SarPhat Author
အဆိုတော် Anne Marie ကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ သူမရဲ့ တချို့သီချင်းတွေဆိုရင်လည်း တကယ်ကို ခွန်အားဖြစ်စေတဲ့ သီချင်းတွေပါ။
ဒီစာအုပ်လေးက Anne Marie ရေးခဲ့တဲ့ You Deserve Better ကို စာရေးဆရာ လင်းသစ်က ဘာသာပြန်ထားတဲ့ စာအုပ်လေးပါ။
ဒီစာအုပ်လေးထဲမှာဆိုရင် Anne Marie က သူမဘဝရဲ့ အဆိုးရွားဆုံးအချိန်တွေ၊အဲ့ဒီအချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ သူမရဲ့ အခြေအနေတွေ၊ သူမရဲ့ သူယောင်စိတ်ရောဂါခံစားခဲ့ရတဲ့အချိန်တွေ၊ အဲ့ဒီအခြေအနေတွေကို သူမ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ ဆိုတာကို အပွင့်လင်းဆုံး ရေးထားတာပါ။ ဒါ့အပြင် အဲ့လိုအခြေအနေတွေဖြစ်လာရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အကြံပေးချက်တွေပါ အများကြီး ပြောပြထားပါတယ်။
စိတ်ခွန်အားပေးစာအုပ်တစ်အုပ်ဆိုတာထက် ဖတ်နေရင်းရမဲ့ feeling က လူကြီးတစ်ယောက်ယောက်က ဒီလိုတွေလုပ်ပါ ဒါတွေလုပ်ပါဆိုပြီး လာပြောပြနေတာထက် သူမအကြောင်းကိုပဲ ပေါ့ပေါ့ပါးပါး ပြောပြနေရင်း သူငယ်ချင်းတစ်ယောက်က ကိုယ့်ဘေးနားလာပြီး အကြံပေးနေတဲ့ ခံစားချက်မျိုးလေး ရပါလိမ့်မယ်။
Winnie ကိုယ်တိုင်လည်း ဒီစာအုပ်ကို အခုမှ ဖတ်နေတုန်းပါ။ အစပိုင်းမှာတင် စိတ်ပိုင်းဆိုင်ရာ တော်တော်လေး grow up ဖြစ်လာသလိုခံစားရတယ်။ ဒါကြောင့် ဖတ်နေရင်းနဲ့ကို ဒီစာလေး ထရေးဖြစ်တာပါ။
ဒီစာအုပ်ကို အဆုံးထိဖတ်ပြီးရင်တော့ စိတ်ပိုင်းဆိုင်ရာလည်း တော်တော်လေး grow up ဖြစ်လာပြီး နည်းလမ်းမှန်မှန်နဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာမယ်လို့ ထင်မိပါတယ်။?
- Winnie -
Keep Reading