Leo(Nann)❤️
မြန်မာ့ဓလေ့ထုံးတမ်းအစဥ်အလာတွင်
တောဓလေ့ထမင်းဝိုင်းသည် မပါမဖြစ်ပင်။
တောဓလေ့ဟုဆိုလိုက်သည်နှင့် ဟန်ဆောင်မှုကင်းသော အရိုးခံဓလေ့စရိုက်ကိုပြေးမြင်ကြရသည်။
ရှေးမြန်မာများလက်ထက်ကတည်းကပင်
အညာဒေသများ၌ သူသူငါငါ ဝိုင်းဖွဲ့စားသောက်တတ်ကြသောဓလေ့တစ်ခုရှိခဲ့၏။ဤသည်မှာ မြန်မာတို့၏ချစ်စဖွယ်
အလေ့အထတစ်ခုပင်။ယခုခေတ်အခါတွင်
လူတို့သည် ပန်းကန်၊ဇွန်း၊ခက်ရင်း
အစရှိသဖြင့်တသီးတသန့်စားသောက်လာကြပြီဖြစ်သည်။သို့သော် ပကာသနကင်းသော
ပျော်ရွှင်ဖွယ်ထမင်းဝိုင်းတို့က ခေတ်တစ်ခေတ်၏ သမိုင်းတွင် အတန်နေရာယူထားခဲ့ကြပါ၏။
အငွေ့တထောင်းထောင်းထနေသောထမင်းပူပူကို တောဟင်းများဖြင့် မြိန်ရေယှက်ရေ စားသောက်တတ်ကြသောတောသူတောင်သားတို့၏ဓလေ့မှာ စိတ်ဝင်စားဖွယ်ပင်။တောဟင်းဟုဆိုရာတွင် စျေးကြီးပေးရသောအသားငါးများမဟုတ်။
ကြက်သား၊ဝက်သားကဲ့သို့ ဟင်းကောင်းဟင်းမွန်တို့ကိုဂရုစိုက်မနေဘဲ
ငရုတ်သီးနိုင်းချဥ်းပါသောချဥ်ပေါင်နီစပ်ချက်ဟင်းနှင့်လယ်ထဲမှရသောဂဏန်းတို့ကိုရောပြွန်း၍လည်းကောင်း၊မျှစ်ကလေးများ၊မှိုကလေးများဖြင့်လည်းကောင်း၊ငပိရည်နှင့်ကန်စွန်းရွက်ရေလုံပြုတ်တို့ကိုလည်းကောင်းနှစ်ခြိုက်စွာစားသုံးတတ်ကြသည်။ဟင်းရွက်ဆိုးကောင်းသောင်းပြောင်းချက်ထားသောဟင်းချိုတို့လည်းပါတတ်သည်။
တောသူတောင်သားတို့က
ဟင်းဟူ၍မရှိလျှင်နေစေ၊ငပိဖုတ်နှင့် ငရုတ်သီးထောင်းပါလျှင်စား၍မြန်သည်ဟု
ပြောလေ့ရှိကြသည်။
ရှေးခေတ်အခါက ပန်းကန်ခွက်ယောက်ဟူ၍အထွေအထူးမရှိ။နှီးဒေါင်းလန်းကြီးတွင်
ထမင်းနှင့်ဟင်းတိုကိုပုံကာရောပြွန်းစားသောက်ခဲ့ကြသည်။ဇွန်း၊ခက်ရင်း ဘာဘာညာညာတို့အား ဂရုစိုက်မနေကြ။လက်ချောင်းများဖြင့်ပင်နယ်၍စားတတ်ကြ၏။
ထမင်းဝိုင်းတွင်လူမစုံသေးလျှင် စောင့်နေပေးတတ်သောအလေ့အထမှာလည်းချစ်စဖွယ်ပင်။သို့ရာတွင် အညာမိသားစုဝင်တို့၏စုစုစည်းစည်းနေတတ်သောစရိုက်သဘာဝကိုမျက်ဝါးဝါးထင်ထင်တွေ့မြင်ကြရ၏။
ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင်မည်သည့်နေရာတွင်မျှ
မတွေ့ရနိုင်သော ရိုးရာဓလေ့ကိုပိုင်ဆိုင်ထားသည်။၎င်းမှာယဥ်ကျေးသောထမင်းဝိုင်းဓလေ့စရိုက်ဖြစ်ပေ၏။
ဉပမာပြရလျှင်
မြန်မာ့ထမင်းဝိုင်းတွင် ကြီးသူကိုဦးချပြီးမှငယ်သူများစားရသောယဥ်ကျေးမှု၊ထမင်းစားနေစဥ်တွင် စကားမပြောရသောယဥ်ကျေးမှု၊ဧည့်သည်တို့ကိုထမင်းဖိတ်ကျွေးခဲ့သည်ရှိသော်ဘေးမှယပ်ခတ်ပေးသောဧည့်ဝတ်ပျူငှာမှုအစရှိသဖြင့်။
တောဓလေ့ထမင်းဝိုင်းသည်ဟန်ဆောင်မှုကင်းသည်။ဖြူစင်သည်။ပါးကွက်ကြားနှင့်လုံမပျိုကလေးများကလည်းမရှက်တမ်း၊ကလေးသူငယ်ကလေးများကလည်း အားရပါးရ၊လူကြီးသူမများကလည်းမြိန်မြိန်ယှက်ယှက်နှင့်အတူတကွစားကြသောက်ကြလေသည်။
မိသားစုဝင်များသော ထမင်းဝိုင်းတွင်မူ
တစ်ဦး၏ဒူးပေါ်တစ်ဦးထပ်၍ဘေးချင်း
ယှဥ်လျက် နေရာပေးကာ လွှေးကြလေ၏။
ဤသည်ကပင်ပျော်စရာဖြစ်နေသည်လောမဆိုတတ်။နှီးဒေါင်းလန်းကြီးဖြင့်စားသောက်ရသည်ကလည်းအားရစရာ။မြို့သူမြို့သားတို့အဖို့
ထိုအခွင့်အရေးမျိုးကြုံဖူးမည်မဟုတ်။မြို့ပြသားတို့အတွက်မူ အဆန်းတကျယ်ဖြစ်နေပါလိမ့်မည်။အရိုးခံတောဓလေ့၏အဆီအနှစ်ကိုမြင်ဖူး၊တွေ့ဖူး၊ခံစားဖူးသူတိုင်းနှစ်သက်ကြပေလိမ့်မည်။
အညာထမင်းဝိုင်းသည် သဘာဝအလှစစ်တစ်ခုဟုဆိုလျှင်လည်းမမှားနိုင်ချေ။
အစဥ်အဆက်ထိန်းသိမ်းအပ်သောအမွေအနှစ်လည်းဖြစ်ပါ၏။
ဝန်ကြီးပဒေသရာဇာ ရေးသားသောတျာချင်းများတွင်
တောဓလေ့ အစားအသောက်နှင့်
အညာထမင်းဝိုင်းတို့၏အားရစရာကောင်းပုံများကိုကျေနပ်ဖွယ်တွေ့ရှိရသည်။
ယခုခေတ်အခါတွင် အချို့ဒေသများ၌
လက်စုံစားတောထမင်းဝိုင်းတို့က
ပျောက်ကွယ်လုလုရှိနေပြီဖြစ်သည်။
တိုင်းပြည်၏အစဥ်အလာတစ်ရပ်ပျောက်ကွယ်သွားမည်ဆိုပါက ထိုတိုင်းပြည်၏အဖိုးတန်ရတနာတစ်ပါးဆုံးရှုံးရသည်နှင့်အတူတူပင်။ထို့ကြောင့်ဓလေ့စရိုက်ကောင်းတို့ကိုဆက်လက်ထိန်းသိမ်းသွားကြရန်လိုအပ်ပါသည်။
#Leo
#Sarphat
(15.6.2024)
စာတိုကလေးများဖတ်ရှုရန်
?https://t.me/+y3BSdjLXIcw0MjBl
Keep Reading