မြ (စံကားဝါမြေ)
ဒီနေ့ ဆောင်းပါးလေးထဲမှာတော့ လူတစ်ကိုယ် စိတ်တစ်မျိုးအရ လူတိုင်းလူတိုင်းမှာ မိမိလေးစားအားကျ၊ ချစ်ခင်နှစ်သက် သဘောကျရတဲ့သူဆိုတာ ရှိစမြဲပါပဲရှင်။
မြကတော့ မြဘဝမှာ ပထမဦးဆုံးနဲ့ အချစ်ရဆုံး တစ်ဦးတည်းသော idol တရုတ်မင်းသားချောလေး "王一博,Wang Yibo, ဝမ်ရိပေါ်" အကြောင်းကို မြရဲ့ (၉၉)ပုဒ်မြောက် ဆောင်းပါးလေးထဲမှာ ထည့်သွင်းရေးသားသွားမှာပါရှင်။
မြ ငယ်စဉ်အခါ ကလေးဘဝကတည်းက ချစ်ကြိုက်ခြင်း မပြောနဲ့ သူငယ်ချင်း ယောက်ျားလေးတွေနဲ့တောင်မှ ကိုယ်က စပြီး စကားပြောတဲ့သု မဟုတ်ပါဘူးရှင်။ ဆရာမက "ဘယ်သူ့ကိုတော့ ဘာလေးပြောလိုက်ပါဦး။ ဘာလေး လုပ်ခိုင်းလိုက်ပါဦး။" လို့ ပြောမှသာလျှင် မြက ယောက်ျားလေး သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တာပေါ့ရှင်။
သို့ပေမယ့်လည်း မြ ယခုအချိန် Social Mediaတွေနဲ့ Onlineပေါ်မှာ လူအများနဲ့ ပြောဆိုဆက်ဆံလာရတဲ့အခါမှာတော့ ယောက်ျားလေးတွေနဲ့ရော ပြောဆိုလာရပါပြီရှင်။
မြ ဝမ်ဝမ်လေးကို ဘယ်ကနေ ဘယ်လို စတင်သဘောကျခဲ့ရသလဲဆိုရင်....
မြ ဝမ်ဝမ်လေးကို TVထဲမှာ လာတဲ့ ဇာတ်ကားတွေကြည့်ရင်းက မြ ပထမဦးဆုံး ကြည့်ဖူးတဲ့ တရုတ်ဇာတ်ကား "Grant Your Heart (နှလုံးသား ကစားပွဲ)" ဇာတ်လမ်းထဲမှာ အပိုင်း-(၁)ကို စကြည့်မိကတည်းက စတင် သဘောကျခဲ့ရတာပါရှင်။ နောက်တော့ "The Untamed (မှော်ဝိဇ္ဇာရှင်နှင့် အလင်းသခင်)"နဲ့ "Street Dance of China (Season-3)"တို့မှာပါ ဝမ်ဝမ်လေးကို ဘယ်လိုပုံစံပဲ သရုပ်ဆောင်နေပါစေ သဘောကျခဲ့ရတာပါရှင်။
အဲ့တုန်းက ဝမ်ဝမ်လေးကို သဘောကျပေမယ့် မြမှာက ကိုယ်ပိုင်ဖုန်း မရှိခဲ့တဲ့အပြင် မြ မေမေကလည်း ခလုတ်ဖုန်းလေးပဲ ကိုင်ခဲ့တာဆိုတော့ အဲ့တုန်းက ဝမ်ဝမ်လေးကို TVမှာပဲ ကြည့်ခဲ့ရတယ်။ ဝမ်ဝမ်လေးရဲ့ အမည်ရင်းကို တရုတ်လို မပြောနဲ့ဦး။ Englishလိုပါ မပေါင်းတတ်တဲ့အပြင်ကို TVက စာတန်းထိုးမှာတောင် မျက်လုံးက သိပ်မကောင်းတော့ "ပမ်ရိပေါ်"လို့ပဲ သိခဲ့ရတာပါရှင်။ ?
