Author's Profile Photo

စောမြတ်နွယ်

17/06/2024

မနာလိုစိတ်

1 min read
Life Style
Personal Development
18 Again
မနာလိုစိတ်'s photo

မနာလိုစိတ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုနည်းတဲ့သူတွေ
ကိုယ့်ဘဝကို
ဖြစ်မြောက်အောင်
ကြိုးစားချင်စိတ်မရှိတဲ့သူတွေမှာ
ဖြစ်တတ်တဲ့ စိတ်ခံစားချက်ပါ။

ကိုယ့်ဘဝကို
တိုးတက်အောင်
ကြိုးစားနေတဲ့သူတွေ
ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိတဲ့သူတွေမှာတော့
ကိုယ့်ဘဝကိုပဲ
အာရုံစိုက်နေရလို့
ဘယ်သူ့ကိုမှ မနာလိုစိတ်မဖြစ်ပါဘူး။

နောက်တစ်ခု
မနာလိုစိတ်ရှိနေတဲ့ သူတွေဟာ
လွတ်လွတ်လပ်လပ်မပျော်ရွှင်နိုင်ပါဘူး။
ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကိုလည်း
တန်ဖိုးထားရကောင်းမှန်းမသိဘူး။

ဘာဖြစ်လို့လဲဆိုတော့
သူတို့ဟာ အမြဲတမ်းလိုလို
တခြားသူတွေနဲ့
လိုက်ယှဥ်နေတတ်ကြတယ်။
နောက်ပြီး
ကိုယ့်မှာရှိတဲ့အရာတွေကို မေ့သွားပြီး
သူများပိုင်ဆိုင်တဲ့အရာတွေပေါ်မှာပဲ
အာရုံစိုက်နေတတ်ကြတယ်။

မနာလိုစိတ်ရှိတာဟာ
စိတ်ထောင်ကျခြင်းတစ်မျိုးပါ။
သူတို့ရဲ့ စိတ်ဟာ
ဘယ်တော့မှ မလွတ်လပ်တော့ဘူး။
အချိန်အများစုဟာ
သူများအကြောင်းတွေးရင်းနဲ့
ကုန်ဆုံးကြပြီး
ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာတယ်။
နောက်ပြီး
ကိုယ့်ဘဝကို
နောက်တစ်ဆင့်မြင့်အောင်
ကြိုးစားဖို့
မေ့လျော့နေတတ်ကြတယ်။

တခြားသူအပေါ်
မနာလိုစိတ်မရှိတဲ့သူတွေ
ကိုယ့်ဘဝကို
တိုးတက်ချင်တဲ့စိတ်ရှိသူတွေကျတော့
ရိုးရှင်းတယ်။
အေးချမ်းတယ်။
လွတ်လပ်တယ်။

ကိုယ့်ဖြစ်တည်မှုကို
အရှိအတိုင်း သိမြင်လက်ခံပြီး
ကိုယ့်ဘဝအတွက်
ကိုယ်မှာ့ပဲ တာဝန်ရှိတယ်လို့
ခံယူ​ထားတာ ဖြစ်တဲ့အတွက်
ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး။

အချိန်တိုင်း
ကိုယ့်ဘဝကို
ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့
စိတ်တွေပဲ လွှမ်းမိုးနေလို့
တခြားသူတွေအကြောင်း
စဥ်းစားနေဖို့ အချိန်မရှိဘူး။
အချိန်ကုန်ခံပြီးလည်း စဥ်းစားမနေဘူး။


ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို
တန်ဖိုးထားတတ်ပြီး
ကိုယ်ရောက်တဲ့နေရာမှာ
အကောင်းဆုံးကြိုးစားရင်းနဲ့
ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းတယ်။


ပျော်ရွှင်မှုကို
ဟန့်တားတဲ့အရာတွေထဲမှာ
မနာလိုစိတ်က ထိပ်ဆုံးကပါတယ်။


ဒါကြောင့်
ပျော်ရွှင်ချင်ရင်
ဘဝမှာတိုးတက်ချင်ရင်
အရှိတရားကို လက်ခံ
အကောင်းဆုံးကြိုးစားပြီး
လွတ်လပ်စွာပျံသန်းလိုက်ပါ။

ကောင်းကင်ပြင်က
အကျယ်ကြီးပါ။
ကိုယ့်အတွက် နေရာမရှိဘူးဆိုတာ
မဖြစ်နိုင်ပါဘူး။

16.6.2024
#စောမြတ်နွယ်








Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း