Author's Profile Photo

Moe

17/06/2024

​ဂေါက်​ရောဂါအ​ကြောင်း

1 min read
Life Style
Health
General Knowledge
​ဂေါက်​ရောဂါအ​ကြောင်း's photo

ဂေါက်ရောဂါ အကြောင်းတင်ဆက်ပေးပါ့မယ်ရှင့်။

ဂေါက်ရောဂါ ဆိုတာကတော့ သွေးတွင်း ယူရစ်အက်စစ် (Uric Acid) ပမာဏ မြင့်တက်ခြင်းကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ နာတာရှည် ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်ရှင့်။

သွေးတွင်းမှာ ပိုလျှံနေတဲ့ ယူရစ်အက်စစ်တွေကို ကျောက်ကပ်အနေနဲ့ ဆီးအဖြစ် စွန့်ထုတ်ပစ်လေ့ ရှိပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်တွင်း ယူရစ်အက်စစ် ပမာဏ အလွန်အမင်း များပြားလာခဲ့ရင် ဒါမှမဟုတ် ကျောက်ကပ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိတော့ရင် ဂေါက်ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။

ဂေါက်ရောဂါ အဖြစ်များသူတွေက
၁။အမျိုးသားဖြစ်ခြင်း။
၂။မျိုးရိုးလိုက်ခြင်း။
၃။အရက်သောက်ခြင်း။
၄။အဝလွန်နေခြင်း တို့ပဲဖစ်ပါတယ်ရှင့်။

ကာကွယ်ဖို့နည်းလမ်းတွေကတော့ အရက်အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြည်ခြင်း၊Purine ပါဝင်မှု များပြားတဲ့အစားအစာတွေစားသုံးမှုကို ရှောင်ကြဉ်ခြင်း၊အဆီများတဲ့ အစားအစာတွေ စားသုံးမှုကို ရှောင်ကြဉ်ခြင်း၊ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း
ဆေးလိပ်ဖြတ်ခြင်း၊လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်း၊တစ်နေ့ကို ရေ (၂) လီတာကနေ (၄) လီတာခန့်အထိ သောက်သုံးပေးခြင်း တို့ပဲဖစ်ပါတယ်ရှင့်။

#Moe
#knowledge
#health
#forward_only

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်