Phoo Thitsar Nyo
◯ တန်ဖိုးဆိုတာက...
အဲ့ဒီအရာရဲ့ အရည်အသွေးပေါ် မှာမူတည်သလို
တန်ဖိုးထားတဲ့သူအပေါ်မှာလည်း မူတည်ပါတယ်
๛ ပထမဆုံးအနေနဲ့ အရည်အသွေး
ကိုယ်တိုင်က ဘာအရည်အသွေးမှမရှိဘူး
ဆိုရင်တော့ တန်ဖိုးဆိုတာလည်း
ရှိလာမှာ မဟုတ်ပါဘူး...
ကိုယ်က ကိုယ့်တန်ဖိုး မြင့်တက်အောင်
အရည်အချင်းရှိအောင် ကြိုးစားမှ
တန်းဖိုးရှိလာမှာဖြစ်ပါတယ်...
༺ လမ်းဘေးမှာ နေရင်တော့
လမ်းဘေးအဆင့်လောက်ပဲ ရှိမှာပါ ༻
๛ ဒုတိယအနေနဲ့ တန်ဖိုးထားတဲ့သူ
လမ်းဘေးကပန်းတစ်ပွင့်တောင်
တန်ဖိုးထားသူလက်ထဲရောက်တဲ့အခါ
ဆံနွယ်ထက်မှာ နေရာယူခွင့်ရပါတယ်
ဘယ်လောက်ပဲ စျေးကြီးပေးဝယ်ရတဲ့
ပန်းတစ်ပွင့်ဖြစ်နေပါစေ
တန်ဖိုးမထားတဲ့သူလက်ထဲရောက်ရင်
ကြေမွပျက်စီးရတာပါပဲ
⊹˚⊹˚ ⊹˚ ⊹˚ ⊹˚ ⊹˚
အဲ့လိုအခါမျိုးမှာ
ကိုယ်ဟာ တန်ဖိုးမရှိလို့မဟုတ်ဘဲ
အဲ့ဒီလူကသာ ကိုယ့်ရဲ့တန်ဖိုးကို
နားမလည်တာပါ....
˚⊹ ˚⊹ ˚⊹ ˚⊹ ˚⊹ ˚⊹
:・゚✧:・゚ :・゚✧:・゚ :・゚✧:・゚
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
တန်ဖိုးထားခံချင်တဲ့အခါ
ကိုယ်တိုင်က ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ၊
တန်ဖိုးရှိအောင် နေပါ။
ကိုယ့်ကို တန်ဖိုးမထားတဲ့သူအနားမှာ
တွယ်ကပ်မနေဘဲ လှည့်ထွက်ခဲ့လိုက်ပါ
မဟုတ်ရင် မင်းရဲ့တန်ဖိုးကျလိမ့်မယ်
:・゚✧:・゚ :・゚✧:・゚ :・゚✧:・゚
-ဖူးသစ္စာညို
(20.6.2024 Thursday 10:00 a.m)
Keep Reading