SarPhat Author
ကျွန်မကအသက်၁၇နဲ့အိမ်ထောင်ပြုထားတဲ့လူတစ်ယောက်ပါ။ဘာမှမဟုတ်တဲ့စကားတွေကြောင့်ကျွန်မစုံလုံးကန်းပြီးအိမ်မက်တွေဘဝပစ်ပြီးအိမ်ထောင်ရေးထဲခြေစုံပစ်ဝင်ခဲ့တယ်။ကျွန်မအမေရဲ့စကားကိုလည်းဥပက္ခာပြုထားမိခဲ့တယ်။ကျွန်မအမေသဘောမတူလို့ခိုးပြေးခဲ့ကြတယ်။ထို့နောက်ချစ်သူသက်တမ်း၈လနဲ့ကျွန်မတို့လက်ထပ်ခဲ့ကြတယ်။ကျွန်မအမေကတော့မင်္ဂလာပွဲမှာကျွန်မမျက်နှာတောင်မကြည့်ချင်လောက်အောင်ဝမ်းနည်းခဲ့တယ်။ကျွန်မအမေကိုလည်းမျက်နှာချင်းတောင်မဆိုင်ရဲခဲ့ဘူး။ကျွန်မအမေကိုတောင်းပန်ရုံပဲတတ်နိုင်ခဲ့တယ်။အမေကကျွန်မကိုinternation school ထားခဲ့ပေးတယ်။ကျွန်မကတော့စာကြိုးစားခဲ့ပေမဲ့ရည်စားထားပြီးအိမ်ထောင်ရေးဇုန်ထဲမှာနစ်မြုပ်ခဲ့တယ်။ကျွန်မအမေကရည်စားထားတာကိုအလွန်တားမြစ်ထားပြီးပညာရေးနဲ့ပတ်သတ်ရင်တော့အမြဲတမ်းဦးစားပေးပါတယ်။ကျွန်မအမေတင်းတင်းကြပ်ကြပ်တားမြစ်ထားတာတောင်ကျွန်မကရည်းစားခိုးထားမိခဲ့ပါတယ်။နောက်တော့မင်္ဂလာဆောင်ပြီးအစပိုင်းမှာတော့ကျွန်မလောက်ကမ္ဘာမှာပျော်ရွှင်သူမရှိဘူးလို့ေတာင်မှတ်ယူခဲ့ရပါတယ်။ကြာလာတော့ကျွန်မမပျော်တော့ပါဘူးကျွန်မယောက္ခမနဲ့သိပ်မတည့်တာပါ။တစ်နေ့လုံးအိမ်လုပ်တွေနဲ့ပဲလုံးပန်းနေရပါတယ်ကျွန်မအမေနဲ့တုန်းကကျွန်မကိုဟင်းချက်ရင်ေတာင်ကြက်သွန်မထောင်းပေးခဲ့ပါဘူး။ဒီမှာကတော့ဟင်းချက်ပန်းကန်ဆေးမီးပူတိုက်အဝတ်လျော်အကုန်လုပ်ရပါတယ်။ဒါတောင်ကျွန်မယောက္ခမကမကျေနပ်ပါဘူး။ကံဆိုးတာကတော့ကျွန်မယောကျာ်းကမားမားboyဖြစ်နေတာပါ။ကျွန်မကသူအိမ်မှာသူတစ်မျက်နှာနဲ့လာနေရပေမဲ့သူကတော့သူ့အမေကျွန်မကိုဆူရင်တောင်သူကမကာကွယ်ပေးသည့်အပြင်ကျွန်မကိုအပြစ်ပြန်တင်ပါတယ်။ကျွန်မအမေကိုတအားလွမ်းမိတယ်။ဒီလိုနဲ့သုံးနှစ်ကြာပြီးကျွန်မကလေးတစ်ယောက်ရခဲ့ပါတယ်။ကလေးကမိန်းကလေးဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှကျွန်မတို့တစ်ယောက်ကိုတစ်ယောက်ငြီးငွေ့လာကြပါတယ်။ကျွန်မကလေးရမှမိခင်တစ်ယောက်ရဲ့ချစ်ချင်းမေတ္တာကိုနားလည်လာတယ်။ကျွန်မအမေရဲ့ကျွန်မအပေါ်ထားတဲ့မျှော်လင့်ချက်တွေရိုက်ချိုးမိလို့ကျွန်မနောင်တရမဆုံးပါဘဲ။ပြီးတော့ကျွန်မကလေးကကျန်းမားရေးချူချာပါတယ်။အမြဲတမ်းဆေးနဲ့မပြတ်ထားထားရပါတယ်။တစ်နေ့ကျွန်မယောကျာ်းဖုန်းထဲမက်ဆေ့ကျလို့ကျွန်မကြည့်မိလိုက်ပါတယ်။အဲ့နေ့ဟာကျွန်မရဲ့ကံဆိုးစေတဲ့နေ့တွေကိုနေ့တိုင်းသယ်လာတော့မယ်နေ့ဖြစ်ပါတယ်။ဖတ်ကြည့်လိုက်တော့အချစ်အပြင်မှာစောင့်နေတယ်တဲ့။ကျွန်မဟာသူကြောင့်ကျွန်မဘဝတစ်ခုလုံးလုံးပေးဆပ်ထားရတာတောင်သူကသူကတော့ဖောက်ပြန်နေတယ်။ကျွန်မမယုံသေးလို့လိုက်ချောင်းကြည့်ခဲ့ပါတယ်။သူကတကယ်ကိုဖောက်ပြန်နေခဲ့တာပါသူကအဲ့ကောင်းမလေးကိုအချစ်တဲ့။ကျွန်မမျက်လုံးထဲကနေမျက်ရည်တွေအဆက်မပြတ်စီးဆင်းလာပါတယ်။သြော်ယောကျာ်းရယ်နင်ကဘယ်လိုတောင်လုပ်ရက်တာလဲငါမျက်နှာမထောက်ရင်တောင်ငါသမီးလေးမျက်နှာကိုထောက်သင့်ပါတယ်။အခုချိန်မှာကျွန်မဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။ကျွန်မအမေပြောခဲ့တာမှန်တယ်အချစ်ဆိုတာချစ်တုန်းခဏမို့အဲ့ပေါ်စိတ်မယိုင်သွားမိစေနဲ့တဲ့။အဲ့တာကိုဘာမှမသိဘဲအချစ်ပေါ်စုံလုံးကန်းမိတယ်။အဲ့နောက်ကျွန်မအမေအိမ်ကိုကျွန်မသွားတယ်။ကျွန်မအမေကိုတော့ကျွန်မကအမေကိုဖက်ပြီးအကြာကြီးငိုခဲ့တယ်။သမီးဘာဖြစ်လို့လဲအမေကိုပြောပြဘယ်သူကသမီးကိုအနိုင်ကျင့်လိုက်တာလဲ။ဘယ်သူမှမကျင့်ပါဘူးအမေ ။ အမေ အဖေတုန်းကဖောက်ပြန်ခဲ့သေးလားဟင့်အဖေကသမီးငယ်ငယ်လေးထဲသေသွားခဲ့ပေပမယ့်အမေပေါ်ကောင်းပေးခဲ့လားအမေ။အိုးသမီးရယ်အမေတို့ကအသက်၂၀ကျော်မှာစတွေ့ခဲ့ကြတာသမီးရဲ့အမေတို့ကအတူတူကြိုးစားပြီးအခက်အခဲတွေကျော်ဖြတ်ပြီးမှလက်ထပ်ခဲ့ကြတာ။
