Author's Profile Photo

Var Han Jar

19/06/2024

ပြောပြောနေကြတဲ့ "ရသ" ကဘာတဲ့လဲ

1 min read
Life Style
General Knowledge
ပြောပြောနေကြတဲ့ "ရသ" ကဘာတဲ့လဲ's photo

ရသဆိုတာ စိတ်ခံစားမူရဲ့ အရသာဖြစ်ပြီး လူတိုင်းလိုလိုမှာ ဒီရသတွေကို ခံစားကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ အစားအစာမှာလည်း အရသာမျိုးစုံရှိသလိုပဲ "ရသ"မှာလည်း အရသာမျိုးစုံရှိတာပဲပေါ့။
ကယ်...စာဖတ်သရဲတို့နဲ့အတူ စိတ်ရဲ့အရသာလေးတွေကို လေ့လာကြည့်ကြရအောင်။
_ဖိုမတွေရဲ့ သဘောသဘာဝ အပြန်အလှန်ချစ်ခြင်း၊ နှစ်သက်ခြင်းဆိုတဲ့ စိတ်က (သိင်္ဂါရရသ)
_ပြုံးချင်စရာအဖြစ်ကနေစလို့ ခိုးခိုးခစ်ခစ်ရယ်မောတာလေးက (ဟဿရသ)
_ကိုယ်ချင်းစာတရားထားပြီး သနားကရုဏာဖြစ်တာ၊ စိတ်မကောင်းဖြစ်တာက (ကရုဏာရသ)
_စိမ်းလန်းစိုပြေလှပတဲ့ မြင်ကွင်းတွေ၊ သဘာဝတရားရဲ့အလှတွေကိုခံစားပြီး တည်ငြိမ်တာက (သန္တရသ)
_စိတ်ဆိုးဒေါသထွက်၊ မကျေနပ်တာတွေက (ရုဒ္ဒရသ)
_ရွံရှာ၊စက်ဆုပ်၊မနှစ်မြို့တာက (ဝိဘစ္ဆရသ)
_ရင်ခုန်၊ ထိတ်လန့်၊ စိုးထိတ်တာက(ဘယာနကရသ)
_ဇွဲလုံ့လနှင့် ကြိုးစားမူ၊ သတ္တိ၊ စိတ်ဓာတ်တက်ကြွတာ၊ အားကျစိတ်က (ဝီရရသ)
_အထိတ်တလန့်ကြုံကြိုက်တဲ့အခါ အာမေဍိတ်အသံထွက်တာ၊ အံ့သြတာက (အဗ္ဘုတရသ)
ဆိုပြီး စိတ်လှုပ်ရှားမူရဲ့ အရသာ(၉)မျိုးရှိပါတယ်။
လူတိုင်းနေ့စဥ်ဘ၀ ဖြတ်သန်းမူထဲမှာ ဒီရသ(၉)မျိူးထဲက တစ်မျိုးမဟုတ် တစ်မျိုးကိုတော့ ခံစားနေကြရတာ မဟုတ်လားရှင့်။ လူမူဘဝမှာတင်မဟုတ်ပဲ စာအုပ်စာပေတွေမှာလည်း ရသမျိုးစုံ ဖတ်ဖူးကြမှာပါ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း