားမှာဆိုးလို့ အမြန်ပြန်လာတာ နေပါဦး ရေကြည့်ဦးမယ်..ငါးရာ...ရှစ်ရာ...ဒီမှာ နှစ်ထောင်ဆိုတော့..နှစ်ထောင့်ရှစ်ရာ..အော်ဒီမှာထောင့်ငါးရာ ..အမေ ပေါင်းတော့ဘယ်လောက်ရတာ...အမ်...လေးထောင့်နဲ့မှသုံးရာဗျာ ကဲ "
"ဘာကဲလဲ ဘယ်လောက်ဘဲရရ ညည်းကမိန်းကလေးလေ ဖဲဝိုင်းကြက်ဝိုင်းဆိုတာမိန်းကလေးထိုင်ရမယ့်နေရာလား သွားနောက်ဖေးမှာရေနွေးအိုးသွားတည် ငါ မန်ကျည်းရွက်သွားခူးပြီးရွာထဲထွက်မလို့ "
"ဟာအမေကလည်း အဲ့တိုင်းဘဲ တစိတ်ရှိအဲ့ဒီမီးဖိုချောင်ထဲဘဲဝင်ခိုင်းနေတာ နောက်ပြီးဒီနေ့တနေ့တော့‌နားပါဦးလား မရောင်းနဲ့ "
"ဟဲ့မရောင်းရအောင် ဘယ်ကပိုက်ဆံရမလဲ နင့်အဖေကငါတို့ကိုငွေတွင်းထားပေးခဲ့လို့လား ဘာများထားပေးခဲ့လို့လဲ "
"အမေ တခါလာလည်းအဖေ့ကိုထည့်ထည့်ပြောနေတာတော်ပါတော့ အဖေအေးအေးချမ်းချမ်းနေပါစေတော့ သေတဲ့သူကိုပြောတော့ဘာရမှာလည်း အဲ့လောက်တောင်ရောင်းချင်နေရင်သမီးသွားရောင်းမယ် "
"ညည်းပါးစပ်နဲ့တော့ငါ့ဖောက်သည်တွေအကုန်ပျောက်ကုန်ပါမယ်အေ နေနေ ရေနွေးအိုးသာတည်ထား"
"ပြောမရလည်းသွား အိမ်မီးလောင်ရင်သမီးအပစ်မဟုတ်ဘူးနော် "
"ဟယ် ဖတ်ဟယ် မပြောကောင်းပြောကောင်း သွားသွားညည်းသွားရောင်း ခြံထဲမှာသရက်ပင်ဘက်ကအကိုင်းကိုခူး ကြွပ်ကြွပ်အိတ်တွေကဗန်းထဲမှာ ပိုပိုသာသာလေးပေးနော် မစွာနဲ့ ကြားလား"
"ဟုတ်ကဲ့ပါအမေရဲ့ အမေကလိမ္မာလိုက်တာ မွစ်"
"ဟာ ဒီဟာမလေး ငါလုပ်လိုက်ရ"
**အဲ့လိုဘဲအမေ့လက်ကလည်းမြန်မှမြန်

"မေရေ မေ "
"ဘာလဲဟ တိုးတိုးပြောစမ်းပါထွေးခင်ရယ် အမေအိပ်နေတယ် "
"ဟယ်ဟုတ်လား ကြီးမေအိပ်နေတာလား ငါမသိလို့ကန်တော့ကန်တော့"
"ပြောစမ်းပါ လာရင်းကို "
"အော် ဦးမြတ်အောင်သိတယ်မလား သူဆုံးသွားလို့ အဲ့တာထုံးစံအတိုင်းနင့်ကိုအကောက်လာခေါ်တာ ငါကဟိုဘက်ရွာအမေ့ညီမမဂ်လာဆောင်ရှိတော့လေ သွားကူပေးရမှာ"
"ဟုတ်လား ဟိုနေ့ကတောင်ငါသတင်းမေးလိုက်သေးတယ် မြန်လိုက်တာ အေးပေါ့လေ အခြေနေမဟန်ဘူးဆိုတာသိနေတာဘဲ ဆိုတော့ လူကရောများရဲ့လား လူမများရင်ငါလဲမလုပ်ချင်ဘူး အမေကမကြိုက်ဘူးနင်လဲသိတာဘဲ"
"များပါတယ်ဟ သူတို့မိသားစုဝင်တွေကလည်း သဘောကောင်းတယ် မိတ်ကလည်းများတော့ မြို့ကလူတွေလူတော်တော်လာကြမှာ နောက်ပြီး သူတို့ကတခါမှ အတွေ့အကြုံမရှိတော့အကူညီတောင်းတာ စိတ်ချပါ ဘာပြသနာမှမဖြစ်ဘူး ကူညီပါဟာ နင်အကျိုးမယုတ်စေရပါဘူး နော် မေ နော်"
"‌အေးပါ ၇ရက်ဘဲမလား"
"‌အေးဟုတ်တယ် နင်အခုအားပြီလား တခါထဲလိုက်ခဲ့အာ့ဆို"
"အေးခနစောင့် နောက်ဖေးတခါးသွားပိတ်လိုက်ဦးမယ်"
"အမေ အမေ သမီးရွာထဲသွားမလို့ ထမင်းစားနှင့်သိလား ညနဲနဲမိုးချုပ်မယ် "
"မြန်မြန်ပြန်လာနော် အခုထမင်းစားပြီးပြီလား ထမင်းဝိုင်းထဲမှာရွှေကြည်ထုပ်ရှိတယ်ယူသွား "
.....
ဖဲဝိုင်းတွင်
"မေ ငါသွားပြီ စိတ်ချမယ်နော်သူငယ်ချင်း"
"အေးအေး လမ်းမှာဂရုစိုက်ဦး "
"ညီမလေး ဒီကိုကဒ်လေးတွေပေးပါဦး"
"ဟုတ်ကဲ့ "
"ဒီမှာနော်ညီမလေး ပိုတာမုန့်ဖိုးယူလိုက် "
"ရတယ်အကို ဒီမှာအပိုပါ စိတ်မရှိပါနဲ့ ညီမက အတိအကျလုပ်ရတာမို့လို့ပါ တကယ်လို့ပေးချင်ရင် အလှူငွေဗုံးထဲထည့်လိုက်ပါ"
"အော်အေးပါညီမလေး"
"ဟိတ် မေနန္ဒာ လာဦး လက်ဖက်ခွက်ယူခဲ့ "
"ရှင့်မှာလက်မပါဘူးလား မူးနေရင်ငြိမ်ငြိမ်နေနော် မိသားစုဝင်တွေအားနာစရာကောင်းတယ်"
"စကားတွေတတ်နေတယ်ဟုတ်လား လာပါ နဲနဲပါးပါးဝင်ဆော့ပါကွ"
"စကားကောင်းပြောနေတယ်နော် လက်ပါရအောင်မလုပ်နဲ့ ဒေါ်လေးစိန်မျက်နှာရှိလို့"
"မေကလက်ပါချင်လို့လား မေလက်ပါရင် ကိုကပျော်ပျော်ကြီးခံမှာ ပါလိုက်စမ်းပါမေရယ် လာပါ "
"ရှင့်ကိုပြောနေတာမရဘူးလား အဲ့လောက်တောင်ဖြစ်နေတယ် ကဲ"
"အား အား ဘာ ဘာလုပ်တာလဲ နာလိုက်တာ အား ကျွတ်ကျွတ်"
" ဒီလောက်နဲ့တင်ပြီးသွားတယ်မှတ် ပြန်တော့ ပေးအကောက် မိသားစုတွေမှအားမနာ အဲ့လောက်တောင်ဖြစ်နေတာ လာခဲ့ "
"အာ့ မေ မေ ဖြေးဖြေးငါလမ်းမလျောက်နိုင်တော့ဘူး နင်ကဟာ မိန်းကလေးတန်မဲ့ အားကလည်းသန်လိုက်တာ ငါမိန်းမ မရရင်နင့်ကြောင့်နော် နင်တာဝန်ယူ "
"သွား ရော့ကယ်ရီခ ပြန်တော့"
...
"စိတ်မရှိပါနဲ့ ‌ဒေါ်လေးရယ် သူကမူးရင်သွေးဆိုးတတ်လို့ပါ သမီးတို့သူငယ်ချင်းတွေပါ ‌ဆက်ဆော့ကြပါနော် "
....
