SarPhat Author
တစ်နေ့ ကျွန်တော် အဖိုးတစ်ဦးနဲ့ စကားလက်ဆုံကျမိတယ်။
အဖိုးက သူ သိဖူး ကြားဖူးသော ဥပမာပေးတစ်မျိုးအား ကျွန်တော့်ကို ပြန်လည်ပြောပြလေတယ်။
အဖိုးက
" လူမှာ အမျိုးအစား ၄မျိုး ရှိတယ်
ထို လူ အမျိုးအစား ၄မျိုးကို မိုး အမျိုးအစား ၄မျိုးဖြင့် ခိုင်းနှိုင်းထားတယ် " တဲ့
နံပါတ်
(၁) ရွာသာ ရွာ၍ မခြိမ်းသော မိုး
(၂) ရွာလည်းမရွာ ခြိမ်းလည်းမခြိမ်း ၊ မိုးတိမ်များဖြင့် အုံ့ဆိုင်းပြီး ရှိနေမြဲအတိုင်း ရှိနေသော မိုး
(၃) ရွာလည်းရွာ ခြိမ်းလည်းခြိမ်းသော မိုး
(၄) ရွာလည်း မရွာပဲ ခြိမ်းမြဲခြိမ်းသော မိုး
အဖိုးက ထိုသို့ ပြောပြီးနောက် ကျွန်တော့်အား ဆက်လက် ရှင်းပြပေးတယ်
အလုပ်တစ်ခု လုပ်လျှင်လည်း ထို မိုး အမျိုးအစား ၄မျိုးနဲ့တူတဲ့ လူ အမျိုးအစား ၄မျိုး တွေ့ရမယ် တဲ့
နံပါတ် (၁) လူ
(၁) ရွာသာရွာ၍ မခြိမ်းသော မိုး
– အလုပ်တွေလုပ်တယ် ၊ သူ့မှာ လုပ်စရာ ရှိတာတွေ အကုန်လုပ်တယ်
ဘယ်သူ့ကိုမှ ပြောမနေဘူး
စကားတွေလည်းအများကြီး မပြောဘူး ( လေ မကျယ်ဘူး ၊ လေ မကြီးဘူးပေါ့ )
နံပါတ် (၂) လူ
(၂) ရွာလည်းမရွာ ခြိမ်းလည်းမခြိမ်း ၊ မိုးတိမ်များဖြင့် အုံ့ဆိုင်းပြီး ရှိနေမြဲအတိုင်း ရှိနေသော မိုး
– အလုပ်လည်း မလုပ်ဘူး ၊ စကားလည်း မများဘူး ( လေလည်း မကျယ်ဘူး ၊ မကြီးဘူး )
နံပါတ် (၃) လူ
(၃) ရွာလည်းရွာ ခြိမ်းလည်းခြိမ်းသော မိုး
– အလုပ်လည်း လုပ်တယ် ၊ စကားလည်း များတယ် ( လေလည်း ကျယ်တယ် ၊ ကြီးတယ်ပေါ့ )
ငါ ဘာလုပ်ပြမယ် ၊ ငါ ဘယ်လိုမျိုး လုပ်ပြမယ် အစရှိသဖြင့်ပေါ့ ...
နံပါတ် (၄) လူ
(၄) ရွာလည်းမရွာပဲ ခြိမ်းမြဲခြိမ်းသော မိုး
– အလုပ်လည်း မလုပ် ၊ စကားလည်း များ ( လေလည် ကျယ်တယ် ၊ လေလည်း ကြီးတယ်ပေါ့ ) ဆိုပြီး
ရှင်းပြလေတယ်
အဖိုးပြောပြပြီးနောက် ကျွန်တော့်ခေါင်းထဲ အတွေးအများကြီး ဝင်လာတယ်
ပြန်လည် သုံးသပ်မိတယ်
ကျွန်တော့်အတွေးထဲ အဆိုးဆုံးလူ အမျိုးအစားကတော့
နံပါတ် (၄) လူ အမျိုးအစားပဲ
–
နံပါတ် (၂) လူ အမျိုးအစားလည်း ကျွန်တော် မကြိုက်ဘူး
–
ဒီနေရာမှာ ကျွန်တော့်အတွက်က
နံပါတ် (၃) လူ အမျိုးအစားက နည်းနည်း အဆင်ပြေပြီး
နံပါတ် (၁) လူ အမျိုးအစားကိုတော့ ကျွန်တော် သဘောအကျဆုံးပါပဲ
သူငယ်ချင်းတို့ ပတ်ဝန်းကျင် ၊ အလုပ်ခွင်တွေမှာလည်း
မိုးနှင့်တူသော လူ ၄မျိုး ရှိပါတယ်
အားလုံး အတွေးတစ်ခုခု ရပါစေလို့ မျှော်လင့်လျှက် #
အဖိုးအား ကျေးဇူးတင်ပါသည် #
Keep Reading