SarPhat Author
သူငယ်ချင်းတွေကပြောကြတယ် crush ရှိတာကမကောင်းဘူး ။ အရမ်းပူလောင်ရတယ်တဲ့ ။ သူကလည်းကိုယ့်ကိုယ်အမြဲတမ်း ချေနေတာဘဲတဲ့ ။ သူ့စီက reaction လေးတစ်ခုရဖို့တောင် နင်မမျှော်လင့်နဲ့ နင့်မျှော်လင့်ချက်တွေ ပျက်စီးရမှာဘဲတဲ့ ။ အဲ့လိုကြားရပါများလာတော့ ကျွန်မလည်းလူတစ်ယောက်ကို crush ရတာကောင်းတဲ့အချက်တွေ မရှိဘူးလို့ထင်လာခဲ့တယ် ။ ငါတော့လူတစ်ယောက်ကို ဘယ်တော့မှ မcrushတော့ဘူးလို့လည်း ဆုံးဖြတ်လိုက်တယ် ။ ဒါပေမယ့် အချစ်ဆိုတာကလည်း ကိုယ်ဆုံးဖြတ်ထားတဲ့အတိုင်းမှ ဖြစ်မလာတာနော် ။ တစ်နေ့ သင်တန်းသွားဖို့ YBSစီးနေရင်းနဲ့ ကျွန်မရဲ့မြတ်နိုးရာလေးကို တွေ့ခဲ့တယ်ပေါ့ရှင် ။ အဲ့နေ့က မှတ်မှတ်ရရ မနက်ဘုန်းကြီးဆွမ်းထွက်လောင်းတော့ လင်းမြွေအကြီးကြီးက ခြံထဲကိုဝင်လာတာတွေ့လိုက်လို့ ငါတော့ဒီနေ့ပိုက်ဆံဝင်ပြီလို့ထင်ခဲ့လိုက်တာ( အရင်က မြွေမြင်ရင် ပိုက်ဆံဝင်တယ်လို့ ကြားဖူးလို့ပါရှင့် ) ။ ပိုက်ဆံတော့မဝင်ခဲ့ပါဘူး ပိုက်ဆံအစား နှလုံးသားလေးထဲ အချစ်တွေဝင်ခဲ့တယ်ပေါ့ရှင် ။ အဲ့လိုနဲ့ သင်တန်းသွားဖို့ပြင်ဆင်ပြီး YBS ဂိတ်ကိုထွက်လာခဲ့လိုက်တယ် ။ ကံကောင်းချင်တော့ ကျွန်မကားဂိတ်ကိုရောက်ပြီး သိပ်မကြာဘူး ကားကရောက်လာရော(အရင်က အနည်းဆုံး 15မိနစ်လောက်တော့ ကားစောင့်ရပါတယ်ရှင့် ) ။ အဲ့ဒါနဲ့ ငါဒီနေ့ကံကောင်းလိုက်တာလို့ တွေးမိလိုက်တာပေါ့ ။ ဒါပေမယ့် တကယ့်ကံကောင်းခြင်းလေးက ကားပေါ်မှာပါလာမယ်ဆိုတာကိုတော့ ကျွန်မမသိခဲ့သေးဘူးပေါ့လေ ။ ကားရောက်လို့ ကားပေါ်တက်လိုက်တဲ့အချိန် သူကကျွန်မမျက်လုံးထဲကို ထင်းပြီးတော့ဝင်လာခဲ့တယ် ။ ကိုရီးကားတွေထဲကလိုပြောရမယ်ဆိုရင်တော့ သူ့နောက်ကျောမှာရောင်ဝါတွေထွက်နေသလိုပေါ့ ။ ကျွန်မတက်သွားတဲ့အချိန် ကားပေါ်မှာနေရာလွတ်နှစ်နေရာရှိတယ် ။ တစ်နေရာက သူ့ဘေးမှာ ၊ နောက်တစ်နေရာက အမတစ်ယောက်ရဲ့ဘေးမှာပါ ။ ပုံမှန်အတိုင်းဆိုရင်တော့ အမရဲ့ဘေးမှာဘဲ ကျွန်မသွားထိုင်ဖြစ်မှာပါ ။ ဒါပေမယ့် အဲ့နေ့က ဘယ်ကသတ္တိတွေရသွားလည်းမသိဘူး သူ့ဘေးမှာကျွန်မသွားထိုင်လိုက်တယ် ( ကျွန်မက