"‌ညီမလေး "
"ဟုတ်ကဲ့ ငိုက်နေတာထင်တယ် အခန်းထဲအိပ်ချင်အိပ်လို့ရတယ် သော့ခတ်ထားလိုက်ပါ "
"ရတယ်ရတယ်အကို သိမ်းတော့မှာပါ ခနနေ ညီမလည်းပြန်ပြီ "
"ညီမလေးက တမျိုးဘဲနော် ဒီရွာကဇာတိလား"
"ဟုတ်ကဲ့ "
"အော် နာမည်ကရော "
"တမျိုးတော့မထင်ပါနဲ့ အဲ့တာက ပြောစရာမလိုဘူးထင်တယ် ညီမအလုပ်ကလဲ နာမည်နဲ့လုပ်ရတာမဟုတ်တော့လေ "
"အာ ဟုတ်ပါတယ် ဟုတ်ပါတယ်ညီမ အကို‌မှားသွားတယ် ဒါမယ့်အကို့ကိုယ်ကိုတော့မိတ်ဆက်ပါရစေ အကို့နာမည် ဇေယျာဖြိုးပါ "
"ဟုတ်ကဲ့ စိတ်မရှိပါနဲ့ ဝိုင်းတွေသိမ်းပြီမို့ "
"အော် ရပါတယ်ညီမလေး ဒါနဲ့..."
"ဒေါ်လေး သမီးပြန်တော့မယ်ဒါဆို ဒါကရတဲ့အကောက်ငွေတွေပါ အလှူငွေက ဟိုဗုံးထဲမှာ ရှင်းတာက ထွေးခင်နဲ့ဘဲရှင်းလိုက်ပါနော် သမီးစာရင်းရေးခဲ့ပါတယ် "
"အေးပါ အေးအေး တယောက်ထဲလားသမီး လူကြုံရှိရဲ့လား မရှိရင် သားလေးရေ ဇေယျာ သမီးလေးကိုလိုက်ပို့လိုက်ပါဦးကွယ်"
"ဟုတ် ဒေါ်လေး "
"ရတယ်ရတယ် ဒေါ်လေး ဒီလမ်းကသမီးပြန်နေကျလမ်းဘဲ ဘာမှမဖြစ်ဘူး စိတ်ပူပေးတာကျေးဇူးပါ ဒါဆိုပြန်ပြီနော် "
"အေးအေး"
"ညီမ ညီမ ခနလောက်စောင့်ပါဦး "
"အော် ခုနကအကို ဘာကိစ္စများလဲ "
"တယောက်ထဲစိတ်မချလို့ပါ အကိုလိုက်ပို့ပေးပါရစေ"
"မလိုပါဘူး ပြန်နေကျမို့လို့ပါ ဒါဆို "
"ညီမ ‌"
"ရှင်ဘာဖြစ်နေတာလဲ ခုနထဲက ပြောပြီးသား ရှင်မူးနေပြီထင်တယ် အိမ်ပြန်လိုက်ပါ "
"အကိုပြောစရာရှိလို့ပါ "
"ကျွန်မအဲ့လောက်ထိအားမနေဘူး အိမ်မှာအမေတယောက်ထဲ ဆက်လိုက်လာရင် ကျွန်မအဆိုးမဆိုပါနဲ့ "
"အကို ညီမကိုစိတ်ဝင်စားတယ်"

မိန်းမမဆန်တဲ့ မေနန္ဒာဆိုတဲ့မိန်းကလေးတယောက်ရဲ့ သူ့ကိုယ်သူတန်ဖိုးထားမှု ရဲရင့်မှု သူမရဲ့စိတ်ခွန်အားတွေကိုဒီဝတ္ထုလေးမှာတွေ့မြင်ရမှာဖြစ်ပါတယ် အချစ်ဝတ္ထုလေးတဖြစ်လဲ ဘဝ ဇာတ်လမ်းဝတ္ထုလေးပါ အချစ်ကိုမကိုးကွယ်တတ်တဲ့သူမ ဘယ်လိုအပြောင်းလဲတွေကြုံရမလဲဆိုတာ နောက်အပိုင်းတွေမှာဆက်ဖတ်ပေးကြပါဦးရှင်


အပိုင်း၂ နောက်ရက်တင်ပေးပါမယ်ရှင့်
ချစ်သောreaders လေးတွေ?

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