Phoo Thitsar Nyo
ஐ အမေ့ရဲ့ ဆူငေါက်နေတဲ့အသံကိုပဲ
ငါတို့တွေ ကြားခဲ့ကြတယ်...
ရင်ထဲက ဝမ်းနည်းနေတဲ့အမေ့ရဲ့အသံကိုတော့
မကြားနိုင်ခဲ့ကြဘူး
ஐ အမေ့ရဲ့ ရိုက်နှက်တာတွေကိုပဲ
ငါတို့တွေ မြင်ခဲ့ကြတယ်...
ရင်ထဲမှာတော့ သားသမီးတွေကို
နာကျင်အောင်လုပ်မိလို့
သူ့ကိုယ်သူ အပြစ်တင်နေတာကို
ငါတို့တွေ မမြင်နိုင်ခဲ့ကြဘူး
ஐ အဖေ့ရဲ့ ပစ်ပယ်မှုတွေကိုပဲ
ငါတို့တွေ မြင်ခဲ့ကြတယ်...
ရင်ထဲက ခံစားချက်တွေကို
ဘယ်လိုထုတ်ပြရမလဲမသိတဲ့ လူကြမ်းကြီးကို
ငါတို့တွေ နားမလည်နိုင်ခဲ့ဘူး...
ஐ ဆရာ၊ဆရာမတွေရဲ့ အပြောကြမ်းကြမ်းတွေကိုပဲ
ငါတို့တွေ ကြားခဲ့ကြတယ်...
ရင်ထဲက ကောင်းစေချင်တဲ့စေတနာတွေကို
ငါတို့တွေ မမြင်နိုင်ခဲ့ကြဘူး...
ஐ ဆရာ၊ဆရာမတွေရဲ့ ပြုံးနေတဲ့အပြုံးတွေကိုပဲ
ငါတို့တွေ မြင်ခဲ့ကြတယ်...
နောက်ကွယ်က အဆင်မပြေမှုတွေကိုတော့
ငါတို့တွေ မမြင်နိုင်ခဲ့ကြဘူး
ஐ ဒီလိုပါပဲ... ငါတို့တွေ နားမလည်နိုင်ခဲ့တာတွေ
အများကြီးပဲရှိတယ်... အကယ်၍သာ
ခဏလောက်ပဲဖြစ်ဖြစ် သူတို့ရဲ့နေရာကို
ဝင်ကြည့်ခဲ့မယ်ဆိုရင်...
ငါတို့လုပ်ခဲ့မိတာတွေ၊ ပြောခဲ့မိတာတွေအတွက်
နောင်တရနေမှာ စိုးရိမ်မိတယ်
- ဖူးသစ္စာညို
(24.6.2024 Monday 7:00 p.m)
Keep Reading