Sandi Cho

Attitudeဆိုတာက ကိုယ့်ရဲ့ အမြင်သဘောထားတွေ၊ကိုယ်ရဲ့ ခံစားချက်တွေ၊ကိုယ်ရဲ့ အပြုအမှုတွေပတ်သတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် attitudeတွေ မတူညီနိုင်ကြပါဘူး။သူတို့ရှင်သန်ခဲ့ရတဲ့ပတ်၀န်းကျင်၊သူတို့ရဲ့ အတွေ့အကြုံတွေကနေattitudeက ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။စစ်ပွဲတွေ၊ပဋိပက္ခတွေ၊သဘောထားတွေ ကွဲလွဲတာတွေဟာ attitudeတွေမတူကြလို့ပဲဖြစ်ပါတယ်။
?????
မိုးရွာတာကို တွေ့လိုက်တာနဲ့ မိုးရွာတာသာယာလိုက်တာ၊အပူလျော့သွားတယ်လို့တွေးမယ့်သူနဲ့၊မိုးကလည်း ကျက်သရေမရှိအောင် ရွာနေတယ်ဆိုပြီး အပြစ်တင်တတ်တဲ့သူလည်း ရှိပါတယ်။
Attitudeတွေဟာ လူတစ်ယောက်ရဲ့ အကျင့်တွေ၊ခံယူချက်တွေ၊တစ်ခြားသူတွေနဲ့ ပြောဆို ဆက်ဆံပုံတွေကို အများကြီးသက်ရောက်ပါတယ်။
Positive attitudeရှိတဲ့သူတွေက ကောင်းမွန်တဲ့ အမြင်တွေရှိကြပြီးတော့ အခြားသူတွေကိုလည်း ကောင်းမွန်အောင် လုပ်ပေးနိုင်ကြပါတယ်။Positive attitudeရှိထားမယ်ဆိုရင် ကျရှုံးမှုတွေကိုတောင် ကျရှုံးမှုလို့ မမြင်တော့ပဲ စိန်ခေါ်မှုတစ်ရပ်လို့ မြင်လာတဲ့အတွက် အောင်မြင်နဲ့ပို နီးကပ်လာစေပါတယ်။
Negative attitudeသမားတွေကျတော့ ကျရှုံးသွားပြီဆို အဲကျရှုံးမှုပေါ်မှာပဲenergyတွေကုန်ခန်းနေတတ်ပြီး ကောင်းမွန်အောင်လုပ်ဖို့ မတွေးမိတတ်ကြပါဘူး။အဲတော့ ရှင်သန်ရတာ တအားပင်ပန်းတယ်လို့ ခံစားရတတ်တယ်။
ဥပမာပေးကြည့်ရမယ်ဆို-စာတစ်ပုဒ်ကို မြင်တာနဲ့positive attitudeသမားက စိန်ခေါ်မှုတစ်ရပ်လို့ ခံယူပြီး ကြည့်တယ်။negative attitudeသမားကတော့ စာပိုဒ်ကရှည်လိုက်တာ၊ငါရမှာမဟုတ်ဘူး အဲလိုတွေးတတ်ကြတယ်။
၀န်ခံရရင် ချိုလည်းnegative attitudeသမားတစ်ယောက်ပါ။ခုတော့ တဖြည်းဖြည်းချင်း ချိုရဲ့အမြင်တွေကို ပြောင်းနိုင်အောင်ကြိုးစားနေပါတယ်။ချို ကျင့်သုံးနေတဲ့ နည်းလမ်းလေးတွေကို sharingလုပ်ပေးချင်ပါတယ်။
1.အတွေးတွေကို ပြောင်းလဲပါ?
Positive thinkingတွေပဲ အမြဲတွေးပေးပါ။“ငါမလုပ်နိုင်ဘူး၊ငါမအောင်မြင်နိုင်ဘူး" စတဲ့အတွေးတွေကို ဖျောက်ပြစ်လိုက်ပါ။အဲအစား positive affirmationလေးတွေပြောပေးပါ။“ငါလုပ်နိုင်တယ်၊ငါမှာ စွမ်းရည်ရှိတယ်"စတဲ့ အတွေးလေးတွေကို အခါခါပြောပါ။
2.ပတ်၀န်းကျင်ကို ပြောင်းလဲပါ??