သမီးအဖေဟာအမေတို့အပေါ်တော်တော်ကောင်းခဲ့တာသမီးရဲ့သမီးအဖေသေတုန်းကလည်းဂုဏ်ရှိရှိနဲ့သေသွားခဲ့တော့အကုန်လုံးကဘယ်လောက်ပဲနှစ်ကြာကြာတိုက်ဆိုင်မှုရှိရင်သမီးအဖေကိုသတိရကြတယ်အမေအပါဝင်ပေါ့။သြော်အမေရယ်သမီးကတော့အမေစကားနားမထောင်ဘဲငယ်ငယ်လေးနဲ့အချစ်မှာရူးမိုက်မိတယ်။အခုသမီးနောင်တရလို့မဆုံးဘူး။ငယ်ငယ်လေးနဲ့စိတ်ကစားတဲ့ရွယ်မှာအချစ်ကမ္ဘာထင်မိတော့အခုသမီးအဲ့တွက်ခံစားနေရပါပြီး။အမေ့သမက်ကဖောက်ပြန်နေတယ်သမီးဘယ်လိုလုပ်ရပါ့မလဲ။သူကသမီးလေးကိုမချစ်ဘူးလားမသိပါဘူးအမေရယ်။အဖေတစ်ယောက်ကတော့ကိုယ်ေသွးသားကိုချစ်တာပေါ့သမီးရဲ့။မဟုတ်ဘူးအမေသူချစ်ရင်ဒီလိုတောင်လုပ်မှာမဟုတ်ဘူးအမေ။အမေကတော့ဘာမှမပြောချင်တော့ဘူးသမီးကိုယ်တိုင်းဆုံးဖြတ်ပါ။ဟုတ်အမေ
ဒီလိုနဲ့ကျွန်မအိမ်ပြန်လာခဲ့တယ်။ကျွန်မအိမ်ရှေ့ရောက်တော့သူကဖုန်းပြောနေတယ်အပြင်မှာတွေ့ပြီးတာတောင်ဖုန်းနဲ့တောင်ပြန်အလွမ်းသယ်နေကြတယ်။ကျွန်မသမီးလေးမျက်နှာနဲ့မသိချင်ယောင်ဆောင်ချင်ခဲ့တယ်။ဒါမဲ့ကျွန်မမာနတော့လက်မခံခဲ့ဘူး။နောက်ရက်အနည်းငယ်ကြာတော့သူတို့ကအခြေနေပိုဆိုးလာခဲ့တယ်။သမီးလေးကလည်းဒီရက်ပိုင်းအပြင်းဖျားတာတောင်သူဂရုမစိုက်မိတဲ့ထိသူမွှန်ထူနေခဲ့တယ်။ကျွန်မသမီးလေးတွက်စားစရာဝယ်ပေးဖို့ကုန်တိုက်ထွက်လာခဲ့တော့သူကောင်မလေးကလက်လေးကိုချိတ်ပြီးစျေးဝယ်နေတာတဲ့သမီးလေးတွက်ဆေးဝယ်ပေးရမှန်းမသိတဲ့ကောင်ကဒီလိုလုပ်ရမှန်းတော့သိတယ်ပေါ့။ဟား"ရယ်ချင်စရာကောင်းလိုက်တာကျွန်မသူတို့ဆီသွားပြီးကျွန်မသူကိုပါးရိုက်လိုက်တယ်။သစ္စာမရှိတဲ့ကောင် ငါမှာတော့ငါတစ်ဘဝလုံးကိုပုံအပ်ပြီးချစ်ထားရတာနင်ကတော့ဖောက်ပြန်နေတယ်ပေါ့။သမီးလေးမျက်နှာတောင်မထောက်တော့ဘူးလားဟင့်။မင်းဘာသာမင်းငါကိုကြိုက်လိုယူတာလေးဘယ်သူမှနင့်ကိုငါကိုယူပါလို့မတိုက်တွန်းခဲ့ဘူး။နင့်နဲ့ငါကွာရှင်းမယ်ဒါပဲ။ကလေးနင်ယူ ဟုတ်ပြီးလား။သြော်သူကအဲ့လောက်တောင်မွှန်နေတာပဲ။ဒီလောက်နဲ့ရမယ်ထင်လားနင်ကိုငါတရားဆွဲပြီးထောင်ချမှာအဲ့မှာနင်တို့နှစ်ယောက်အတူတူချစ်ကြပေါ့နင်တို့အပြင်မှာတွေ့တိုင်းငါဓာတ်ပုံတွေvideoတွေရိုက်ထားပြီးသားဟား"တရားရုံးမှာတွေကြမယ်ဒါပဲ။အိမ်ရောက်တော့ကျွန်မအမေအိမ်မှာတစ်ညလုံးငိုခဲ့တယ်။မနက်ရောက်ေတာ့ကျွန်မကလေးကိုပြန်ခေါ်ဖို့သူတို့အိမ်သွားတော့သူတို့ကလေးထုတ်မပေးဘူး။ရှင့်တို့ဒါဘာလုပ်တာလဲကျွန်မကလေးကိုပြန်ပေးကလေးကဖျားနေတာ ကလေး၈လထဲရှိသေးတာ။ပြန်ယူချင်ရင်သက်သေတွေအကုန်ဖျက်ပေး။ဘာနင်မှာဖခင်စိတ်ရောရှိသေးရဲ့လားအဲ့တာနဲ့ငါသမီးလေးကိုအပေးယူလုပ်ချင်နေတာလား ရတယ်ငါပေးမယ်ငါသမီးဆီအရင်ခေါ်သွားပေး။။တကယ်တော့သူကကျွန်မကိုစိတ်တိုနေတာကြောင့်ရယ်သမီးလေးငိုနေတာကြောင့်စိတ်မရှည်ဘဲကလေးကိုဆေးမှားတိုက်လိုက်ပါတယ်။သူ့ကိုဖယ်ထုတ်ပြီးအိမ်ထဲအတင်းဝင်လိုက်တော့ကျွန်မသမီးလေးကသေနေပါပြီ။သမီးသမီးအမေခေါ်တာကြားလားအမေကိုမပီသပီမေမေလို့ခေါ်ပါဦးသမီးရယ် ၁နှစ်တောင်မပြည့်သေးတဲ့ကလေးကိုရှင်မို့လိုလုပ်ရက်တယ်အမေညကသမီးကိုပါခေါ်သွားရမှာသမီးထပါအုန်းအမေသမီးလေးထပါအုန်းအမေတောင်းပန်ပါတယ်အမေသမီးလေးရယ်။အဲ့တာနဲ့ကျွန်မပါအိပ်ရာထဲတစ်လတိတိဘုန်းဘုန်းလဲကျသွားတယ်။ကျွန်မအမေကကျွန်မကိုနှစ်သိပ့်ပေးခဲ့တယ်။အကယ်၍သာကျွန်မအမေစကားနားထောင်ခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။ကျွန်မသမီလေးကိစ္စကြောင့်အိပ်ရာထဲလဲကျခဲ့ပေးမဲ့သူကအဲ့တာကိုအခွင့်ကောင်းယူပြီးသူမယားငယ်နဲ့ထွက်ပြေးသွားတယ်။အသက်ငယ်ငယ်နဲ့အိမ်ထောင်ပြုပြီးကိုယ်ဘဝကိုယ်မပျက်စီးကျဖို့နဲ့မိဘစကားနားထောင်ဖို့ပညာေပးဖို့ကျွန်မဟောပြောသူဖြစ်ခဲ့တယ်။အကယ်၍ သာကျွန်မအမေစကားနားထောင်ခဲ့မယ်ဆိုကျွန်မပညာတတ်ကြီးဖြစ်ပြီးအခုလိုကျွန်မသမီလေးကိုလည်းကျွန်မဆုံးရှုံးရမှာမဟုတ်ဘူး။နောင်တဆိုတာနောင်မှရတာအမှန်ပဲ။
စာဖတ်သူတို့လည်းနောင်တမရအောင်မှန်ကန်တဲ့ဆုံးဖြစ်ချက်တွေချနိုင်ပါစေ။
အားလုံးချစ်ခင်လေးစားလျက်။
ဖတ်ရှုပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်?
Kaelyn
Keep Reading