SarPhat Author
"ဟူး.......ပင်ပန်းလိုက်တာ၊ ခဏနားအုံးမှပဲ"
(မြဇူလီ ရဲ့နောက်မှာ ရဝေ လို့ခေါ်တဲ့ ဝိဉာည်ကောင်လေး လိုက်ပါလာတယ်)
"အား.......။ဟာကွာ ဘာလို့ ခြံထဲဝင်လို့မရတာလဲ"
(မြဇူလီ ရဲ့ခြံကိုစောင့်ရှောက်ပေးနေတဲ့ အစောင့်ရှောက်နတ်ကပြောလိုက်တယ်)
"ရပ်လိုက်စမ်း၊ မင်းဒီခြံထဲကို ဝင်လို့မရဘူး"
"ဘာလို့ ကျနော်ကဝင်လို့မရတာလဲ။ ခင်ဗျားကရော ဘာလို့ကျနော့ကို အမိန့်ပေးနေတာလဲ"
"မင်းက လူသားမဟုတ်ဘူး၊ မင်းက ပရလောကသား ဖြစ်နေပြီ"
"ကျနော်သိတယ်လေ၊ ဒီဘဝလွတ်မြောက်ဖို့ ဒီမိန်းကလေးရဲ့ အကူညီလိုအပ်တယ်"
"မရဘူး၊ ဒီမိန်းကလေးရဲ့ ခွင့်ပြုချက်မရမချင်း မင်းဒီခြံထဲကို ဝင်လို့မရဘူး"
"ဘာလို့မရ ရမှာလဲ။ ဒီမ်ိန်းကလေးက ကျနော့ချည်ဆွဲ ကြိုးလေးကို ယူသွားတယ်၊ ဒါဟာ ကျနော့်ကို ဝင်လာဖို့ ခွင့်ပြုနေတာပဲ"
"ကျနော့ကို ကူညီပါ အစောင့်ရှောက်ကြီးရယ်၊ ကျနော် ဒီဘဝက လွတ်မြောက်နိုင်မှာမို့ပါ"
"ကဲ.......မင်းကလည်း လူ့ဘဝတုန်းက လူကောင်းတစ်ယောက်မို့ ငါခွင့်ပြုပေးလိုက်မယ်"
"ကျေး...ကျေးဇူးပါဗျာ"
"မင်း ဝင်သွားတော့"
............
"ဟို မိန်းကလေး ဘယ်ရောက်နေတာလဲကွာ"
"ခေါ........ခေါ.......ခေါ"
"ဟိုက်......ဟောက်သံက ကျယ်လိုက်တာကွာ၊ ဒီအခန်းထဲက ကြားတာဟ"
(ရဝေ ဟောက်သံကြားရာ အခန်းဆီသို့ သွားလိုက်တယ်)
"ဒီအမိက အိပ်မောကျနေပြီကို...."
(ရဝေ မြဇူလီရှိရာ ခုတင်ဆီသို့ ဉီးတည်သွားပြီ မြဇူလီ ကို ကြည့်ပြီးပြုံးနေမိတယ်)
"အိပ်နေပုံက အပြစ်ကင်းလိုက်တာ၊ ဒီအမိကတော့ ဆင်တတ်နင်းတောင် နိုးမှာမဟုတ်ဘူး"
(ရဝေ ကတီးတိုးစွာပြောပြီး ၊ မြဇူလီ ဘေးနားလေးမှာ အိပ်ပျော်သွားတယ်)
............
(ဒီနေ့လေးက မြဇူလီရဲ့ အကြိုက်ပေါ့၊ ရာသီဉတု သာယာနေတယ်လေ)
"နေတောင်ထွက်ပြီပဲ၊ ထအုံးမှ"
(မြဇူလီ အပျင်းကြောဆွဲရင်း ဘေးကိုလှိမ့်လိုက်သည်)
"အားးးးးးးအမလေး"
"ဟာဗျာ ခင်ဗျားကလည်းလန့်သွားတာပဲ"
"ရှင်ဘယ်သူလဲ၊ အနားမကပ်နဲ့"
"အောင်မလေးဗျာ၊ မကပ်ပါဘူး"
"ရှင်ဘယ်သူလဲလို့ မေးနေတယ်လေ"
"ခဏ.....ခဏနေပါအုံး၊ မင်းငါ့ကို မြင်ရတယ်လား"
"မြင်ရတယ်လေ၊ ရှင်ကဘာမလို့လဲ"
"ဝမ်းသာလိုက်တာကွာ၊ ငါ့ကိုကူညီပေးပါ"
"ရှင်ဘာတွေပြောနေတာလဲ၊ ကျွန်မဘာမှနားမလည်ဘူး"
"ငါဒီဘဝကနေ ကိစ္စတစ်ခုကြောင့် မကျွတ်နိုင်ဖြစ်နေတာ"
"အော်....
ဘာ........ ရှင်ကဒါဆိုသရဲပေါ့"
"ရှင်အနားမကပ်နဲ့.....သွား"
"ငါကို မနှင်ပါနဲ့ကွာ.....ငါ့မှာမျှော်လင့်ချက်ဆိုလို့မင်းပဲရှိတာပါ"
"ပြီးတော့ ဝိညာဉ်ဆိုပင်မယ့် ငါကကြောက်ဖို့ မကောင်းပါဘူး။ ချစ်ဖို့ပဲကောင်းတာ"
"အန်ချင်စရာ"
"မင်းဘာပြောတယ်အမိ"
"ဟုတ်တယ်၊ ရှင်ကကြောက်ဖို့မကောင်းဘူး၊ အမြင်ကပ်စရာ၊ ရိုက်ပစ်ချင်စရာကြီး"
(ရဝေ မထိတထိလေး ပြုံးပြလိုက်သည်)
"ငါမင်းကို အန္တရာယ်မပြုပါဘူး၊ ငါ့ကို ကူညီပေးပါ"
"ရှင်ကျွန်မကို အန္တရာယ်မပြုဘူးဆိုတာ ဘယ်လိုယုံရမလဲ"
"မင်းယူထားတဲ့ ချည်ကြိုးလေးကို သက်သေတည်ပြီးပြောတယ်"
"ရှင်"
"ဟုတ်တယ်၊ အဲ့တာ ကို့ ချည်ကြိုးလေးပဲ"
"ရှင့်ပစ္စည်းလား"
"ကိုယ့်အမေ ကိုယ်တိုင်လုပ်ပြီးပေးခဲ့တာ၊ သိပ်ခိုင်တဲ့ကြိုးလေး၊ ကို တန်ဖိုးထားတဲ့ ပစ္စည်းလေး"
"ကျွန်မ ယူထားရမှာလား"
"ဟုတ်တယ်၊ မင်းသာငါ့ကို ကူညီပေးပါနော်"
"ကျွန်မ ကူညီပေးမယ်၊ အကြောင်းအရာသာ ကျွန်မကိုပြောပြ"
"တစ်ကယ်လား ၊ ပျော်လိုက်တာကွာ"
(မြဇူလီ ရဝေ ကို ကြည့်ရင်းပြုံးနေမိတယ်)
အပိုင်း(3)မျှော်
နန်းသွေးသစ်
Keep Reading