မြမှာ ဖုန်းမရှိသေးပေမယ့် သူငယ်ချင်းက ဖုန်းရှိတော့ သူ့ဖုန်းနဲ့ ဝမ်ဝမ်လေးကို ပြတော့ မိတ္တူဆိုင်သွားပြီး ဝမ်ဝမ့်ပုံလေးတွေကို ကူးယူပြီး သိမ်းထားခဲ့ရတဲ့ ဘဝလေးပါရှင်။ ဝမ်ဝမ်လေးကို သဘောကျနေတော့ ဝမ်ဝမ်လေးပုံတစ်ပုံကအစ အမြတ်တနိုး တန်ဖိုးထားခဲ့ရတာပေါ့ရှင်။
မြရဲ့ စာအုပ်စဉ်နဲ့ စာရေးခုံတွေပေါ်မှာလည်း ဝမ်ဝမ်လေးပုံလေးကို Albumလေးနဲ့ ထောင်ထားခြင်းအားဖြင့် ဝမ်ဝမ်လေးဆီ အရောက်သွားနိုင်ဖို့အတွက် ပိုပြီး ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာရပါတယ်ရှင်။
ဝမ်ဝမ်လေးကို ယခုအချိန်ထိ ဘာ့ကြောင့် သဘောကျနေရသလဲဆိုရင် ဝမ်ဝမ်က မြအတွက် အားဆေးတစ်လုံးပါပဲရှင်။ ဝမ်ဝမ်လေးကြောင့် မြဘဝမှာ ခွန်အားတွေ အများကြီး ရရှိခဲ့ရတယ်။
မြက အငိုသန်တဲ့ထဲမှာပါတယ်။ တစ်ခုခုကြောင့် စိတ်ထိခိုက်ရင် ငိုချပစ်တာ။ သို့ပေမယ့် ဝမ်ဝမ်လေး ပြောခဲ့တဲ့ "ငိုနေတာက ပြဿနာကို မဖြေရှင်းပေးနိုင်ဘူး။" ဆိုတဲ့ စကားလေးကို ကြားပြီးသွားတဲ့အချိန်မှစပြီး မြ အငိုသန်တဲ့သူ မဟုတ်တော့ပါဘူး။
နောက်တစ်ခုက မြက နံနံပင်ဆို (လုံးဝ)ကို မကြိုက်တာပါ။ သို့ပေမယ့်လည်း ဝမ်ဝမ်လေး အကြိုက်ဆုံး အစားအစာက နံနံပင် ဖြစ်နေတဲ့အခါ မြ မရရအောင် စားကြည့်ရင်းက မြ ဝမ်ဝမ်လေး ကြိုက်တဲ့ နံနံပင်ပါ ကြိုက်လာခဲ့ပါတယ်။
မြ ဝမ်ဝမ်လေးကို 27.10.2019 မြရဲ့ (၁၃)နှစ်ပြည့် မွေးနေ့ရက်ကနေ ယခု 17.62024အထိ သဘောကျလာခဲ့တာဆိုရင် (၄)နှစ်၊ (၇)လနဲ့ (၂၁)ရက်အထိ ရောက်ရှိခဲ့ပါပြီရှင်။
မြ ဝမ်ဝမ်လေးကို သဘောကျတာ မှန်တယ်။ သို့ပေမယ့် ဝမ်ဝမ်နဲ့မှ အိမ်ထောင်ပြုမယ်ဆိုတဲ့အထိတော့ မတွေးထားပါဘူးရှင်။ ဘာ့ကြောင့်လဲဆိုရင် မြအပြင် ဝမ်ဝမ်လေးကို သဘောကျတဲ့ Fanတွေကလည်း အလွန်အင်မတန်မှ များပြားတဲ့အတွက် မြကြောင့် ဝမ်ဝမ်လေး နာမည်ပျက်ရမှာ မလိုလားတဲ့အတွက်ကြောင့် ဝမ်ဝမ်လေးကို ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သောကခြေရာ(ကဗျာ)ထဲက ပြောထားသလိုပေါ့။ "တွယ်တာလှပေမယ့် ကွယ်ရာကပဲ ချစ်တော့မယ်။" ဆိုပြီး ဆုံးဖြတ်ချက်ချထားပါတယ်ရှင်။
အချုပ်အနေနဲ့ မြ ဝမ်ဝမ်လေးကို အပြင်မှာ မတွေ့နိုင်သေးသ၍ အဝေးကနေပဲ Supportပေးသွားမှာပါရှင်။ ဝမ်ဝမ်လေးဆီ ရောက်ရှိပြီး ဝမ်ဝမ်လေးရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ယောက် ဖြစ်အောင်လည်း ခက်ခဲလွန်းလှတဲ့ တရုတ်စာကို ကြိုးစားသင်ယူလျက် ရှိပါတယ်ရှင်။
ဝမ်ဝမ်လေး ပြောခဲ့တဲ့ စကားလေးတစ်ချို့ကို လက်ဆောင်အနေနဲ့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်ရှင်။
✮ စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ပါ။
ရန်ဖြစ်ငြင်းခုန်တာမျိုးတွေ မလုပ်ပါနဲ့။
ကိုယ်လုပ်စရာရှိတာကိုပဲ တိတ်တဆိတ်လုပ်။
အပြောတွေလျှော့ပြီး အကောင်းဆုံး ဖြစ်အောင်သာ လုပ်ပါ။
✮ မင်း သန်မာသည်ဖြစ်စေ၊ ပျော့ညံ့သည်ဖြစ်စေ အကောင်းဆုံး ကြိုးစားသွားရမှာပါ။ တခြာသူထပ် ပျော့ညံ့နေဦးမယ်ဆိုရင်တော့ မင်း ကျရှုံးသွားလိမ့်မယ်။
✮ လူတိုင်းမှာ သူတို့ရဲ့ ဝါသနာတွေ၊ ယုံကြည်ချက်တွေဆိုတာ ရှိကြပါတယ်။
အဲဒီ ဝါသနာ၊ ယုံကြည်ချကိတွေ ပြည့်ဝလာဖို့အတွက် အမြဲကိုယ့်ကိုကိုယ် ယှဉ်ပြိုင်ပြီး တိုက်ခိုက်နေရမယ်။
ကိုယ့်ကိုကိုယ် ပိုကောင်းအောင် အမြဲကြိုးစားနေရမယ်။
✮ ကိုယ့်ဆီမှာ ဘယ်တော့မှ မရှိခဲ့ မပိုင်ဆိုင်ခဲ့ဖူးတဲ့ တန်ဖိုးကြီးမားသော အရာတွေကို လိုချင်ရင် မဆုတ်မနစ် ကြိုးစားသွားရပါလိမ့်မယ်။
✮ ကိုယ် နှစ်သက်သဘောကျတဲ့အရာကို စိတ်နှစ်ပြီး ကြိုးစားလုပ်ဆောင်ပါ။
အောင်မြင်မှုနဲ့ ပျော်ရွှင်မှုက မင်းရဲ့နောက်ကို လိုလာပါလိမ့်မယ်။
စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....
✍️ မြ (စံကားဝါမြေ)
#SarPhat
#Mya_Kyaukpadaung
17.6.2024(Monday)
Keep Reading