Author's Profile Photo

Sandi Cho

19/06/2024

နားလည်တာ ခံချင်ရင် နားလည်ပေးဖို့ရှာ အရင်ကြိုးစားပါ ♡

1 min read
Life Style
Personal Development
Culture
နားလည်တာ ခံချင်ရင် နားလည်ပေးဖို့ရှာ အရင်ကြိုးစားပါ ♡'s photo


မနေ့ကဆွေးနွေးပွဲတစ်ခုမှာ ဆွေးနွေးရင်းနဲ့ ချိုရဲ့ အတွေးတွေကို ပြောင်းလဲသွားစေတဲ့ စာသားလေးပါ။ချိုတို့က ကိုယ့်ကို နားလည်ပေးတာပဲခံချင်ကြတယ်။သူဘာလို့ ငါကို နားမလည်‌ပေးနိုင်ရတာလဲဆိုပြီး တစ်ခြားသူတွေကို အပြစ်တင်ကြတယ်။တကယ်ဆို inputရှိမှ outputဆိုတာရှိသလိုပဲ ကိုယ်ကအရင် နားလည်အောင် ကြိုးစားပေးမှ တစ်ခြားသူရဲ့ နားလည်မှုကိုရမှာပါ။

ပြီးတော့ အထင်အမြင်လွဲနေကြတာလေးတစ်ခုရှိတယ်။ လူတွေကို ငါကိုနားလည်ပေးပါလို့ပြောလိုက်တဲ့အခါ အဓိပ္ပါယ်က သူတို့လုပ်နေတာတွေကို အပြည့်အ၀ထောက်ခံပေးဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။

နားလည်မှုဆိုတာ တကယ်တော့ စာနာမှုတစ်မျိုးပါပဲ။တစ်ဖက်သူရဲ့ရှု့ထောင့်ကနေ ၀င်တွေးပေးတာမျိုးပေါ့။ဒါပေမယ့် တစ်ဖက်သူကိုအပြည့်အ၀ထောက်ခံရမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘူး။သူရဲ့ခံစားချက်ကို အရင်နားလည်အောင်လုပ်။ပြီးတော့ သူဘယ်လိုတွေးလို့ ဘယ်လိုဖြစ်နေတယ်ဆိုတာ သိအောင်လုပ်ပါ။သူရဲ့အတွေးတွေ၊ လုပ်ဆောင်ချက်တွေထဲမှာ မှားယွင်းနေတာရှိရင်တော့ ပြန်ပြီး ပြုပြင်ပေးပါ။အဲဒါကမှ တကယ်စစ်မှန်တဲ့ နားလည်မှုပါ။

15.6.2024☘

#SandiCho
#နားလည်မှု

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်