Author's Profile Photo

Cherry May

19/06/2024

ကျွန်တော်တို့ရဲ့အမေ

1 min read
General Knowledge
Culture
Art
ကျွန်တော်တို့ရဲ့အမေ's photo

♡‌‌ ۫ အမေ့မျက်နှာလေးက တကယ်ကို အေးချမ်းတာပဲ

♡‌‌ ۫ ဝတ်ပုံစားပုံက အိန္ဒြေသိက္ခာအပြည့်နဲ့

♡‌‌ ۫ လမ်းလျှောက်တဲ့အခါလဲ အရမ်း smart ကျတယ်

♡‌‌ ۫ တစ်ခါပြုံးလိုက်တိုင်း မြင်တွေ့ရသူတွေရဲ့ ရင်ကို ကိုင်လှုပ်သွားတတ်တယ်

အမေက ကျွန်တော့်အတွက် ဝတ်ပုံစားပုံ နေပုံထိုင်ပုံမှာ စံပြတစ်ယောက်
─────────────────────
♡‌‌ ۫ ပြည်သူတွေကို သူမရဲ့ သားသမီးတွေလို သဘောထားတယ်တဲ့

♡‌‌ ۫ သူမဘဝ သူမမိသားစုနဲ့တောင်မှ ကျွန်တော်တို့ပြည်သူတွေကိုသာ ရွေးချယ်ခဲ့တာ

♡‌‌ ۫ ဘယ်သူမှ မမှီနိုင်တဲ့မေတ္တာတွေနဲ့ ပေးဆပ်ခဲ့တဲ့ အမေ

♡‌‌ ۫ အတားအဆီးတွေ ဘယ်လောက်ရှိရှိ အခက်အခဲတွေ ဘယ်လောက်များများ မတွန့်မဆုတ်နဲ့ ကြိုးစားခဲ့တဲ့အမေ

♡‌‌ ۫ ကြောက်ရွံမှုဆိုတာ လူတိုင်းမှာရှိမှာပဲ ဒါပေမဲ့ ကျွန်တော်တို့ ဘဝ‌တွေကောင်းစားဖို့အတွက် အကြောက်တရားတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တဲ့အမေ

♡‌‌ ۫ မိန်းမတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းက အကန့်အသတ်မရှိဘူးဆိုတာပြခဲ့တဲ့‌အမေ

အမေဟာကျွန်တော့်အတွက် စိတ်ဓါတ်အရာမှာလဲ စံပြတစ်ယောက်
────────────────────
♡‌‌ ۫ Burmese, English, French, Japanese ဆိုပီး ဘာသာစကား ၄ မျိုးကို ကျွမ်းကျင်စွာပြောနိုင်တဲ့သူမ

♡‌‌ ۫ နိုင်ငံ့တာဝန်တေ ထမ်းနေရတာတောင်မှ စာအုပ်ဖတ်ဖို့အချိန်ပေးနိုင်တဲ့သူမ

(ဒီနေရာမှာ မဖြစ်စလောက်အလုပ်လေးလုပ်ပီး စာအူပ်ဖတ်ဖို့အချိန်မရှိဘူးဆိုတဲ့သူ‌တွေကို တော်တော်အံ့ဩမိ?)

♡‌‌ ۫ စာအရေးအသားကောင်းပီး ဗဟုသုတလဲ ကြွယ်ဝတဲ့သူမ

♡‌‌ ۫ စကားပြောလိုက်တိုင်း နားထောင်နေတဲ့သူတွေကို စီးမျောသွားအောင် ဆွဲဆောင်နိုင်တဲ့သူမ

♡‌‌ ۫ ဦးနှောက်ရော နှလုံးသားရော မျှမျှတတ သုံးတတ်တဲ့သူမ

♡‌‌ ۫ ခက်ခဲ့တဲ့ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်တဲ့သူမ

အမေက ကျွန်တော့်အတွကိ အသိပညာအရာမှာလဲ စံပြတစ်ယောက်
─────────────────────

Happy 79th Birthday ပါ‌အမေ

အမေ့ရဲ့ 79 နှစ်ပြည့်မွေးနေ့မှာ အချုပ်အနှောင်တွေကနေ ကင်းလွတ်ဖို့ အမေကျန်းမာဖို့ အမေ့အပြုံး‌လေးကိုအမြန်ဆုံး ပြန်တွေ့နိုင်ဖို့ ကျွန်တော်တို့ဆုတောင်းပေးပါတယ်?✨

#Cherry_May
#Birthday_wish
#DawAungSanSuKyi

19/6/2024.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါအင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း