Ami(Stellari)
Introvertလို့ ပြောလိုက်တာနဲ့ လူတော်တော်များများက လူကြောက်တဲ့ သူတွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ သူတွေ၊ ပေါင်းသင်းဆက်ဆံရေးမကောင်းတဲ့ သူတွေလို့ မြင်ကြတတ်ပါတယ်။ တကယ်တော့ Introvertတိုင်းကတော့ အဲ့လိုမဟုတ်ပါဘူး။ သူတို့ရဲ့ သဘောသဘာ၀ကိုက တစ်ယောက်တည်းနေရတာ၊ တသီးတသန့်နေရတာကို နှစ်သက်ကြလို့ပါ။ လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ energy ကုန်ဆုံးသလို ခံစားရတာကြောင့် လူများတဲ့ နေရာတွေကို ရှောင်လေ့ရှိကြတာပါ။
Introvert တိုင်းတော့လည်း အဲ့လို မဟုတ်သေးပြန်ပါဘူး။ တကယ်လူကြောက်တဲ့ Introvert တွေလည်း ရှိပါတယ်။ သူတို့က လူတွေနဲ့ စကားပြောရမှာကို ကြောက်ကြတယ်။ အရှက်အကြောက်ကြီးတယ်။ ၀မ်းနည်းအားငယ်လွယ်တယ်။ ပြီးတော့ လူတော်တော်များများကလည်း Introvert ဆိုရင် လူတောမတိုးတဲ့သူလို့ သတ်မှတ်ပြီး ရှောင်ကြဉ်ကြတတ်သေးတော့ အဲ့လို၀မ်းနည်းလွယ်တဲ့ သူလေးတွေက ပတ်၀န်းကျင်ရဲ့ အပြင်ကို ရောက်ရောက်သွားတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း Introvert ဖြစ်နေတဲ့အတွက် အပြစ်တင်တတ်ကြပါတယ်။
တကယ်တော့.....
အဲဒါဟာ ကိုယ့်ရဲ့ personality typeဖြစ်တာကြောင့် ကိုယ်နဲ့ပဲဆိုင်ပြီး သူများတွေနဲ့ မဆိုင်ပါဘူး။ ဒါကြောင့် သူများပြောတဲ့စကားတွေကို ခေါင်းထဲမထည့်ပါနဲ့။ Personality Typeတွေတိုင်းမှာ ကိုယ်စီအားသာချက်တွေ ရှိပါတယ်။ Energy သုံးပုံတွေ၊ Personal Preference တွေပဲ ကွဲပြားတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ဖြစ်တည်မှုကို အပြစ်မတင်ပါနဲ့။
ဒါပေမဲ့......
ကျွန်မတို့ဟာ အမြဲတစ်ယောက်တည်း နေလို့လည်း မရပြန်ပါဘူး။
ဘာလို့ဆိုရင် ကျွန်မတို့ဟာ လူ့အဖွဲ့အစည်းထဲမှာ နေထိုင်နေကြလို့ပါပဲ။ လူတွေနဲ့နေတာ ဖြစ်တာကြောင့် လူတွေကို မကြိုက်ဘူး၊ သက်တောင့်သက်သာမဖြစ်ဘူးဆိုတာနဲ့ပဲ အမြဲရှောင်နေလို့မရပါဘူး။ အနည်းဆုံးတော့ ကိုယ့်ရဲ့ စီးပွားရေး၊ ပညာရေး စတဲ့နေရာတွေမှာ ကူညီပေးနိုင်မယ့် လူတွေနဲ့တော့ မိတ်ဆွေဖြစ်သင့်ပါတယ်။
ဒါကြောင့် Introvert တွေအနေနဲ့ ပေါင်းသင်းဆက်ဆံရေး တိုးတက်လာနိုင်မယ့် အချက်တချို့ကို ပြပေးလိုပါတယ်။
သင်က တကယ့်Introvert လုံးလုံးကြီးဖြစ်နေရင်တော့ အစပိုင်းမှာ တော်တော်နေရခက်ပါလိမ့်မယ်။ သူတို့စကားပြောတာတွေ နားထောင်ရင်းနဲ့ကို ပင်ပန်းသလို ဖြစ်လာမှာပါ။ ဒါပေမဲ့ သူတို့က တက်ကြွတဲ့ သူတွေ၊ အကောင်းမြင်တတ်တဲ့ သူတွေဆိုတော့ သူတို့ရဲ့ လန်းဆန်းမှုတွေကလည်း ကိုယ့်ဆီကူးစက်လာမှာပါ။ Extrovert တွေနဲ့ အတူ စကားပြောကြည့်ပါ၊ သူတို့ပြောတာတွေကို နားထောင်ပါ၊ သူတို့လို ပြုမူကြည့်ပါ၊ သူတို့ရဲ့ social skillတွေကို သင်ယူပါ။