ကိုယ်သဘောကျတဲ့သူကို အဝေးကနေဘဲ ငေးကြည့်တတ်တဲ့ type မျိုးပါ )။ သူဘေးမှာ ထိုင်လိုက်တယ်ဆိုရင်ဘဲ သူ့စီကရေမွှေးနံ့သင်းသင်းလေးကိုအရင်ရလိုက်တယ် ။ အဲ့အနံ့လေးက လူကိုfresh ဖြစ်စေတဲ့အနံ့မျိုးလေး ။ ကျွန်မစိတ်ထဲတွေးမိလိုက်သေးတယ် ။ ရေမွှေးနံ့ရွေးတာလေးတော်လိုက်တာဆိုပြီး ။ ကျွန်မ ယောင်္ကျားလေးတစ်ယောက်ကို တစ်ခါမှ တစိမ့်စိမ့်ထိုင်မကြည့်ဖူးပေမယ့် သူ့ကိုတော့ ခိုးခိုးပြီးတော့ တစိမ့်စမ့်ထိုင်ကြည့်နေခဲ့မိတယ် ။ သူ့လက်ကလေးတွေက အချို့ယောင်္ကျားလေးတွေလို အကြောကြီးတွေထောင်နေတာမျိုးမဟုတ်ဘဲနဲ့ အကြောလေးတွေနည်းနည်းပေါ်ပြီး လက်ချောင်းသွယ်သွယ်ကလေးတွေနဲ့ လက်သည်းခွံေလးတွေဆိုလည်းကြီးပြီးတော့ ပန်းရောင်ကလေးတွေသန်းနေတယ် ။ အသားအရေလေးဆိုလည်း ဖြူတာမဟုတ်ဘဲနဲ့ ဝင်းပြီးတော့ကြည်ကြည်တောက်တောက်ကလေး ။ သူ့ရဲ့မျက်နှာကိုတော့ ကြောက်လို့ တစိမ့်စိမ့်ခိုးမကြည့်ရဲခဲ့ပါဘူးရှင့် ။ ဒါပေမယ့် ကျွန်မ တစ်ချက်တစ်ချက် ခိုးကြည့်လိုက်ရင်တော့ သူ့ရဲ့ရုပ်ရည်က အရမ်းမချောပေမယ့် ကြည်လင်ပြီးရှင်းသန့်နေတဲ့ ရုပ်ရည်မျိုးလေးပါရှင့် ။ ပြီးတော့ ယောင်္ကျားလေးတော်တော်များများက ရေဘူးမဆောင်ကြပေမယ့် သူကတော့ glass bottle ဘူးလေးကိုဆောင်ထားတယ် ။ ရေလည်းတော်တော်သောက်တဲ့အထဲပါမယ်ထင်တယ် ကျွန်မမဆင်းခင်အထိ သူရေခဏခဏသောက်တာကို မြင်မိတယ် ။ အဲ့တာကြောင့်လည်း သူ့အသားအရေလေး လှနေတာလို့လည်းတွေးမိပါရဲ့ ။ ကဲ. .. သူ့ရဲ့ပုံစံလေး ကိုလည်းပြောပြပြီးသွားပြီဆိုတော့ ကျွန်မသူနဲ့အတူထိုင်နေတုန်း ကြုံနေခဲ့ရတဲ့ ပြဿနာလှလှလေးတွေကိုလည်းပြောပြပါဦးမယ်ရှင် ။ တကယ်တော့ ကျွန်မက တစ်ခါမှ ရင်မခုန်ဘူးတဲ့ထဲပါတယ်ရှင့် (စာမေးပွဲမှလွဲရင်) ။ အဲ့တော့ ကိုယ်သဘောကျတဲ့သူနဲ့ တစ်ခုံထဲဘေးချင်းကပ်ထိုင်ရတဲ့အခါ ရင်တွေအခုန်လွန်ပြီး အသက်ရှုတွေကျပ်လာတာပါဘဲရှင် ။ ကိုယ်ရင်တွေခုန်နေတယ်ဆိုတာ အပြင်မှာသူမသိအောင်လည်းနေရသေးတယ် ။ တစ်ဖက်မှာလည်း စိတ်တွေလှုပ်ရှားလွန်းလို့ ခြေဖျားလက်ဖျားတွေပါ အေးစက်လာပြီး အသက်ရှုတွေမဝဖြစ်လို့ သက်ပြင်းတွေ ခဏခဏချမိတဲ့အထိဘဲ ။ ကိုယ်သက်ပြင်းတွေခဏခဏချမိလို့ သူရိပ်မိသွားမှာလည်းကြောက်ရ ။ ဟူးးးးး တကယ်ပါ အမျိုးစုံကြိုးခုန်ခဲ့ရသည်ပေါ့ ။ နောက်ဆုံး ကိုယ်ဆင်းရမယ့်မှတ်တိုင်ရောက်လို့ ကိုယ်ထတဲ့အခါ သူပါလိုက်ထလို့ သူနဲ့မှတ်တိုင်အတူတူဆင်းရပြီပေါ့လို့ ထင်ခဲ့တာ ။ ဒါပေမယ့် ကိုယ်ဆင်းပြီး နောက်လှည့်ကြည့်တော့ သူကပါမလာခဲ့ဘူး ။ အဲ့တော့နည်းနည်းတော့စိတ်မကောင်းဖြစ်သွားတယ် ။ အတူတူဆင်းဖြစ်ရင် သူဘယ်ကိုသွားမှာလဲ လောက်တော့သိရမယ်ထင်ခဲ့တာလေ ။ ဒါပေမယ့် သူကကိုယ်ဆင်းမယ့်မှတ်တိုင်မှာ မတ်တပ်ထရပ်တယ်ဆိုတော့ နောက်မှတ်တိုင်မှာ ကျိန်းသေဆင်းမှာဘဲလေ ။ အဲ့တော့ နောက်သူနဲ့ ထပ်ဆုံဖို့ အခွင်းအရေးလေးထပ်ရှိသေးတယ်လို့လည်း မျှော်လင့်မိတယ်။ ပြီးတော့ သူကကြည့်လိုက်တာနဲ့ standard တစ်ခုရှိမှန်းသိသာတာမလို့ ။ ကျွန်မ သူနဲ့လိုက်ဖက်ညီအောင် ပိုကြိုးစားဖြစ်တယ် ။ mental ပိုင်းရော physical ပိုင်းရောပေါ့ ။ အရင်ကဆို စာလုပ်ဖို့အရမ်းပျင်းပေမယ့် အခုဆို သူသဘောကျတဲ့သူဖြစ်အောင် ငါတော်နေတဲ့သူဖြစ်ရမယ်ဆိုတဲ့စိတ်ကဝင်နေတော့ motivation တောင်မလိုတော့ဘူး ။ ကျွန်မရဲ့စိတ်က အမြဲactive ဖြစ်နေတယ် ။ တစ်နေ့ သူနဲ့ပြန်တွေ့တဲ့အခါ ကျွန်မက သူ့အတွက် အရာအားလုံး ready ဖြစ်နေရမယ် ဆိုတဲ့စိတ်နဲ့ဘဲ ကျွန်မအမြဲရှင်သန်ဖြစ်တယ် ။ ကျွန်မသူငယ်ချင်းတွေ ပြောသလို စိတ်ဓာတ်ကျစရာ အတွေးတွေတွေးဖြစ်မယ်ဆို ကျွန်မဇာတ်လမ်းက တစ်ခါဘဲတွေ့ဖူးပြီး ဘယ်အချိန်ပြန်တွေ့မှာမှန်းမသေချာတဲ့အတွက် အမြဲအသည်းကွဲပြီး စိတ်ညစ်နေရမှာ အမှန်ဘဲ ။ အဲ့တာကြောင့် လူတစ်ယောက်ကို crushရတာဟာ အမြဲတမ်း မကောင်းတာတွေဘဲ ကြုံနေရတာမဟုတ်ပါဘူး ။ ကျွန်မအတွက်ဆိုရင် သူရောက်လာတာက ကျွန်မအတွက် ဘုရားသခင်ကဖန်ဆင်းပေးလိုက်တဲ့ နတ်သားလေးတစ်ပါးရောက်လာသလိုပါဘဲ ။ သူ့ကြောင့် ကျွန်မဘဝအများကြီး တိုးတက်ပြောင်းလဲလာခဲ့တယ် ။ အဲ့တာကြောင့် crush ကြောင့် စိတ်ညစ်နေကြတဲ့သူလေးတွေရှိရင် အတွေးလေးတွေ ပြောင်းကြည့်လိုက်ကြပါနော် ။
21.6.2024
Keep Reading