သစ်တိုင်းမွှေး
ကျွန်တော်ဟာ အသွေးအသားနဲ့ တည်ဆောက်ထားသည်အတွက် ဆေးဖြစ်ဝါးဖြစ်တော့ ချစ်တက်ပါတယ်။ သူငယ်ချင်းတို့ရော ချစ်တက်ကြပါသလား။မဆိုင်းမတွ ခေါင်းညိမ့်နေမဲ့ သူငယ်ချင်းတို့ကို ကျွန်တော်မြင်ယောင်နေပါပြီ။သူငယ်ချင်းတို့ဟာ ချစ်တက်ကြပြီ ကိုယ်မိဘ၊မောင်နှမ၊သူငယ်ချင်း ဒါမှမဟုတ် Favourite personတစ်ယောက်ပေါ့ ။ဒါဆို သူငယ်ချင်းတို့က ချစ်တက်ပြီ ချစ်ဖူးပြီဆို ပြန်မေးကြည့်ပါ။ သူငယ်ချင်းတို့ချစ်တဲ့အထဲ သူငယ်ချင်းတို့ ကိုယ်တိုင်ပါနေရဲ့လား။
................................
ဆိုရှယ်မီဒီယာတွေ တိုးတက်နေတဲ့အလျှောက် ကျွန်တော်ဟာလဲ ဆိုရှယ်မိဒီယာ သုံးဖြစ်ခဲ့ပါတယ်။ဒီမှာ ဘာသွားတွေ့သလဲဆို telegram groupတစ်ခုပေါ့။အဲ့ထဲမှာ ပြောကြဆွေးနွေးကြတာ စုံလို့စုံလို့။သို့ပေသိ အဲ့က ဆွေးနွေးထားတာ အများစုက သူများတွေဘာတွေ ဘယ်လောက်တော်တယ်၊ဘယ်skillတွေက ထူးချွန်ဆိုပြီး ပြောထားတာတွေကို ကျွန်တော်ဆိုရင် ဒီလောက်ရမှာမဟုတ်ဘူး တော်လိုက်တာလို့ ချီးမွမ်းတဲ့စာတွေပေါ့နော်။ ကြားထဲ ကျွန်တော့်အမှားပါ၊ကျွန်တော်အညံ့ဆုံးပါ၊ ဆိုတာတွေပါ ရှိပါတယ်။
ပထမဆုံးပြောချင်တာ ကျွန်တော်ဆိုရင် ဒီလောက်ရမှာမဟုတ်ဘူး။ သူငယ်ချင်းတို့ရေ သူငယ်ချင်းတို့က ကြိုးတောင်မကြိုးစားကြည့်ပဲ့နဲ့ မလုပ်နိုင်ဘူးဆိုပြီး ပြောနိုင်ရအောင် သူငယ်ချင်းတို့က ဗေဒင်ဆရာ မဟုတ်မှန်း သတိကပ်စေချင်ပါရဲ့။ပြီးတော့ ဘယ်သူမှလဲ အထူးတလဲတော်နေတာမျိုးမရှိပါဘူးနော်။သူငယ်ချင်းတို့က ဟိုgroupဝင် ဒီgroupထွက် ညည်းနေတဲ့အချိန် သူအများတွေက ကြိုးစားခဲ့လို့ ဒီလိုတော်တာတွေ ထူးချွန်တာတွေ ဖြစ်လာရတာပါ။ ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ ကိုယ်ကိုကိုယ်ချစ်ပေးကြပါ။ ကျွန်တော်တို့ဟာ အသက်၈၀အထိနေရရင်တောင် ရက်၃သောင်းမျှသာအသက်ရှင်နိုင်မှာပါ။ဘဝဟာတိုတိုလေး၊အဲ့အခြေအနေမှာ ကျွန်တော်တို့သာ ကိုယ်ကိုကိုယ်မချစ် ၊အချိန်တိုင်း သူများနဲ့ လိုက်ပြီး ယှဉ် ညည်းနေမဲ့အစား ကိုယ်ကိုကိုယ်ချစ်ပါ၊ပြီးရင်တော့ဖြင့် ကိုယ်ရဲ့ ပြိုင်ဘက်ဟာ မနေ့တုန်းက ကိုယ်လို့တွေးပြီး ကိုယ်ရဲ့goal ကို တစ်ဖြေးဖြေးလျှောက်လှမ်းပါ သူငယ်ချင်းတို့ရေ။မရောက်သောခရီးဆိုတာ မလျှောက်မှသာရှိတာပါ။
ကျွန်တော့်အမှားပါ၊ကျွန်တော်အညံဆုံးပါ၊
ဒီကသူငယ်ချင်းတွေကိုပြောချင်တာက လူတိုင်းအမှားနဲ့မကင်းတဲ့အပြင် အားလုံးမှာတော်တဲ့ နေရာတွေရှိပါတယ်။
