Sandi Cho
လူတစ်ဦးနဲ့ တစ်ဦးဆက်ဆံရေးမှာ အရေးကြီးဆုံးအရာကempathyပါ။လူတွေက ကိုယ့်ကို လုံခြုံနွေးထွေးမှုပေးနိုင်တဲ့ ရပ်၀န်းမှာပဲနေချင်ကြတယ်။ချိုအပါအ၀င်ပေါ့။အဲလိုလုံခြုံနွေးထွေးမှုက ဘယ်ကနေလာလဲဆိုရင် စာနာနားလည်မှုကနေလာတယ်။အဲဒါကြောင့် လူတွေနဲ့ ဆက်ဆံရေးပြေပြစ်ဖို့ဆို အဓိက လိုအပ်တဲ့ အရာတစ်ခုက Empathy(စာနာနားလည်မှု)ပါ။
ချိုဖတ်ဖူးတဲ့ စာအုပ်ထဲက empathy skillငါးခုအကြောင်းကို စာဖတ်သူလေးတွေ ဗဟုသုတရအောင် ပြန်လည် မျှဝေပေးချင်ပါတယ်။
တစ်ခြားသူတွေရဲ့ ရှုထောင့်ကနေ၀င်ကြည့်ပေးပါ။?
လူတွေကမွေးလာကတည်းက သူတို့နေထိုင်ရာပတ်၀န်းကျင်၊အတွေ့အကြုံတွေ ကွဲပြားတဲ့အတွက်ကြောင့် ရှုထောင့်၊ အမြင်တွေဟာလည်း သေချာပေါက် မတူညီနိုင်ကြပါဘူး။ဖြစ်ရပ်တစ်ခုတည်းကိုပဲ လူခုနှစ်ယောက်က ရှုထောင့်ခုနှစ်မျိုးနဲ့ကြည့်တတ်ကြတယ်။အဲဒါကြောင့် စာဖတ်သူလေးတို့အနေနဲ့ “ငါအမြင်သာအမှန်"ဆိုတဲ့ စိတ်ကလေး မမွေးမိဖို့လိုတယ်။တစ်ခြားသူတွေရဲ့အမြင်ကိုလည်း လေးစားတတ်ဖို့လိုပါတယ်။
ကိုယ့်အမြင်တစ်ခုတည်းနဲ့ ကောက်ချက်ချတာမျိုး မလုပ်ပါနဲ့။❌
ကိုယ့်အမြင်မှာတော့ သူဟာအကြင်နာတရားကင်းမဲ့တဲ့ သားသတ်သမားတစ်ယောက်ဖြစ်နေနိုင်ပေမယ့် သူ့မိသားစုမှာတော့ သူဟာ ကလေးတွေကို ထမင်းမငတ်အောင် ကြိုးစားပေးနေတဲ့ ကောင်းမွန်တဲ့ အဖေတစ်ယောက်ဖြစ်နေနိုင်တယ်။
*Never judge a book by its cover
အဲစကားလေးလိုပါပဲ။စာအုပ်တစ်အုပ်ကို မဖတ်ကြည့်ရသေးပဲနဲ့ သူရဲ့ အဖုံးကိုကြည့်ပြီး မဝေဖန်သင့်သလို လူတစ်ယောက် အကြောင်းကို ကောင်းကောင်းမသိပဲ ကိုယ်မြင်နေရတာ တစ်ခုတည်းကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး။
တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်ပေးပါ။?
ဒီနေရာမှာ ချိုတို့ထင်ကြတာက သူတို့က ချိုတို့က လာရင်ဖွင့်ရင် ချိုတို့က အကြံဉာဏ်တွေပေးကြတယ်။တကယ်ဆို ချိုတို့အတွက်အမှန်တကယ် လုပ်ပေးသင့်တာက နားထောင်ပေးတာပါ။အကြံတွေပါတွေနောက်ထား၊တစ်ဖက်သူက ကိုယ်သူတို့ကို နားလည်တယ်လို့ ခံစားစေချင်တယ်ဆို သူတို့ပြောတာတွေကို သေချာအာရုံစိုက်ပြီးနားထောင်ပေးပါ။သူတို့ကို နားလည်ကြောင်းကို စကားနဲ့ပြောတာထက် အမူအရာလေးတွေနဲ့ပြပါ။သူရင်ဖွင်နေတာလေးကို ကြည့်ပြီး လက်ကလေးနဲ့ပုပ်ပေးတာ၊တစ်ဖက်သူရဲ့ လက်ကို နွေးထွေးစွာနဲ့ဆုပ်ကိုင်ပေးထားတတ်တာလေးတွေပါ။
နားလည်မှုနဲ့ ရင်ဘတ်ချင်းနီးအောင်ဆက်သွယ်ပြောဆိုပါ။??
