Tapathi (တပသီ)
?အောင်မြင်သူတိုင်း ကြိုးစားကြပါတယ်။ကြိုးစားရာမှာလည်း အရှင်းရှိမှ အမြတ်ရှိသလို ပင်ပင်ပန်းပန်းကြိုးစားမှုကို ရင်းနှီးမှသာ အောင်မြင်မှုဆိုတဲ့ဆုလာဒ်ကို ရရှိမှာဖြစ်ပါတယ်။
?တစ်ဦးတစ်ယောက်က နယ်ပယ်တစ်ခုမှာ အောင်မြင်နေပြီဆိုရင် လူတွေက လွယ်လွယ်ေပြာတတ်ကြတာရှိတယ် သူကတော့ ဒီပညာရပ်မှာ ပါရမီပါတယ် ဉာဏ်လည်းကောင်းတယ် ငါတို့မှာတော့ အဲ့တာတွေ မရှိနိုင်ဘူး မဖြစ်နိုင်ဘူးဆိုပြီး လွယ်လွယ် လက်လျှော့တတ်ကြပါတယ်။ တကယ်တမ်း ကျွန်တော်တို့ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ဘယ်လိုကြိုးစားနေကြတယ် ဆိုတာ ကျွန်တော်တို့ ခင်ဗျားတို့ မသိနိုင်ပါဘူး။ဆရာမCarol Dweck ရဲ့ mindset ဆိုတဲ့ စာအုပ်ထဲတွင် ဘေ့စ်ဘော အားကစားသမားတစ်ဦးဖြစ်တဲ့ Billy Beane ဆိုတဲ့သူဟာ အားကစားမှာပါရမီရှိပြီး လူတွေကသူ့ကို အနာဂါတ်ရဲ့ ထွန်းတောက်လာမယ့် ကြယ်တစ်ပွင့်အဖြစ် သတ်မှတ်ထားတယ်။သူကိုယ်တိုင်လည်း ပါရမီရှိတယ်ဆိုပြီး မကြိုးစားဘဲ သူ့၏လွဲမှားနေသော အတွေးပုံေသများထဲတွင် ပိတ်မိနေခဲ့ပါတယ်။ ဒါ့အပြင် Billy ဟာ 'ကြိုးစားတယ်ဆိုတာ ပါရမီ မရှိတဲ့သူတွေ လုပ်တဲ့ အလုပ်ဖြစ်တယ် ' ဆိုပြီး ထပ်ပြောခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ Billyဟာ အသက်မွေးဝမ်းကြောင်း အလုပ်ပါ ရပ်တန့်သွားတဲ့အထိ ရှုံးနိမ့်သွားခဲ့ပါတယ်။
?ကြိုးစားနေချိန်မှာ ရည်မှန်းချက်ကြီးဖို့လဲ လိုအပ်ပါတယ်။ဆရာဦးဘုန်းဧ။် စာပေဟောပြောပွဲ တစ်ခုတွင် 'သိဒ္ဓတ္ထမင်းသားဟာ ငယ်ရွယ်စဉ်မှာလဲ မပင်ပန်းခဲ့ရသလို ကြီးပြင်းလာချိန်မှာလဲ ဘုရင်ပလ္လင်ဟာ သူ့အတွက် အဆင်သင့်ပဲ ဖြစ်တယ် သို့သော် ရည်မှန်းချက်ကြီးတဲ့သူဖြစ်တဲ့အတွက် ဘုရင်ပလ္လင်ဟာ သိဒ္ဓတ္ထအတွက်သေးသေးလေး သူမှန်းတဲ့ ပလ္လင်ဟာ အပရာဇိတပလ္လင်ဖြစ်တဲ့အတွက် လေးအသေင်္ချနှင့်ကမ္ဘာတစ်သိန်း ခက်ခဲပင်ပန်းစွာ ကြိုးစားပြီး ဘုရားအဖြစ်ကို ရခဲ့ပါတယ် ' ဆိုပြီး ဟောပြောခဲ့ပါတယ်။
?ကိုယ့်မှာ ချို့ယွင်းချက်တစ်စုံတစ်ရာရှိနေခဲ့ရင်တောင် ကြိုးစားမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ဥပမာ- Peta Greyဆိုတဲ့သူဟာ လက်တစ်ဖက်မပါပေမယ့် ဘေ့စ်ဘောအားကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒီလိုအရှုံးမေပးကြတဲ့ လူတွေဟာ ကမ္ဘာမှာေရာ ကျွန်တော်တို့မြန်မာမှာရော အများကြီးရှိပါတယ်။ဒါ့ကြောင့် ဘာအကြောင်းပြချက်မှ မပေးဘဲ တတ်နိုင်သေလာက်ဆိုတာထက် အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
✨အတွေးအခေါ်ကောင်းသူတွေအတွက် အတွက် အောင်မြင်မှုဆိုတာ အကောင်းဆုံး လုပ်ဆောင်နိုင်ခြင်းပင် ဖြစ်ပါတယ်။
စာဖတ်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် အောင်မြင်ပျော်ရွှင်ေသာဘဝေတွကို ပိုင်ဆိုင်နိုင်ကြပါစေ☘
Keep Reading