သူငယ်ချင်းတို့ကို ကြည်ရင်း ကျွန်တော်ရဲ့ ငယ်ဘဝကို သတိရမိသွားတယ်။၆တန်းလောက်တုန်းကပေါ့။ပုသိမ်ထီးဆိုတဲ့ သင်ခန်းစာကို ကျွန်တော်တို့ရဲ့ ဆရာမက ပုသိမ်ထီးပုံလေးဆွဲခိုင်းတယ်။ကျွန်တော်က စက်ဝိုင်းလေးနဲ့ သေသေချာချာဆွဲထားတဲ့အပြင် ကနုတ်တွေပါ သေချာဖော်တာပေါ့။ဘေးက သူငယ်ချင်းတွေကိုလဲ ကျွန်တော်မေးပါတယ်။"ငါပုံကြီးက နင်ပုံလို မလှဘူးနော်"ဆိုပြီးတော့ပေါ့ သူငယ်ချင်းတွေကလဲ "ဟယ်လှပါတယ်"ဘာညာနဲ့ အားပေးကြတာပေါ့။သူငယ်ချင်းတစ်ယောက်ကိုလဲ သွားမေးလိုက်ပါတယ်။သူကပြောတယ်"ဟုတ်ပ မလှဘူး။ငါပုံသာ အလှဆုံးပဲ"တဲ့။ကျွန်တော် သူပုံကို ကြည့်လိုက်ပါတယ်။လက်နဲ့ဝိုင်းထားလို့ မလှနေတဲ့ စက်ဝိုင်းတွေရယ်၊ကနုတ်တွေ ဖြစ်သလိုဆွဲထားတာတွေရယ်။ဘယ်လိုမှ ကြည့်လို့မပျော်ပါဘူးနော်။ဒါမဲ့သူဆက်ပြောတယ်။"ငါမှ လှတယ်မပြောရင် ဘယ်သူက လှတယ်ပြောမှာလဲ"တဲ့။
ဒီတစ်ခါမှာတော့ ကျွန်တော်ကလဲ သူငယ်ချင်းတို့ကို ပြောချင်ပါတယ်၊သူငယ်ချင်းတို့မှ တော်တယ်လို့မပြောရင် ဘယ်သူက သူငယ်ချင်းတို့ကို ပြောမှာလဲ။သူငယ်ချင်းတို့အတွက်တောင် သူငယ်ချင်းတို့ကမရပ်တည်ပေးရင် ဘယ်သူအတွက် ရပ်တည်ပေးနိုင်မယ်လို့ထင်သလဲဗျာ။ကိုယ်အတွက် ကိုယ်ရှိပေးနိုင်မှာ ကိုယ်ချစ်ရသော သူတို့အတွက် ကိုယ်ရှိနိုင်မှာပါ သူငယ်ချင်း။
ဒီတွေအပြင် ပြောချင်တာလေးလဲရှိပါတယ်။သူငယ်ချင်းတို့က ကိုယ်ကိုကိုယ်ချစ်တက်တယ်။နှိမ့်ချတဲ့ သဘောကို နှလုံးသွင်းပြီးပြောတာဆို သူငယ်ချင်းတို့က ကိုယ်ကိုကိုယ်ချစ်တာထက် နှစ်တာနဲမတူဘူးလားကွယ်။ပြောရမယ်ဆို စကားနောက်တရားပါတက်ပါတယ်နော် သူငယ်ချင်းတို့။ဒီလိုစကားတွေ ပြောပါများရင် ငါကတော့ ဒီမှာမတော်ပါဘူးဆိုပြီး ကံကြမ္မာက အချိန်သင့်အခါသင့်ပေးလာတဲ့ အခွင့်ရေးတွေကို လက်လွှတ်မိသလို့ ဖြစ်သွားနိုင်ပါတယ်။ဒါအပြင် သူငယ်ချင်းတို့ရဲ့ သတ္တိအစား၊အတွေးကောင်းတွေးအစား၊အရည်အချင်းတွေအစား၊ရဲဝင့်မှုတွေအစား ငါမတော်ဘူး၊ငါအမှားတွေလုပ်မိလိုက်မယ်ဆိုတဲ့ အတွေးတွေသာ နေရာယူသွားပါလိမ့်မယ်သူငယ်ချင်းတို့ရေ။ဆိုတော့ ဘာဆက်ဖြစ်မလဲဆိုကိုယ်ရဲ့ ယုံကြည့်ရာတွေပျောက်သွားသလို ပန်းတိုင်ကလဲ ဝေဝါးသွားနိုင်သလို၊မိမိကိုယ်ကို ယုံကြည်မှုလဲ ပျောက်သွားနိုင်တယ်မဟုတ်လား ဒါဆိုရင်တော့ဖြင့် ဒီဟာက သူငယ်ချင်းလေးက ကိုယ်ကိုကိုယ် ချစ်နေတာနဲ့ မတူပဲ နှစ်နေတာနဲ့ သွားတူပြီ။ချစ်နေတာက မိမိကိုယ်ကိုကိုယ် အားပေးသလို၊ယုံကြည့်သလို နှစ်တာကတော့ ထွက်မရတဲ့ ရေအိုင်ထဲလို အထီးကျန်စွာပဲ ရှိနေမှာပါ။
ကိုယ်ကိုကိုယ်ချစ်တာဟာ ကိုယ်ဘဝကိုယ် ကောင်းမွန်သေသပ်စွာတည်ဆောက်နိုင်သည့် အပြင်အခြားသော အကျိုးကျေးဇူးတွေလဲ ရှိပါတယ်။ဒါကြောင့်ကိုယ်ကိုကိုယ်ချစ်ပါ။သို့သော် မနှစ်ပါနှင့်။ ။
ချစ်သော
သစ်တိုင်းမွှေး
Keep Reading