SarPhat Author
လောကမှာ တန်ဖိုးရှိတဲ့အရာကို ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိရမယ်။ လက်မလျော့ဘဲ ကြိုးစားတတ်ရမယ်။
ဒီနေရာမှာ အမေ့ရဲ့ မိန့်ခွန်းတစ်ခုမှာ ပြောသွားတာလေးကို သတိရမိတယ်။
ဝီရိယမှာ အဆင့် (၄) ဆင့်ရှိတယ်။
ပထမအဆင့်က အလုပ်တစ်ခုကို လုပ်မယ်ဆိုပြီး ဆုံးဖြတ်တာ။
ဒုတိယအဆင့်က ဆုံးဖြတ်ချက်အတိုင်း ဒီအလုပ်ကို စလုပ်တာ။
တတိယအဆင့်က ခက်ခဲပေမဲ့ ဆက်ပြီးတော့လုပ်တာ။
စတုတ္ထအဆင့်ကတော့ ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရရင်တောင် လက်မမြှောက်ဘဲ နောက်တစ်ခါထပ်ပြီး ကြိုးစားတာ။ အဲ့တာ ဝီရိယပါတဲ့?
အမေ့ကို သတိရလို့ ရေးတဲ့စာလေးပါ။
ကျန်းမာပါစေ အမေ?
- Winnie -
Keep Reading