အက္ခရာ - Haruki
ဒီဆောင်းပါးက အဓိက ယောကျာ်းလေးတွေအတွက်ရည်ရွယ်ပါတယ်။ အရင်ထဲက ရေးဖို့အစီအစဥ်ရှိပေမယ့် မေ့နေတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။
ဒီနေ့ You can change စာအုပ်ထဲက "ယောကျ်ားလေးတိုင်းအတွက် ရည်ရွယ်သည့်စာ" ဆိုတဲ့အခန်းလေးဖတ်မိလိုက်မှ သတိရခဲ့ပါတယ်။ ဆရာ မင်းခန့် Verse က အဓိက ယောကျ်ားလေးတွေစော်ကြည်ချင်တာရယ်နဲ့ ပတ်သက်ပြီးပြောထားတာပါ။
တကယ်လည်း အမှန်ပါပဲ ... အခုခေတ်မှာ ယောကျ်ားလေးတွေအများစု ကောင်မလေးတွေဝိုင်းဝိုင်းလည်ချင်ကြတယ်၊ အခုခေတ်စကားနဲ့ဆို စော်ကြည်ချင်ကြတယ်ပေါ့။
အဲ့ထဲလည်း ကျွန်တော်ကိုယ်တိုင် ပါခဲ့တယ်ပြောရမယ်။ အရင်တုန်းက ကျွန်တော်၊ စာမဖတ်တဲ့ကျွန်တော်... ကိုယ့်ကိုမိန်းကလေးတွေ စိတ်ဝင်စားစေချင်ခဲ့တယ်။ စော်ကြည်ချင်ခဲ့တယ်။ အပြင်ပိုင်းရုပ်ရည်တွေကိုလည်း သိပ်အာရုံစိုက်ခဲ့ပါတယ်။
ဗလကြွက်သားထွက်အောင်၊ ဝက်ခြံတွေပျောက်အောင်၊ စမတ်ကျနေအောင်၊ အနံ့အသက်ကောင်းအောင် စသဖြင့်လည်း အလှအပတွေ လုပ်ခဲ့ဖူးပါတယ်။
ဒီလိုနဲ့ အချိန်သာကြာလာတယ် ဘာပဲဖြစ်လာလဲဆိုအချိန်ကုန်၊ လူပင်ပန်းလာတာပဲ အဖတ်တင်ပါတယ်။ အဲ့တုန်းကကျွန်တော်ဟာ ရင့်ကျက်မှုမရှိသေးတဲ့ကောင်လေး၊ လူတောမတိုးသေးတဲ့ကောင်လေးတစ်ယောက်အဖြစ်နဲ့ပေါ့။
နောက်ပိုင်းမှာ ကျောင်းပြန်တက်တော့ မိန်းကလေးတွေစိတ်ဝင်စားဖို့ တကူးတကလိုက်လုပ်မနေတော့ဘဲ စာကြိုးစားတယ်၊ ပြိုင်ပွဲတွေဝင်ပြိုင်တယ်၊ စာအုပ်တွေစဖတ်တယ်၊ Channel တွေထောင် စာတွေစပြီး ရေးသားမျှဝေတယ်၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့၊ ရင့်ကျက်ဖို့နဲ့ ကိုယ့်ရဲ့ Skill တွေ ပိုတိုးတက်အောင်ပဲနေ့စဉ်လုပ်ဖြစ်ပါတယ်။
ဒီလိုနဲ့ အတော်လေးကြာလာတော့အစကကိုယ့်ရဲ့ ကောင်မလေးတွေ စိတ်ဝင်စားတာခံချင်တယ်ဆိုတဲ့စိတ်ကပျောက်သွားပြီး မနေ့ကထက် ငါပိုတော်ချင်တယ်ဆိုတဲ့စိတ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ချင်တဲ့စိတ်တွေပဲ ပိုများနေပါတော့တယ်။
After 1 year....
လောကကြီးက တစ်မျိုးတော့ ထူးဆန်းတယ်ခင်ဗျာ..
အဲ့လိုမျိုး ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်လုပ်နေရင်း ကောင်မလေးတွေကို စိတ်မဝင်စားတော့တဲ့အချိန်၊ ကိုယ့်ဘဝရည်မှန်းချက်ကို လျှောက်နေတဲ့အချိန်မှ ကိုယ့်ဘေးနားကောင်မလေးတွေကဝိုင်းလာကြရော...၊
အခုမှ ကျွန်တော်ပြောချင်တဲ့ Point ကိုရောက်ပါပြီ။
အဲ့ဒီ Point ကဘာလဲဆိုတော့
စော်ကြည်ဖို့ကြိုးစားနေတာထက်စာရင် ယောကျာ်းလေးတွေအနေနဲ့ ကိုယ့်ရဲ့တန်ဖိုးကို အမြဲတမ်းပိုပိုမြင့်လာအောင်ကြိုးစားဖို့ပဲ ပိုပြီးအားစိုက်သင့်ပါတယ်။
ကိုယ့်ရဲ့ အရည်အချင်း၊ ရင့်ကျက်မှု၊ တွေးခေါ်မှုပိုင်းဆိုင်ရာ၊ ဖန်တီးနိုင်စွမ်း၊ အောင်မြင်မှု စတဲ့အရာတွေကို ပိုပိုတိုးတက်အောင်လုပ်ရင်းနဲ့ ၁၀၀% ကိုယ့်ကိုကိုယ် ဂရုစိုက်၊ အာရုံစိုက်နေခြင်းက ကိုယ့်ရဲ့ဘေးနားမှာ ကြည်ချင်နေပါတယ်ဆိုတဲ့ ကောင်မလေးတွေဝိုင်းလာတာခံရပါလိမ့်မယ်။
ဒီတော့
မလိုအပ်တာတွေကို အရေးတကြီးလုပ်ပြီး
စော်ကြည်ဖို့ကြိုးစားမနေပါနဲ့။
ကိုယ့်ကိုကိုယ်ပဲ တစ်နှစ်လောက်
ကောင်းကောင်း အချိန်ပေးလိုက်ပါ၊
Change လိုက်ပါ။
Change ဖြစ်လာပါလိမ့်မယ်။
နွေဦးအက္ခရာ ( June 24, 2024 . 3:47 PM )
Keep Reading