SarPhat Author
'အပြောင်းအလဲ'ဆိုတဲ့စကားရပ်မှာ ကဏ္ဍတွေအများကြီးရှိတယ် ဆိုပေမယ့် လုပ်ငန်းခွင်သစ်တစ်ခုကို စတင်ဝင်ရောက်ရမှာ ကြောက်တဲ့စိတ်ကိုပဲ ဦးတည်ပြောပြချင်တာပါ?
လူတိုင်းဟာ ကိုယ်နဲ့မရင်းနှီးတဲ့ ပတ်ဝန်းကျင်၊အလုပ်၊သူစိမ်း စတာတွေနဲ့ပတ်သတ်ရတော့မယ်ဆိုရင် အနည်းနဲ့အများ စိတ်လှုပ်ရှားတာ မထူးဆန်းပါဘူး?
?ကျွန်တော် ဒီစာကိုရေးပြီးတဲ့ နောက်တစ်နေ့မနက်ရောက်ရင် အလုပ်သစ်ကို စတင်ဝင်ရောက်ရမှာပါ။
ဒီအလုပ်မတိုင်ခင် တခြားအလုပ်တွေလဲအတန်အသင့် လုပ်ခဲ့ဖူးတာမို့ တအားစိတ်လှုပ်ရှားတာမျိုး၊ကြောက်ရွံ့တာမျိုး၊စိုးရိမ်တာမျိုး မရှိပါဘူး။ဒါပေမယ့် ညနေစောင်းလာချိန်ကစလို့ ခုလိုညဘက်ရောက်လာချိန်မှာ နည်းနည်း တုန်လှုပ်စပြုလာပါတယ်။
? 'လုပ်ငန်းသစ်'က ကျွန်တော်တစ်ခါမှ မလုပ်ဖူးတဲ့အလုပ်ဖြစ်တာ တစ်ကြောင်း၊ပြီးတော့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရတော့မှာကတစ်ကြောင်းနဲ့ မသိစိတ်က 'အဆင်ပြေမှပြေပါ့မလား?'ဆိုပြီး မနက်မိုးလင်းလာမှာကို နည်းနည်းကြောက်နေပါတယ်။
?ဒါမျိုးတွေ့ကြုံရပြီဆိုရင် 'ကြောက်စိတ်'ကိုလျစ်လျူရှုပြီး ကျွန်တော်တို့သိကိုသိထားရမှာက 'အပြောင်းအလဲသစ်တွေက ဘဝတစ်လျှောက်လုံးမှာ အနည်းနဲ့အများ လူတိုင်းတွေ့ကြုံကြရမယ့်အရာပါ'
ရှောင်ပြေးနေလဲအပိုပဲ။ထိပ်တိုက်ရင်ဆိုင်ရရင်လဲ ကြိုပူပန်စိုးရိမ်နေတာ အလကားပါပဲ။
လတ်တလောခံစားနေရတဲ့ 'ကြောက်စိတ်'က နောင်တစ်ချိန်မှာ တကူးတက ပြန်တောင့်တရမယ့် 'တန်ဖိုးရှိတဲ့ ရှားပါးတဲ့ ခံစားချက်တွေ'ဆိုတာ မလွဲမသွေပါပဲ✔✔
?လူငယ်ဘဝမှာတွေ့ကြုံရတာဆိုရင် ပိုလို့တောင် ဂုဏ်ယူစရာပါ။တချို့သောသူတွေ ဒီလိုခံစားချက်မျိုးရဖို့ အသဲအသန်အလုပ်ရှာနေကြရချိန်မှာ ကိုယ်ကဒီခံစားချက်ကို တွေ့ကြုံနေရပြီဆိုရင် ဘယ်လောက်တောင်မှကံကောင်းလိုက်လေခြင်းလဲ?
ဒီတော့ "အပြောင်းအလဲသစ်တွေကို မကြောက်ရွံ့ပါနဲ့" လို့တော့မပြောလိုပါဘူး။ကြောက်စိတ်က ထိန်းချုပ်လို့ရတဲ့အရာမျိုး မဟုတ်တာကြောင့်ပါ။ဒါပေမယ့် 'တန်ဖိုးရှိတဲ့ခံစားချက်'ဆိုတာတော့ ကိုယ်တိုင်သိထားရပါမယ်။ဒါမှ ဒီလိုကြောက်စိတ်တွေကနေ ထွက်ပြေးဖို့မကြိုးစားပဲ နေပျော်လာမှာပါ...?
ကျွန်တော့်အတွက်ကတော့
အလုပ်သစ်စလုပ်ရတော့မှာမလို့ ဖြစ်လာတဲ့စိုးရိမ်မှုကြောက်စိတ်တွေထက် အလုပ်မရှိတဲ့အဓိပ္ပါယ်မဲ့နေ့ရက်တွေက ပိုပြီးကြောက်စရာကောင်းပါတယ်။?
ဒါကြောင့် ဒီလိုကြောက်စိတ်ကြောင့် နေမထိထိုင်မသာဖြစ်နေတဲ့ ညချမ်းက တစ်ချိန်မှာကျွန်တော့်အတွက် 'ဂန္ဓဝင်ည'လေးတစ်ခု ဖြစ်လာမှာအသေအချာပါ......?
✍Nwe Ni Maung
✍27/4/2024
Keep Reading