Positive ဆန်စွာ နေပါ။ ပြုံးပါ။ စကားပြောတဲ့အခါ Eye contact ရှိပါစေ။ အခြားသူတွေကို ကူညီပါ။ အားလုံးနဲ့ အဆင်ပြေအောင် ခင်ခင်မင်မင်နေကြည့်ပါ။
ကိုယ့်ရဲ့ ခံစားချက်တွေ၊ အတွေးအမြင်တွေကို ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ။ ဒီအချက်က ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်ဖို့ တကယ်အထောက်အကူ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကလည်း လွတ်လပ်ပေါ့ပါးနေမှာပါ။ ဒါပေမဲ့ အခုမှတွေ့သူတဲ့သူ၊ ခင်တဲ့သူကိုတော့ အတွင်းရေးတွေ၊ မပြောသင့်တာတွေကိုတော့ မပြောမိဖို့ သတိထားပါ။
တူညီတဲ့ စိတ်ဝင်စားမှုတွေ၊ ဝါသနာတွေကိုအကြောင်း ပြောကြည့်ပါ။ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာနိုင်တာကြောင့် ပိုပြီးခင်မင်လာနိုင်ပါတယ်။ ပြီးတော့ ကိုယ်ကြိုက်တဲ့အကြောင်းတွေ ပြောတာကြောင့်မလို့ သိပ်ပြီးလည်း ဖိအားတွေမရှိပါဘူး။ ပေါ့ပေါ့ပါးပါးပါပဲ။၊
တူညီမှုကို တကူးတက ရှာဖွေစရာမလိုတာမို့ ဒီအချက်ကလည်း အဆင်ပြေမှာပါ။ ပြီးတော့ ကိုယ့်ထက် အတွေ့အကြုံရင့်တဲ့သူတွေဆီကနေလည်း သင်ယူနိုင်ပါတယ်၊ ideaတွေလည်း ဖလှယ်နိုင်ပါတယ်။ အတွေးအမြင်မတူတဲ့ သူတွေနဲ့လည်း ရင်းနှီးအောင်နေကြည့်ပါ။ မတူညီတဲ့ အတွေးတွေ၊ အတွေ့အကြုံတွေလည်း ရနိုင်ပါတယ်။
အခြားသူတွေရဲ့ ပြောစကားတွေကိုလည်း သေချာနားထောင်ပါ။ လက်ခံပေးပါ။ ကိုယ့်ရဲ့ အတွေးအမြင်၊ အကြံအစည်တွေကိုလည်း ရဲရဲတင်းတင်း ပြောပြပါ။ အရမ်းကြီး serious မဖြစ်ပါနဲ့။ ပေါ့ပေါ့ပါးပါးပဲနေပါ။ ငါက ငါ့energyတွေကို ကောင်းတဲ့နေရာမှာ သုံးနေတာလို့ တွေးပါ။
သင်က ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းနေတဲ့ သူဆိုရင်(ဘယ်typeဖြစ်ဖြစ်) ဒီအချက်တွေက အကူအညီဖြစ်စေမှာပါ။ ဒါပေမဲ့ သင်က Introvert ဆိုရင်တော့ သိထားရမှာက အခုလိုလိုက်လုပ်လို့ ချက်ချင်းကြီးတော့ ပြောင်းလဲသွားမှာ၊ Extrovert တစ်ယောက်ဖြစ်သွားမှာတော့ မဟုတ်ပါဘူးနော်။ ဘာလို့ဆိုရင် ဒါတွေက ကိုယ့်ရဲ့ communication skillကို တိုးတက်စေတဲ့ အချက်တွေ၊ အလေ့အကျင့်တွေ ဖြစ်တာကြောင့်ပါ။
ပြီးတော့ ပြောခဲ့သလိုပဲ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေ၊ personality typeတွေကိုလည်း အပြစ်မတင်ပါနဲ့၊ မဝေဖန်ပါနဲ့။ ကိုယ့်ကိုယ်ကိုမှ မချစ်ရင် ဘယ်သူမှ ကိုယ့်ကို လာမချစ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်ပါ၊ တန်ဖိုးထားပါ၊ ဂရုစိုက်ပါ၊ အမြဲမပြတ်လေ့လာဆည်းပူးပါ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ အားသာချက်တွေ ရှိပါတယ်။
အဆင်ပြေနိုင်ကြပါစေ။
-အေမီ(စတယ်လာရီ)-
-19 June 2024, 5:28 pm-
Keep Reading