အပေါ်မှာပြောခဲ့သလို ချိုတို့က သူတို့ရဲ့ ခံစားချက်ကို အရင်မို့ဦးဆုံး သေချာဂရုစိုက်နားထောင်ပေးမယ်။ပြီးတော့မှ ဆက်သွယ်ပြောဆိုပါမယ်။ချိုအရင် ဆောင်းပါးလေးမှာရေးဖူးသလိုပါပဲ။နားလည်မှုဆိုတာ သူတို့လုပ်နေတာကို အပြည့်အ၀ ထောက်ခံပေးရတာမျိုး မဟုတ်ပါဘူး။သူတို့ရဲ့ ခံစားချက်ကို နားထောင်ပေးပြီး သူတို့ဘယ်လိုတွေးလို့ ဘယ်လိုခံစားနေရလဲ ဆိုတာသိအောင်လုပ်ပါ။ပြီးရင် သူတို့ရဲ့ အတွေးတွေမှာ မှားနေတာတွေရှိရင် ပြန်လည်ပြုပြင်ပေးခြင်းကမှ စစ်မှန်တဲ့နားလည်မှုပါ။
အဲနေရာမှာလည်း မင်းတွေးတာကြီးက မှားနေတယ်လို့ မပြောပဲနဲ့ ဒီလိုလုပ်ရင်ပိုပြီးတော့မကောင်းဘူးလား။ဒီလိုလေးဆိုပိုအဆင်ပြေမှာပဲ။အဲလို တစ်ဖက်သူကို မှားတယ်လို့ တိုက်ရိုက်မပြောပဲ ပိုကောင်းတဲ့ အရာလေးတွေရှိတယ်ဆိုတာကိုထောက်ပြပေးခြင်းက တစ်ဖက်သူရဲ့ စိတ်ထဲမှာ ကိုယ့်ကို ယုံကြည်အားကိုးလို့ရတယ်ဆိုတဲ့ စိတ်ကိုဖြစ်စေပါတယ်။အဲလို စိတ်ခံစားချက်တွေကို မျှဝေပြောဆိုခြင်းက ရင်ဘတ်ချင်း ပိုနီးစေပါလိမ့်မယ်။
Mindfulness?
Mindfulnessဆိုတာ စိတ်ခံစားချက်တွေကို ကောင်းစွာသတိပြုနိုင်ခြင်းဖြစ်ပါတယ်။တစ်ခြားသူတွေကို စိတ်ခံစားချက်တွေကို စာနာနားလည်ပေးဖို့ဆို ကိုယ့်ဟာကိုယ် အရင်ဆုံး နားလည်ထားဖို့ကလည်းအရေးကြီးပါတယ်။mindfulnessက ကိုယ့်ဟာကိုယ်အပြစ်မတင်ပဲ လက်ခံလာတတ်သလို တစ်ခြားသူတွေပါ်မှာလည်း အပြစ်မြင်မှုလျော့နည်းလာပါတယ်။အဲဒါကြောင့် mindfulnessက empathyအတွက် အရေးပါတယ်လို့ပြောလို့ရပါတယ်။
အနှစ်ချုပ်ရမယ်ဆို
Empathy is
seeing with the eyes of another,?️
listening with the ears of another,?
and feeling with the heart of another.?
Empathy(စာနာနားလည်မှု)ရှိခြင်းက ကိုယ့်ရဲ့ဘ၀တွက်အရမ်းကိုအရေးပါသလို ကမ္ဘာကြီးတွက်လည်း အရမ်းကိုအရေးပါ ပါတယ်။လူဆိုတာတစ်ယောက်ထဲနေလို့မရပါဘူး။အဲတော့ ကိုယ့်ရဲ့ လူမှုပတ်၀န်းကျင်နဲ့ဆက်ဆံတဲ့အခါ စာနာနားလည်မှုရှိခြင်းက ကိုယ့်ရဲ့ လှုမှုဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေပါတယ်။
အဲဒါကြောင့် စာနာနားလည်မှု(empathy)ပြည့်၀တဲ့ လူသားတွေဖြစ်အောင် ကြိုးစားကြပါစို့ရှင့်?
20.6.2024?
#SandiCho
#Empathy
#photo_crd
Keep Reading