Author's Profile Photo

Lunar

15/06/2024

ကလေးတွေကိုသင်ပေးရမည့်အချက်(၅)ချက်

1 min read
Life Style
Personal Development
General Knowledge
ကလေးတွေကိုသင်ပေးရမည့်အချက်(၅)ချက်'s photo

ကလေးအရွယ်ဟာ အရာရာကိုစူးစမ်းဖို့တက်ကြွနေတဲ့အရွယ်ပဲဖြစ်ပါတယ်။ကျွန်မလည်းကလေးတွေကိုချစ်တတ်ပါတယ်။အရမ်းဂျီကျပြီးအမြဲငိုနေတဲ့ကလေးတွေကိုတော့ကြည့်မရပါဘူး။အခုကတော့ ကလေးတွေကိုသင်ပေးသင့်တဲ့ အချက် ၅ ချက်ကိုမျှဝေပေးသွားမှာပါ။
၁။ယဥ်ကျေးတဲ့စကားအသုံးအနှုန်းတွေသုံးဖို့
တွေ့ဖူးတဲ့ကလေးတွေရှိပါတယ်။အသက်၃၊၄နှစ်နဲ့ဆဲနေပါပြီး။မိဘတွေက အဲ့ဒါကိုချစ်ဖို့ကောင်းတယ်လို့ထင်နေတာ။ဒါကအကျင့်ပါသွားနိုင်တယ်။ငယ်တုန်းမသင်ဘဲ ကြီးလာရင်သင်ရခက်မယ်။ဒါကြောင့် ငယ်ငယ်ကတည်းက ကလေးတွေကို အဲ့လိုစကားမပြောအောင်သွန်သင်ပေးပါ။လူကြီးမိဘများလည်း ကလေးတွေရှေ့မှာ မပြောသင့်တဲ့အသုံးအနှုန်းတွေကိုရှောင်ပါ။
၂။ကိုယ်ချင်းစာစိတ်ရှိရန်
ကလေးတွေကို ငယ်ကတည်း သတ္တဝါလေးတွေပေါ်ချစ်တတ်ရန်၊ မိမိမကြိုက်တာမလုပ်စေချင်ရင် သူများမကြိုက်တာလည်းမလုပ်ဖို့ သွန်သင်ပေးပါ။
၃။သူတစ်ပါးအပေါ်လေးစားတတ်ရန်
ကလေးတွေကိုသူတစ်ပါးအပေါ်လေးစားရန်လည်းသင်ပေးဖို့လိုအပ်ပါတယ်။သူတစ်ပါးအမြင်၊သူတစ်ပါး၏အတွေးအခေါ်တွေကိုနားလည်နိုင်မှ လူအများနဲ့နေရတာ ပျော်ရွှင်လာမှာပါ။
၄။ကိုယ့်ကိုယ်ကိုယ်အားကိုးတတ်ဖို့
ကလေးတွေကို ထမင်းကိုကိုယ်တိုင်စားခိုင်းတာ၊သူတို့စားပြီးတဲ့ ပန်းကန်ကိုသူတို့ကို ကိုယ်တိုင်ပေးဆေးလိုက်ပါ။ဒီလိုအသေးအမွှားလေးတွေကိုပေးလုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး ကိုယ့်အားကိုယ်ကိုးလာနိုင်မှာပါ။
၅။မုဒိတာစိတ်ရှိရန်
အချို့ကလေးတွေရှိပါတယ်။သူများကောင်းတယ် ဆိုရင်မကြိုက်ဘူး။ကလေးဆိုတော့ ဘာမှမသိဘူးပေါ့။ဒါကြောင့်လူကြိးမိဘတွေက ကလေးတွေရဲ့ဖြူစင်တဲ့စိတ်ကို အတ္တတွေ၊မာနတွေမဖုံးစေရင် သင်ကြားပေးကြပါ။
#ချစ်ခြင်းမေတ္တာဖြင့်

Keep Reading

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း