ကိုယ့်ဟာကိုတော့ တွေးနေတာကောင်းနေပေမယ့် ပတ်၀န်းကျင်ကြောင့်negative attitudeတွေဖြစ်လာတာရှိတတ်ပါတယ်။အဲဒါကြောင့် negative attitudeရှိတဲ့သူတွေနဲ့ ဝေးရာနေပါ။positive attitudeရှိတဲ့ ပတ်၀န်းကျင်မှာ နေမယ်ဆို ကိုယ်ရဲ့အတွေးတွေကလည်း ကောင်းမွန်လာနိုင်ပါတယ်။
3.အတွေ့အကြုံအသစ်တွေကို အရယူပါ?
အစကပြောဖူးပါတယ်။attitudeတွေဟာ ပတ်၀န်းကျင်နဲ့ အတွေ့အကြုံတွေကြောင့်ဖြစ်လာရတယ်လို့။အဲဒါကြောင့် အတွေ့အကြုံသစ်တွေကို အရယူပြီး ကိုယ်ရဲ့attitudeကို ပြောင်းလိုက်လို့ရပါတယ်။အသစ်အဆန်းတွေက ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ မြင်ကွင်းတွေကို တိုးချဲ့စေပြီးAttitude တွေကို ကောင်းမွန်လာစေပါတယ်။
4.အကြံဉာဏ်တွေကို လေ့လာပါ??
စာအုပ်တွေထဲကဖြစ်ဖြစ်၊youtubeကဖြစ်ဖြစ်၊အခြားဘယ်နေရာကဖြစ်ဖြစ် အခြားသူတွေရဲ့ အကြံဉာဏ်တွေကိုလေ့လာကြည့်ပါ။ကိုယ့်နဲ့မတူတာတွေရှိမှာပဲ။အဲကနေမှ ကိုယ်အတွက် ကောင်းမွန်တဲ့attitudeတွေကိုရှာဖွေလာနိုင်ပါတယ်။
5.self awarenessရှိအောင်လုပ်ပါ?♀?
self awareness အတွက် နည်းလမ်းနှစ်ခုရှိပါတယ်။Self-Reflection: နေ့စဉ် စဉ်းစားမှုအချိန်ကို ထားပါ။ ကိုယ့်ရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေကို ပြန်လည် ဆန်းစစ်ပါ။
Journaling: ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ နောက်ပြီး ရည်မှန်းချက်တွေကို အမှတ်တရ ရေးသားပါ။
6.အကျင့်တွေကို ပြောင်းလဲပါ?
ချိုအတွက်တော့ ဒီအချက်က အခက်ခဲဆုံးပါပဲ။လွယ်တော့မလွယ်ပေမယ့် တဖြည်းဖြည်းချင်းကြိုးစားကြည့်ကြပါ။Positive behaviours ကို အလေ့အကျင့် ဖြစ်အောင် လေ့ကျင့်ပါ။ ဥပမာ - အချိန်မီရောက်တာ၊အခြားသူတွေကို ကူညီတာ၊ကိုယ့်အတွက် အကျိုးရှိမယ့် အရာတွေလုပ်ပေးခြင်းက ကိုယ်ရဲ့attitudeကို ကောင်းမွန်စေပါတယ်။
7.အောင်မြင်မှုတွေကို မှတ်သားထားပါ✨?
ကိုယ့်ရဲ့ အောင်မြင်မှု သေးသေးလေးတွေရော၊အကြီးကြီးတွေရောကို မှတ်သားထားပြီး ကိုယ့်ဟာကိုယ် ဂုဏ်ယူပါ။အဲလိုလုပ်ခြင်းက ကိုယ်ရဲ့ စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်မှုကို ဖြစ်စေပြီး positive attitudeတွေဖြစ်လာစေနိုင်ပါတယ်။
Positive attitudeရှိခြင်းက ချိုတို့အတွက်ရော၊ချိုတို့ပတ်၀န်းကျင်အတွက်ရောပါ အများကြီးသတ်ရောက်မှုရှိတဲ့အတွက် positive attitudeရှိအောင် ကြိုးစားကြပါစို့ရှင့်။
16.6.2024?
#SandiCho
#photo_crd
#Attitude
Keep Reading