Author's Profile Photo

Moe

19/06/2024

သြဇာသီး

1 min read
Life Style
Health
General Knowledge
သြဇာသီး's photo

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ သြဇာသီးအကြောင်းပါရှင့်။

မြန်မာပြည်မှာ“သြဇာ"လို့ခေါ်တဲ့အတိတ်နိမိတ်ကိုကောက်ပြီးတော့ သြဇာတိက္ကမဘုန်းတန်ခိုးကြီးဖို့ဆိုတဲ့ ယုံကြည်မှုတွေကြောင့်ဘုရားနဲ့သံဃာတော်တွေကို မြန်မာလူမျိုးထုံးစံအတိုင်းသြဇာသီးလှူဒါန်းလေ့ရှိကြပါတယ်။

သြဇာပင်ကမြန်မာနိုင်ငံအလယ်ပိုင်း ပြင်ဦးလွင်၊တောင်ကြီးနဲ့ကရင်ပြည်နယ်တို့ဖက် မိုးလယ်ကာလမှာတခြားဒေသတွေထက် သြဇာသီးအများကြီးထွက်ပါတယ်။
သေသေချာချာပြောပြရမယ်ဆိုရင်တော့ ပုပ္ပားကထွက်တဲ့သြဇာသီးကတခြားဒေသအသီးတွေထက် အရွယ်ပိုမိုကြီးမားကြပြီးတော့ ပြည်မြို့ကထွက်တဲ့ ခရမ်းရင့်ရောင်ဆန်ဆန်နီညိုညိုအသီးက အရသာပိုချိုတယ်လို့နာမည်ကြီးပါတယ်ရှင့်။

ရိုးရိုးသြဇာသီးထက် နည်းနည်းကြီးပြီး​တော့ ဆူးပျော့ပျော့လေး​တွေ ပါတဲ့“ဒူးရင်းသြဇာ”သီးဆိုတာလည်းရှိပါတယ်။

ဒူးရင်းသြဇာသီးကတခြားအသီးတွေနဲ့ယှဉ်ရင် ချိုချဉ်ချဉ်အရသာနဲ့အနံ့ပိုပြင်းပြီးတော့ အထဲကအတွင်းသားတွေက ပုံမှန်သြဇာသီးအမျိုးအစားထက်ပျော့ပါတယ်။
ပြီးတော့ အစေ့နည်းပါးပါတယ်တဲ့ရှင့်။


ဒူးရင်းသြဇာက ကင်ဆာရောဂါအတွက် အလွန်ဆေးဖက်ဝင်ပါတယ်။

ဒါကြောင့်ပဲ မြန်မာပြည်တွင်းပိုင်းမှာတွေ့နိုင်ခြေနည်းပေမယ့် ကရင်၊ထိုင်းနယ်စပ်ဒေသမှာတော့အများကြီးတွေ့ရမှာပါရှင့်။

#Moe
#Knowledge
#forward_only

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်