Author's Profile Photo

Maru

17/06/2024

ခါဝသန်

2 mins read
Life Style
Art
18 Again
ခါဝသန်'s photo

လူ့ဘဝတွင်သာအပြောင်းအလဲများရှိသည်မဟုတ် ရာသီဥတုတွင်လည်းအပြောင်းအလဲများရှိပါသည်။လူချင်းအပြောင်းအလဲမတူသကဲ့သို့ နိုင်ငံတိုင်းတွင်လည်း ဥတုအပြောင်းအလဲ မတူညီကြပေ။ မြန်မာနိုင်ငံတွင် နွေရာသီ၊မိုးရာသီ၊ဆောင်းရာသီဟူ၍ ဥတုသုံးမျိုးရှိပါသည်။ နွေ၏အကြောင်း ဥဩများသိသည်။ ဆောင်းအကြောင်း မြူနှင်းလေးများကသိသည်။‌မိုးအကြောင်းကို ဖားကလေးများကသိသည်။သို့သော်မိုးရာသီအကြောင်းတပိုင်းတစအား ကျွန်မက ဖားကလေးများအစား ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။

အမှောင်ထုပြီး ရောင်နီလာသကဲ့သို့ လေရူးသုန်သုန် ရွက်ဝါကြွေပြီးသောအခါတွင် ရွက်သစ်များပြန်လည်ထွက်ပေါ်ရန် မိုးရာသီတဖန်ပြန်လည်ရောက်ရှိလာပါသည်။မိုးရာသီမှာ မေလမှ အောက်တိုဘာလအထိဖြစ်ပါသည်။

သံစဉ်များနှင့်တူသောမိုးရာသီကို ဖားကလေးများသာမက သစ်ပင်ပန်းပင်များ၊ကျေးဇူးရှင်တောင်သူဦးကြီးများ၊ ကျောင်းသားကျောင်းသူများ၊ကလေးသူငယ်များ၊အင်္ကျီကျွတ်နှင့်လူကြီးများ စသဖြင့်ပြော၍မကုန်နိုင်အောင် များပြားလှသောလူများ အရာများမှ ဥဩငှက်ကလေးများအသံကြားရစဉ်ကထဲက မိုးအားဝမ်း‌မြောက်စွာစောင့်မျှော်ကြိုဆိုနေကြပါသည်။

မိုးရာသီ‌ရောက်လာသည့်အကြောင်းကို အနောက်တောင်မုတ်သုံလေများကလည်းပြင်းထန်စွာတိုက်ခတ်၍ အသိပေးကြပါသည်။မုတ်သုံလေသည်မိုးရာသီ၏ အလှအပပြည့်စုံမှုအားတဖက်တချက်မှကူညီဖြည့်ဆည်းပေးနေသည့် သူငယ်ချင်းနှင့်တူလှပါသည်။

လေပြင်းများနှင့်အတူ မိုးစက်ကလေးများသည် မြေပြင်ပေါ်သို့ကျရောက်လာသည်နှင့်အမျှ လူများသည်လည်းမိုးတပေါက်ပေါက်သံစဉ်များနှင့်အတူပျော်မြူးစွာကခုန်ကြပါသည်။ထိုအခါတွင် တီးလုံးမြူးစေရန် မိုးခြိမ်းသံများမှဝင်ရောက်အားဖြည့်ကြပါသည်။ အားကျမခံ လျှပ်စီးများမှလည်း ဝင်းကနဲလက်ကနဲပါဝင်လာကြပါသည်။သဘာဝသံစုံတီဝိုင်းထွက်ပေါ်လာသလားအောက်မေ့ရပါသည်။သဘာဝသံစုံတီဝိုင်းကို ကခုန်နေသူများထက် နားဆင်သူများကပို၍ပေါများလှပါသည်။ပုရစ်ဖူးကလေးများမှလည်း အိမ်ထဲမှထွက်၍မိုးအားဆော့နေသည့်အလား ပေါ်ထွက်လာကြပါသည်။

အချစ်မရှိလျှင် ဘဝမစိုပြေသကဲ့သို့ မိုးမရှိလျှင် စမ်းချောင်း၊အင်း၊အိုင်၊ကန်ငယ်များသည်လည်း ‌မစို‌ပြေခြောက်သွေ့နေပါ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

Unlock to read this premium article with 10 points.